ထိုင်းလေကြောင်းလိုင်း လေယာဉ် ၆ စီး တရားဝင် အရောင်းစဖွင့်
To Get Instant Update
https://t.me/Guid4U
Thai Airways (THAI) သည် ၎င်း၏ Airbus A380 ခြောက်စင်းကို လက်ရှိအခြေအနေ လက်ရှိနေရာအတိုင်း လက်ခံရယူရန် စတင်ရောင်းချပါသည်။
လက်ရှိနေရာများမှာ ၄ စီးသည် ဘန်ကောက် သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ် (BKK) တွင် ရှိနေပြီး ကျန်၂ စီးမှာ ရယောင်း ပတ္တရား အူတာပေါင်း အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ထားရှိပါသည်။
လေကြောင်းလိုင်းသည် စိတ်ပါဝင်စားသူများထံသို့ ဩဂုတ်လ ၂၃ ရက်၊ ၂၀၂၃ တွင် ဖိတ်ခေါ်လွှာ ပေးပို့ခဲ့သည်။
ခြောက်စီးစလုံးကို ကပ်ရောဂါဖြစ်ပွားမှု အစ ၂၀၂၀ ခုနှစ် မတ်လနှင့် ဧပြီလ အတွင်း သိမ်းဆည်းထားခဲ့ပြီး ပြန်လည်ပျံသန်းပြေးဆွဲခြင်း အလျဉ်းမရှိခဲ့ပါ။
လေယာဉ် ၀ယ်ယူလိုသည့် စိတ်ဝင်စားသူများသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်၊ ဘန်ကောက်စံတော်ချိန် 11:59 pm (UTC +7) ထက် နောက်မကျစေဘဲ အဆိုပြုလွှာ တင်သွင်းပြီး စရံငွေ တစ်စင်းလျှင် ဒေါ်လာ ၅ သောင်း ပေးသွင်းရမည် ဖြစ်ပါသည်။
Source aerotime
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL