How To

ရိုးမဘဏ်မှ သင်္ဘောသားကိုယ်ရေးကိုယ်တာအသေးသုံး ချေးငွေ

 ရိုးမဘဏ်မှ သင်္ဘောသားကိုယ်ရေးကိုယ်တာအသေးသုံး ချေးငွေ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

က) သင်္ဘောသား ကိုယ်ရေးကိုယ်တာ အသေးသုံး ချေးငွေရယူနိုင်ရန် အနည်းဆုံး (၁၅) သိန်းမှ အများဆုံး သိန်း (၁၀၀) အထိ ချေးယူနိုင်မည်။

 

ခ) တစ်နှစ်အတွက် အတိုးနှုန်းမှာ ၁၄.၅ % ဖြစ်သောကြောင့် တစ်လလျှင် ခန့်မှန်းအတိုးနှုန်း  ၁.၂% (တစ်လ-တစ်ကျပ်ပြားနှစ်ဆယ်နှုန်း) ဖြင့် လစဉ်အတိုးအရင်း ပြန်ဆပ်ရမည်။

 

ဂ) ပြန်ဆပ်ရမည့်ကာလမှာ အနည်းဆုံး (၆) လ မှ အများဆုံး (၁၂) လအထိ ရွေးချယ်ပေးဆပ်နိုင်မည်။

 

ဃ) ကိုယ်ရေးကိုယ်တာ အသေးသုံးချေးငွေ ရယူခြင်း ဖြစ်သောကြောင့် အပေါင်ပစ္စည်းထားရန်မလို။ သို့သော် မိမိတွင် အတိုးအရင်း ပြန်ဆပ်နိုင်ရန်အတွက် ဝင်ငွေရှိရမည် ဖြစ်သောကြောင့် သင်္ဘောလိုက်ရန် စဉ်းစားနေသူများအတွက် သင့်တော်သည့် ချေးငွေစီမံချက် ဖြစ်သည်။

 

င) ချေးငွေရယူနိုင်ရန်အတွက် တင်ပြရမည့်စာရွက်စာတမ်းစာရင်းနှင့် ပုံစံများအား အဖွဲ့ချုပ်ရုံး တည်ရှိရာ အမှတ်-၅၃ ၊ ၃၇ လမ်း၊ ကျောက်တံတားမြို့နယ်တွင် လာရောက်မေးမြန်းစုံစမ်းရယူနိုင်သည်။

 

သို့ဖြစ်ပါ၍ ချေးငွေလျှောက်ထားရန်လိုအပ်သည့် စာရွက်စာတမ်းစာရင်းနှင့် ပုံစံများအား အဖွဲ့ချုပ်ရုံးသို့ ကြိုတင်ဖုန်းဆက်၍ မေးမြန်းစုံစမ်းပြီးမှသာ လာရောက်ရယူရန် တိုက်တွန်းအပ်ပါသည်။

 

MSF Office 

Address: 53, 37th Street, KyaukData T.S, Yangon

 

Tel: +95(9) 777 767 182, +95(9) 777 750 478, +95(9) 400 055 702, +95(9) 400 099 804, +95(9) 666 058 868

 

EMAIL:This email address is being protected from spambots. You need JavaScript enabled to view it.

WEBSITE:http://myanmarseafarers.org

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times
Rate this item
(0 votes)