How To

တရုတ်နိုင်ငံတွင် မီးခိုးမဲ့ ရေစွန့်ထုတ်သည့် ဟိုက်ဒရိုဂျင် ရထားစက်ခေါင်းအင်ဂျင် စတင် ထုတ်လုပ်

တရုတ်နိုင်ငံတွင် မီးခိုးမဲ့ ရေစွန့်ထုတ်သည့် ဟိုက်ဒရိုဂျင်  ရထားစက်ခေါင်းအင်ဂျင် စတင် ထုတ်လုပ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် စွမ်းအားအပြင်းဆုံး ဟိုက်ဒရိုဂျင်သုံး ရထားစက်ခေါင်းကို ထုတ်လုပ်လိုက်သည်။  လက်ရှိသုံးစွဲနေသော ရထားစက်ခေါင်း ဒီဇယ်အင်ဂျင်များကို ဟိုက်ဒရိုဂျင် အင်ဂျင်အဖြစ်သို့ ပြောင်းလဲသုံးစွဲနိုင်မည့် အလားအလာကောင်းများ ရှိနေသည်။ 

.

 “Ningdong" ဟု အမည်ပေးထားသော ဟိုက်ဒရိုဂျင်သုံး ရထားစက်ခေါင်းသည် ယခင်က ဒီဇယ်အင်ဂျင်ကို ဟိုက်ဒရိုဂျင် အင်ဂျင်အဖြစ်သို့ ပြောင်းလဲပေးထားခြင်း ဖြစ်သည်။ 

နိုင်ငံပိုင် လုပ်ငန်းကြီး  China Railway Rolling Stock Corporation (CRRC) ၏ လက်အောက်ခံ CRRC Datong  မှ ထုတ်လုပ်သည်။ 

.

CRRC Datong ၏ လက်ထောက်အထွေထွေမန်နေဂျာနှင့် အင်ဂျင်နီယာချုပ် Liang Zhenzhong က ဟိုက်ဒရိုဂျင်စွမ်းအင်သုံး စက်ခေါင်းသည် နာရီပေါင်း ၁၉၀ အထိ အဆက်မပြတ် ခုတ်မောင်းနိုင်ကြောင်း ပြောကြားသည်။

.

Liang မှ အစိုးရပိုင် Science and Technology Daily  မီဒီယာသို့ ပြောကြားရာတွင် စက်ခေါင်းတွင် ဟိုက်ဒရိုဂျင် သိုလှောင်မှုစနစ် ပါရှိပြီး နှစ်နာရီအတွင်း ဆီဖြည့်နိုင်ပြီး ခုတ်မောင်းရန် စရိတ်သက်သာကြောင်း ပြောကြားသည်။

.

“ဟိုက်ဒရိုဂျင်က သန့်ရှင်းတယ်။ လေထုညစ်ညမ်းမှု မရှိဘူး။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လည်း ဖြစ်ပါတယ်။ ဟိုက်ဒရိုဂျင် စွမ်းအင်သုံး စက်ခေါင်းရဲ့ လည်ပတ်မှုကုန်ကျစရိတ်မှာ ဒီဇယ်အင်ဂျင်ထက် ထက်ဝက်မက သက်သာပါတယ်" ဟု ၎င်းက ပြောကြားသည်။ 

 

photo_2023-06-25_11-40-25.jpg

.

တရုတ်နိုင်ငံတွင် ဓီဇယ်စက်ခေါင်းပေါင်း ၇,၈၀၀ ကျော် သုံးစွဲလျက် ရှိသည်။  သုံးစွဲလျက် ရှိသော ရထားစက်ခေါင်း စုစုပေါင်း၏ ၃၆% သည် ဒီဇယ်စက်ခေါင်းများ ဖြစ်သည်။ ၎င်းဒီဇယ်စက်ခေါင်းများကို ဟိုက်ဓရိုဂျင်စက်ခေါင်းအဖြ်သို့ ရောက်အောင် ပြောင်းလဲပေးသွားရန် အစီအစဉ် ရေးဆွဲထားသည်။ ၉၀%  ကျော်အထိ ပြောင်းလဲပေးနိုင်မည်ဟု ရည်မှန်းထားသည်။ 

.

ဟိုက်ဒရိုဂျင်သည် ရုပ်ကြွင်းလောင်စာများနှင့် မတူဘဲ ပတ်ဝန်းကျင် ထိခိုက်စေသော ဖန်လုံအိမ်ဓာတ်ငွေ့များ မထုတ်လွှတ်ချေ။ ဟိုက်ဒရိုဂျင်အင်ဂျင်သည် အပူနှင့် ရေတို့ကိုသာ ထုတ်လုပ်သည်။ 

.

ဟိုက်ဒရိုဂျင်စက်ခေါင်းသည် လောင်စာဆဲလ်အတွင်း အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင်ဓာတ်ပြုကာ ရေခိုးရေငွေ့နှင့် လျှပ်စစ်ဓာတ်ကို ထုတ်ပေးသည်။

လောင်စာဆဲလ်များနှင့် ဟိုက်ဒရိုဂျင်လှောင်ကန်များကို ရထားခေါင်မိုးပေါ်တွင် တပ်ဆင်လေ့ရှိသည်။

.

ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံး လူစီးရထားသည် ၂၀၁၈ ခုနှစ်တွင် ဂျာမနီမှာ စီးပွားဖြစ် ပြေးဆွဲသည် ဝန်ဆောင်မှုများ စတင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ ဥရောပ ရှစ်နိုင်ငံ၌ ကီလိုမီတာ ၂၂၀,၀၀၀(မိုင် ၁၃၆.၇၀၀) ကျော် ခရီးနှင်ထားပြီး ဖြစ်ကြောင်း ၎င်းရထားထုတ်လုပ်သူ ပြင်သစ်ရထားထုတ်လုပ်ရေးလုပ်ငန်း Alstom မှ ပြောကြားသည်။

တရုတ်နိုင်ငံသည် ဟိုက်ဒရိုဂျင် ပါဝါသုံး မော်တော်ယာဉ်များ ထုတ်လုပ်သုံးစွဲရန်အတွက်လည်း ရည်မှန်းချက် ထားရှိသည်။ ၂၀၂၅ တွင် လမ်းများပေါ်မှာ ဟိုက်ဒရိုဂျင် ပါဝါသုံး မော်တော်ယာဉ်များ  အစီးရေ အနည်းဆုံး ငါးသောင်း ရှိရန် ရည်မှန်းထားသည်။ 

 Source SCMP

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)