How To

ဂျပန်လေကြောင်းလိုင်း အဝတ်အစား ငှားရမ်းဝန်ဆောင်မှု ပေးအပ်

ဂျပန်လေကြောင်းလိုင်း အဝတ်အစား ငှားရမ်းဝန်ဆောင်မှု ပေးအပ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဂျပန်သို့ အလည်အပတ်လာသည်ဖြစ်စေ၊ အလုပ်ကိစ္စဖြင့် လာသည်ဖြစ်စေ အဝတ်အစားများ ယူဆောင်လာဖို့မလို၊ အဝတ်တထည် ကိုယ်တခုဖြင့် လာရောက်နိုင်မယ့် အဝတ်အစား ငှားရမ်းဝန်ဆောင်မှုကို  Japan Airlines Co နှင့် Sumitomo Corp တို့က ပေးအပ်မှာ ဖြစ်ပါတယ်။ 

 

ဂျပန်လေကြောင်းလိုင်းမှ လေယာဉ်‌ေပါ် မတက်မီ 

https://anywearanywhere.store/

ဝဘ်ဆိုက်မှတစ်ဆင့် ခရီးသွားများသည် ငှားရမ်းမည့် အဝတ်အစားများကို အရွယ်အစားနှင့် ရာသီအလိုက် လိုအပ်ချက်များပေါ်မူတည်၍ ရွေးချယ်နိုင်မည်ဖြစ်ကြောင်း လေကြောင်းလိုင်းက ပြောကြားသည်။

 ၂၀၂၃ ဇူလိုင် ၅ ရက်မှ ၂၀၂၄ ဩဂုတ် ၃၁ ရက်အထိ အစမ်းကာလအဖြစ် ဝန်ဆောင်မှု ပေးအပ်မည် ဖြစ်သည်။ 

.

အဝတ်အစား တစ်စုံလျှင် ယန်း ၄,၀၀၀ မှ ၇,၀၀၀ အထိ ($28-$49) ငှားရမ်းခ ပေးရမည်ဖြစ်ပြီး ၈ စုံအထိကို တပတ်အထိ ငှားရမ်းနိုင်သည်။

အရွယ်အစား small, medium, large  ၃ မျိုး စီစဉ်ထားသည်။ 

စတိုင်လည်း ၃ မျိုး စီစဉ်ထားသည်။

 smart, smart casual, mixed တို့ ဖြစ်ပါသည်။

photo_2023-07-10_08-46-42.jpg

 

Source anywearanyehere

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)