ခရီးသည်တင်လေယာဉ်များကို ကုန်တင်လေယာဉ်အဖြစ် ပြောင်းလဲသုံးစွဲ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
၂၀၂၁ ခရစ္စမတ် မတိုင်မီတွင် လေကြောင်းမှ ကုန်ပစ္စည်းများ တင်ပို့သည့် စျေးနှုန်းသည် စံချိန်တင် ခုန်တက်သွားခဲ့သည်။
.
e-commerce မှာကြားဝယ်ယူခြင်းများ များပြားသဖြင့် လေကြောင်းဖြင့် ပေးပို့ရသည့် ကုန်ပစ္စည်း ပမာဏ များပြားခြင်း၊ ကွန်တိန်နာသင်္ဘောများ ဆိပ်ကမ်းများတွင် ကျပ်ဆို့နေခြင်း၊ ခရီးသည်တင် လေယာဉ်များ မပျံသန်းကြသဖြင့် ၎င်းလေယာဉ်များ၏ ဝမ်းဗိုက်ကုန်သည်ခန်းဖြင့် လေကြောင်းကုန်စည် သယ်ဆောင်မှု လျော့ကျခြင်း စသည့် အကြောင်းတရားများ ပေါင်းဆုံသဖြင့် လေကြောင်းကုန်စည် ပို့ဆောင်မှု နှုန်းထားများ ခုန်တက်သွားသည်။
.
ကိုဗစ်ကြောင့် ခရီးသည်တင်လေယာဉ်များ ရပ်နားထားရချိန် ခရီးသည်တင်လေယာဉ်ကို ကုန်တင်လေယာဉ်အဖြစ် ပြေးဆွဲလျှင် တွက်ေြခကိုက်သဖြင့် ခရီးသည်တင်လေယာဉ်များကို ကုန်တင်သယ်ယူနိုင်သော လေယာဉ်အဖြစ်သို့ ပြောင်းလဲကြသည်။
ယမန်နှစ်က ခရီးသည်တင်လေယာဉ် ၁၆၄ စင်းကို ကုန်တင်လေယာဉ်များအဖြစ်သို့ စံချိန်တင် ပြောင်းလဲခဲ့ကြောင်း လေကြောင်းဒေတာကုမ္ပဏီ Cirium မှ ပြောကြားခဲ့သည်။
ခရီးသည်လေယာဉ်များ ပြန်လည်ပြေးဆွဲကြသောအခါ ၎င်းလေယာဉ်များ၏ ဝမ်းဗိုက်ကုန်စည်ခန်းထဲ ကုန်စည်များ တင်ဆောင်ပြီး သယ်ယူကြသဖြင့် လေကြောင်းကုန်စည် ပို့ဆောင်ပေးနိုင်သည့် ပမာဏ သိသိသာသာ မြင့်တက်သွားသည်။ သို့ဖြစ်ရာ လေကြောင်း ကုန်စည်ပို့ဆောင်ခနှုန်းထားများ ကျဆင်းလာခဲ့သည်။
ခရီးသည်တင်လေယာဉ်ကို ကုန်တင်လေယာဉ် အဖြစ်သို့ ပြောင်းလဲထားသည့် ကုန်တင်လေယာဉ်များလည်း ပြေးဆွဲကြသဖြင့် လေကြောင်းကုန်စည် ပို့ဆောင်ပေးနိုင်သည့် ပမာဏ သိသိသာသာ ထပ်တိုးသွားသည်။
သို့ဖြစ်ရာ လေကြောင်းကုန်စည် ပို့ဆောင်ခနှုန်းထားများ ဆက်လက်ကျဆင်းသည်။
ထိုသို့ လေကြောင်းကုန်စည် ပို့ဆောင်ခနှုန်းထားများ နိမ့်ကျနေပြီ ဖြစ်သော်လည်း ခရီးသည်တင်လေယာဉ်ကို ကုန်တင်လေယာဉ် အဖြစ်သို့ ပြောင်းလဲခြင်းများ ဆက်ရှိနေဆဲ ဖြစ်သည်။
ခရီးသည်တင်လေယာဉ်ကို ကုန်တင်လေယာဉ် အဖြစ်သို့ ပြောင်းလဲသည့်အခါ ထိုင်ခုံများ ဖယ်ရှားရသည်။
ကုန်စည် ဝန်အလေးချိန် ခံနိုင်ရန် ကြမ်းခင်းများကို အားဖြည့်ရသည်။
တံခါးပေါက်ကို ကုန်တင်ဖို့ ကျယ်ကျယ်ဝန်းဝန်း ဖြစ်အောင် ချဲ့ပေးရသည်။
ခရီးသည်တင်လေယာဉ်ကို ကုန်တင်လေယာဉ် အဖြစ်သို့ ပြောင်းလဲသည့် လုပ်ငန်းစဉ်သည် လနှင့်ချီ ကြာသည်။ ကုန်ကျစရိတ်မှာ လေယာဉ်တစ်စီလျှင် ကန်ဒေါ်လာ သန်း ၃၀ ဝန်းကျင် ရှိသည်။
Source CNBC
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U