How To

ထိုင်းလေကြောင်းလိုင်းများ လေယာဉ်လက်မှတ်ခ ဈေးမြင့်ရသည့်အကြောင်းများ ရှင်းလင်းပြောပြ

ထိုင်းလေကြောင်းလိုင်းများ လေယာဉ်လက်မှတ်ခ ဈေးမြင့်ရသည့်အကြောင်းများ ရှင်းလင်းပြောပြ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

 

ရေနံစိမ်းဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် လေယာဉ်ဆီဈေးနှုန်းများ မြင့်တက်လာသည့်အတွက်ကြောင့် လေကြောင်းလိုင်းများသည် လေယာဉ်လက်မှတ်ခ ဈေးထပ်တက်ရမည့်  အလားအလာများ ရှိနေစဉ် ထိုင်းနိုင်ငံမှ လေကြောင်းလိုင်းများက လေယာဉ်လက်မှတ် ဈေးကြီးသည်ဟူသည့် စွပ်စွဲချက်ကို ရှင်းလင်း တင်ပြကြသည်။

 

 ကပ်ရောဂါဖြစ်ပွားပြီးနောက် လေယာဉ်ဖြင့် ခရီးသွားလာမှုများ ပိုများပြားလာချိန်တွင် လေယာဉ်လက်မှတ်ခများ ဈေးတက်ကုန်ပြီး ဈေးကြီးနေသည်ဟု စားသုံးသူများက မကျေမနပ် ပြောဆိုကြပြီးနောက် ထိုင်းနိုင်ငံ မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့ Civil Aviation Authority of Thailand (CAAT)က လေယာဉ်လက်မှတ်ခများကို ထိန်းချုပ်ပြီး ထိန်းကျောင်းပေးသည်။

 

Nok Air

 

Nok Air ၏ အမှုဆောင် အရာရှိချုပ် Wutthiphum Jurangkool မှ ပြောကြားရာတွင် အားလပ်ရက်ရှည်များ အတွင်းတွင်သာ လေယာဉ်လက်မှတ်ခ သိသိသာသာ တိုးခဲ့ခြင်းဖြစ်ကြောင်း  တိုးလာနေသော ဝယ်လိုအားအပေါ်  မူတည်၍ ဈေးနှုန်းများ မြင့်တက်သွားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထိုရက်များတွင် အချိန်နီးကပ်မှ ဝယ်ယူသည့် လေယာဉ်လက်မှတ်များ၏ စျေးနှုန်းသည် များသောအားဖြင့် သာမန်ပုံမှန်ထက် မြင့်တက်လေ့ရှိသည်။

 

ပုံမှန် လေယာဉ်လက်မှတ်ခများကို အမြတ်များများ ပိုရဖို့အတွက် ဈေးမြှင့်တင်ခြင်း မဟုတ်ကြောင်း၊ လေကြောင်းလိုင်းများသည် လုပ်ငန်းလည်ပတ်မှုစရိတ်များ မြင့်တက်လာသည်ကို ကာမိအောင် လေယာဉ်လက်မှတ် ဈေးနှုန်းများကို ချိန်ညှိကြခြင်းသာ ဖြစ်ကြောင်း၊ အထူးသဖြင့် လေယာဉ်ဆီကုန်ကျစရိတ်ကြောင့် ဈေးတက်ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

 

လေယာဉ်ဆီ တစ်စည်လျှင် $119 အထိ စက်တင်ဘာလဆန်းတွင် မြင့်တက်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေးအသင်း International Air Transport Association (IATA) က ခန့်မှန်းပေးထားသည့် ၂၀၂၃ ခုနှစ်အတွက် တစ်နှစ်တာ ပျမ်းမျှဈေးနှုန်း တစ်စည်လျှင် $98.5 ထက် ဈေးပိုမြင့်ကြောင်း ၎င်းက ပြောကြားသည်။

 

လေယာဉ်လက်မှတ် ရောင်းအား ကျဆင်းသည့် ရာသီတွင် လေကြောင်းလိုင်းများသည် ၎င်းကုန်ကျစရိတ်များ ကာမိအောင် ဝင်ငွေ မရကြချေ။ ခရီးစဉ်တိုင်း အရှုံးပြနေသည်။ သို့ဖြစ်ရာ ထေမိအောင် ခရီးသည် များပြားသည့် ရာသီတွင် ဈေးတင်ပြီး ရောင်းချကြသည်။

“ရုံးပိတ်ရက်ရှည်တွေကလွဲလို့ လေကြောင်းလိုင်းတွေက တအားကောင်းတဲ့ တဲ့ load factor (ခရီးသည် ထိုင်ခုံပြည့် ရာခိုင်နှုန်း) ကို မရနိုင်ပါဘူး။ စက်တင်ဘာလမှာ အားလပ်ရက် မရှိသဖြင့် ပြည်တွင်းဝယ်လိုအား သိသိသာသာ ကျဆင်းသွားပါတယ်။ ပျမ်းမျှ ခရီးသည် ထိုင်ခုံပြည့် ရာခိုင်နှုန်းက Nok Air အဖို့ ၈၀% အောက်မှာပဲ ရှိပါတယ်။ ဆိုလိုတာက ထိုင်ခုံ ၁၀၀ ရှိတယ်ဆိုရင် ခရီးသည် အယောက် ၈၀ ပဲ ရပါတယ်။ ပြည်တွင်းခရီးစဉ်များအတွက် ပျမ်းမျှစျေးနှုန်းမှာ ခရီးစဉ် တကြောင်းကို  ဘတ် ၁,၀၀၀ အောက်သာ ရှိပါတယ်" ဟု Mr Wutthiphum က ပြောကြားသည်။

 

CAAT မှ ထိန်းချုပ်ထားသော ပြည်တွင်းခရီးစဉ်များအတွက် အများဆုံးစျေးနှုန်းများသည် လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်နှင့် ခရီးသည်များ၏ ဝယ်လိုအား အတက်အကျကို လိုက်ပြီး ချိန်ညှိ၍ မရသောကြောင့် ပုံသေဖြစ်လွန်းသည်ဟု ၎င်းက ပြောသည်။

 

Mr Wutthiphum က စက်တင်ဘာလတွင် တရုတ်ခရီးသည်ဦးရေ လျော့ကျခဲ့သော်လည်း အောက်တိုဘာ ပထမပတ် အမျိုးသားနေ့ ရုံးပိတ်ရက်ရှည်ကာလတွင် တရုတ်ပြည် ခရီးစဉ်များ load factor ၉၀% ကျော်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

Nok Air သည် တရုတ်နိုင်ငံရှိ နောက်ထပ်မြို့ ရှစ်မြို့သို့ တိုးချဲ့ပျံသန်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ကပ်ရောဂါကာလအတွင်း ဖျက်သိမ်းခဲ့ရသည့် ဖူးခက်နှင့် ချင်းမိုင်မှ တရုတ်နိုင်ငံသို့ တိုက်ရိုက်ခရီးစဉ်အသစ်များကို ပြန်လည်ပြေးဆွဲမည်ဖြစ်သည်။ 

 

Thai Lion Air

 

Thai Lion Air မှ စီးပွားရေးရာဌာန အကြီးအကဲ Nuntaporn Komonsittivate က Thai Lion Air  ပြည်တွင်းခရီးစဉ် လေယာဥ်များအတွက် ပျမ်းမျှ load factor မှာ ၇၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ပြောကြားခဲ့သည်။ ခရီးသွားလာမှု များသည့် ရာသီတွင် ၅၈% သို့ ပြန်ရောက်မည်ဟု မျှော်လင့်ထားသည်။

 

တရုတ်ဈေးကွက်မှ ဝယ်လိုအားကို စောင့်ကြည့်နေကြောင်း၊ တရုတ်ပြည်မကြီးမှ ခရီးသည်များသည် အမျိုးသားနေ့အားလပ်ရက်ရှည် ခရီးထွက်ရန်အတွက် ကြိုတင်လက်မှတ် ရယူထားသောကြောင့် အောက်တိုဘာလတွင် ထိုင်ခုံများ လူပြည့်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သူမက  ပြောကြားသည်။ တရုတ်ခရီးစဉ် ၁၀ ခုတွင် load factor ၇၀% သို့ ရောက်ရှိနေပြီဟု သူမက ပြောကြားသည်။

 

Thai Lion Air သည် ကပ်ရောဂါမဖြစ်ပွားမီ ပြေးဆွဲနေသည့် တရုတ်ပြည် ခရီးစဉ် ၁၇ ခုစလုံးကို ပြန်လည်စတင်ရန် ပြင်ဆင်နေပြီး ယင်းဈေးကွက်မှာ ဝယ်လိုအားများနေဆဲ ဖြစ်သည်။

 

တရုတ်ခရီးသွားများကို ဗီဇာကြေး အခမဲ့ အစီအစဉ် အစိုးရက စတင်ခဲ့လျှင် ဈေးကွက်တွင် ဝယ်လိုအား ပိုမြန်မြန် မြင့်တက်မည်ဟု သူမက ပြောကြားသည်။

 

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)