How To

အိန္ဒိယလေကြောင်းလိုင်း SLB သဘောတူညီချက်များဖြင့် ချေးငွေ ရူပီ ၃၀ ဘီလီယံ ရယူရန် ဘဏ်များနှင့် ဆွေးနွေး

အိန္ဒိယလေကြောင်းလိုင်း SLB သဘောတူညီချက်များဖြင့် ချေးငွေ ရူပီ ၃၀ ဘီလီယံ ရယူရန် ဘဏ်များနှင့် ဆွေးနွေး

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Tata ပိုင်ဆိုင်သည့် အိန္ဒိယလေကြောင်းလိုင်း Air India သည် ချေးငွေ ရူပီ ၃၀ ဘီလီယံ ရယူရန် ဘဏ်များနှင့် ဆွေးနွေးနေသည်။ 

 

အိန္ဒိယ ဗဟိုဘဏ်၏ အမှုဆောင်အရာရှိတစ်ဦးက ဘဏ်များသည် Tata ကို ချေးငွေ ထုတ်ချေးရန် ဆန္ဒရှိကြကြောင်း ပြောကြားသည်။

အိန္ဒိယလေကြောင်းလိုင်းတွင် Tata Group ၏ ရင်းနှီးမြှုပ်နှံမှုများအပြင် ချေးငွေဖြင့် အရင်းအနှီး ထပ်တိုးရန် ရည်ရွယ်ထားသည်။

 

အရှုံးပြနေသော နိုင်ငံပိုင် လေကြောင်းလိုင်း Air India ကို Tata Sons ကုမ္ပဏီစုက ၂၀၂၂ ဇန်နဝါရီလ ၂၇ တွင် ရာနှုန်းပြည့် ပိုင်ဆိုင်မှု ဝယ်ယူခဲ့သည်။ 

Tata Sons မှ အပြည့်အဝ ပိုင်ဆိုင်သည့် လက်အောက်ခံလုပ်ငန်း Talace Private Limited အမည်ပေါက်ဖြင့် ဝယ်ယူခဲ့သည်။

 

Tata က ရောင်းချခြင်းနှင့် ငှားရမ်းခြင်း sale-and-leaseback (SLB) သဘောတူညီချက်များဖြင့် ချေးငွေများကို ရယူမည် ဖြစ်သည်။

 

ရောင်းချခြင်းနှင့် ငှားရမ်းခြင်း သဘောတူညီချက်အရ ဘဏ်က လေယာဉ်ငှားရမ်းသူအဖြစ် နေရာယူရမည် ဖြစ်သည်။ 

Air India က မှာကြားထားသည့် လေယာဉ်အသစ်  ရရှိလာသည့်အခါ ငှားရမ်းသူဘဏ်ကို ရောင်းချမည်။ ထို့နောက် ၎င်းလေယာဉ်ကို Air India သို့ ချက်ချင်း ပြန်ငှားရမည် ဖြစ်သည်။

ထိုအခါ လေယာဉ်အသစ်တစ်စီး တိုးလာသော်လည်း  Air India က လေယာဉ်ဖိုးအတွက် ငွေစိုက်ထုတ်ထားရခြင်း မရှိသဖြင့် ငွေသားလည်ပတ် စီးဆင်းမှုသည် ယခင်အတိုင်း ဆက်ရှိနေမည် ဖြစ်သည်။

 

Air India ‌နှင့် Vistara လေကြောင်းလိုင်းတို့ကို ပိုင်ဆိုင်မှု တစ်ခုတည်း အောက်တွင် အတူထားရှိရန် Tata က အစီအစဉ် ရေးဆွဲထားသည်။ 

 

 Vistara လေကြောင်းလိုင်းသည်  Tata Sons Private Limited နှင့် Singapore Airlines Limited (SIA) တို့၏ ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သည်။ Tata Sons က ၅၁% ၊ Singapore Airlines က ၄၉% ပိုင်ဆိုင်ပြီး TATA SIA Airlines Limited အမည်ပေါက်ဖြင့် ကုမ္ပဏီ မှတ်ပုံတင်ထားသည်။

ပေါင်းစည်းမည့် အစီအစဉ်သည် ၂၀၂၄ ခုနှစ် မတ်လတွင် ပြီးစီးမည်ဟု ခန့်မှန်းထားသည်။ Air India ‌နှင့် Vistara လေကြောင်းလိုင်း နှစ်ခုကို ပိုင်ဆိုင်သည့် ကုမ္ပဏီတွင် Singapore Airlines က ၂၅% ပိုင်ဆိုင်မည် ဖြစ်သည်။

Source business today

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)