သင်္ဘောသားများ သင်္ဘောတက်ရဖို့ ဒေါ်လာ ၅၀ မှ ၇၅၀၀ အထိ တရားမဝင် ပေးကမ်းရ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
သင်္ဘောသားများသည် ၎င်းတို့၏ အလုပ်အကိုင်များ ရရှိရန် တရားမဝင် အခကြေးငွေများ မကြာခဏ ကောက်ခံခြင်း ခံရကြောင်း စစ်တမ်း အစီရင်ခံစာအသစ် “Survey on Fees and Charges for Seafarer Recruitment or Placement,” တွင် ဖော်ပြထားသည်။
.
အစီရင်ခံစာအသစ်သည် ကုန်သွယ်ရေကြောင်း သင်္ဘောများပေါ်တွင် အလုပ်အကိုင်ရရှိရန် သင်္ဘောသားများအား တရားမ၀င် အလုပ်အကိုင်အခကြေးငွေပေးဆောင်ခိုင်းသည့် အလေ့အထကို ထပ်မံမီးမောင်းထိုးပြသည်။
အဆိုပါ သင်္ဘောသားများသည် များသောအားဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခါစ နိုင်ငံများမှ ဖြစ်သည်။
.
အဆိုပါ အလေ့အထသည် ရေကြောင်း အလုပ်သမား ကွန်ဗင်းရှင်း Maritime Labour Convention အရ တရားမဝင် ဖြစ်နေသော်လည်း The Mission to Seafarers ၏ ယခင် အစီရင်ခံစာတွင်လည်း အခကြေးငွေ တောင်းယူခြင်းများ ရှိနေသည်ကို ဖော်ပြခဲ့ပြီး ယခုနောက်ဆုံးထုတ် အစီရင်ခံစာတွင်လည်း ၎င်းအလေ့အထ ဆက်ရှိနေကြောင်း ဖော်ပြထားသည်။
.
စစ်တမ်းကို ၂၀၂၂ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ဆောင်ရွက်ခဲ့ပါသည်။
.
ယူကေအခြေစိုက် ပရဟိတအဖွဲ့ The Mission to Seafarers (MtS) အတွက် Liverpool John Moores တက္ကသိုလ်မှ စစ်တမ်းကောက်ယူပေးခဲ့ပါသည်။
.
အလုပ်ခန့်ရန် တရားမဝင် အခကြေး ပေးရခြင်းအပေါ် သင်္ဘောသားများ၏ ထင်မြင်ယူဆချက်များကို စစ်တမ်းတွင် မေးမြန်းခဲ့ရာ
စစ်တမ်းဖြေဆိုသူများတွင် ၁.၉% က "အခုလို ပေးကမ်းရတာကို ငါသိပါတယ်။ အဲဒါကို ထုံးစံလို့ ငါယူဆတယ်။ ကြီးမားတဲ့ ပြဿနာ မဟုတ်ပါဘူး"ဟု ဖြေဆိုကြသည်။
စစ်တမ်းဖြေဆိုသူများတွင် ၆.၂% က "ပေးကမ်းရတာတော့ ငါမသိဘူး။ ဒါပေမဲ့ အဲဒါက ကြီးကြီးမားမားကိစ္စလို့ ငါမထင်ပါဘူး" ဟု ဖြေဆိုကြသည်။
စစ်တမ်းဖြေဆိုသူများတွင် ၂၉% က "ပေးကမ်းရသလား ဆိုတာ ငါ သေသေချာချာမသိဘူး။ ဒါပေမဲ့ အဲဒါက ပေးကမ်းရတယ်ဆိုရင် ရပ်တန်းက ရပ်သင့်ပါတယ်" ဟု ဖြေဆိုကြသည်။
စစ်တမ်းဖြေဆိုသူများတွင် ၆၂.၉% က "ပေးကမ်းရတာ ငါသိတယ်။ ငါလည်း ကြုံဖူးတယ်။ လုပ်ဖော်ကိုင်ဖက်လည်း ကြုံဖူးတယ်။ အဲဒါကို ရပ်တန်းက ရပ်သင့်တယ်လို့ ငါယူဆတယ်" ဟု ဖြေဆိုကြသည်။
စစ်တမ်းရလဒ်များ အရ ပါဝင်သော သင်္ဘောသား ၉၂% သည် အဆိုပါ အလေ့အကျင့် ဖြတ်စားလတ်စား တောင်းယူခြင်းများကို ရပ်တန့်ပစ်ရမည်ဟု ယူဆကြသည်။
.
ဖြေဆိုသူများတွင် ၂၃.၇%သည် တရားမဝင် အခကြေးများပေးပြီး သင်္ဘောတက်ခဲ့ကြသူများ ဖြစ်သည်။ ၎င်းတို့ထဲမှ အချို့သည် ထိုကဲ့သို့သော အခကြေးငွေများကို ပေးဆောင်ရသည်ကို ထုံးစံဟု မှတ်ယူထားသည့် နိုင်ငံများမှ လာကြသည်။ သို့ဖြစ်ရာ လက်ခံရမည်သာဖြစ်သည်ဟု ခံယူထားကြသည်။ ၎င်းနိုင်ငံများမှာ အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့ ဖြစ်သည်။
.
တရားမဝင်အခကြေး ပေးရသည်ကို လက်သင့်ခံသည့် နောက်ထပ်အကြောင်းတစ်ချက်မှာ နည်းနည်းပါးပါး ပေးကမ်းလိုက်ခြင်းဖြင့် လစာကောင်းသည့်အလုပ်ကို ရမည်ဖြစ်သဖြင့် ပေးရကျိုးနပ်သည်။ တန်သည်ဟု ယူဆကြခြင်း ဖြစ်သည်။ ကုန်းပေါ်မှာ လုပ်ကိုင်သည်ထက် ပိုရနေသဖြင့် ပေးကမ်းဖို့ လိုလားကြသည်။
.
စစ်တမ်းတွင် တရားမဝင်အခကြေးငွေ တောင်းခံရာ၌ မည်သို့ အမည်တပ်ကြသည်ကို မေးမြန်းထားသည်။ လက်ဆောင်၊ လာဘ်၊ အာမခံချက်၊ စရံေငွ၊ ပွဲစားခ ကော်မရှင်၊ စာရွက်စာတမ်းကြေး၊ ဗီဇာကြေး၊ ခရီးစရိတ်၊ ဝန်ဆောင်ခ၊ အေဂျင်စီကြေး၊ မှတ်ပုံတင်ကြေး၊ စီမံခ တို့ ပါဝင်သည်။
.
ဝန်ဆောင်ခများအဖြစ် တောင်းယူသည်က ၅၅.၆% ၊ အေဂျင်စီကြေး၊ မှတ်ပုံတင်ကြေး က ၂၈.၉% ၊ လာဘ်ထိုးရသည်ကလည်း ၂၈.၉% ရှိသည်။
ပေးကမ်းရသည့် ပမာဏ ပျမ်းမျှ $1,872 ဖြစ်သည်။ အများဆုံး ပေးကမ်းရသည်မှာ $7,500 ဖြစ်ပြီး အနိမ့်တန်းအနေဖြင့် $50, $100 ပေးကမ်းရသည်။
အခကြေးငွေ ပေးဆောင်စေရန်အတွက် အေးဂျင့်များသည် သင်္ဘောသားလက်မှတ်များ သို့မဟုတ် သင်္ဘောသားစာအုပ်များမှ ပတ်စ်ပို့၊ အရည်အချင်းစစ်လက်မှတ်များအထိ ၎င်းတို့၏ စာရွက်စာတမ်းများကို တရားမ၀င် သိမ်းဆည်းထားကြောင်းလည်း ပြောပြကြသည်။
.
အလုပ်ခန့်ရန် ပေးကမ်းရကြောင်း ဖြေဆိုသူများတွင် အိန္ဒိယနိုင်ငံသား ၂၈.၈% ၊ မြန်မာနိုင်ငံသား ၁၃.၃% ၊ ဖိလစ်ပိုင်နိုင်ငံသား ၁၁% ပါဝင်သည်။
.
ဖြေဆိုသူများထဲမှ အိန္ဒိယနိုင်ငံသားများ အားလုံး၏ ၂၈.၂၆% သည် သင်္ဘောတက်ဖို့ ပေးကမ်းခဲ့ရသည်။ ဖြေဆိုသူများထဲမှ မြန်မာနိုင်ငံသား အားလုံး၏ ၇၅% သည် သင်္ဘောတက်ဖို့ ပေးကမ်းခဲ့ရသည်။ ဖြေဆိုသူများထဲမှ ဖိလစ်ပိုင်နိုင်ငံသားများ အားလုံး၏ ၁၀% သည် သင်္ဘောတက်ဖို့ ပေးကမ်းခဲ့ရသည်။
မည်သူမည်ဝါထံ ပေးကမ်းရသည်ကို မေးမြန်းခဲ့ရာ၌ ၅၇.၈% က သင်္ဘောသား အလုပ်အကိုင် အေးဂျင့်ထံ ပေးရကြောင်း ဖြေဆိုသည်။ ၎င်းအေးဂျင့်ကို သင်္ဘောကုမ္ပဏီက ခန့်အပ်ထားခြင်း ဖြစ်သည်။ ကြားလူအနေဖြင့် သင်္ဘောသားများ စုဆောင်းပေးသည့်သူ ဖြစ်သည်။
သင်္ဘောကုမ္ပဏီ ဝန်ထမ်းက တောင်းခံသဖြင့် ပေးကမ်းသူ ၁၁.၁% ရှိသည်။
အေးဂျင့်၊ သင်္ဘောကုမ္ပဏီနှင့် ပတ်သက်ရာပတ်သက်ကြောင်း ဖြစ်သူတို့သည်လည်း အခကြေးယူပြီး သင်္ဘောတင်ပေးကြသည်။ ၎င်းတို့ထံ ပေးကမ်းသူ ၃၁.၁% ရှိသည်။
ကြားလူ သို့မဟုတ် အေးဂျင့်ထံ ပေးကမ်းရသည်ကို နိုင်ငံအလိုက်ကြည့်လျှင် အိန္ဒိယသည် ၃.၅% ၊ ဖိလစ်ပိုင်သည် ၁၃.၃% ၊ မြန်မာသည် ၁၁.၁% ရှိသည်။
.
သင်္ဘောအမျိုးအစားအရ ကြည့်လျှင် ဝမ်းပုံတင်သင်္ဘော bulk carrier သည် ၃၃.၃၃% ၊ ဆီတင်သင်္ဘော oil tanker သည် ၂၈.၈% ရှိသည်။
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U