How To

Mitsui O.S.K သင်္ဘောများတွင် Starlink ဂြိုဟ်တုအင်တာနက် တပ်ဆင်မည်

Mitsui O.S.K သင်္ဘောများတွင် Starlink ဂြိုဟ်တုအင်တာနက် တပ်ဆင်မည်

TO GET INSTANT UPDATE 
https://t.me/Guid4U
JOIN THE CHANNEL

 

Mitsui O.S.K.  Lines, Ltd.  (MOL) ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Takeshi Hashimoto က MOL Group မှ သင်္ဘောစီမံခန့်ခွဲမှုကုမ္ပဏီများက စီမံခန့်ခွဲသည့် ပင်လယ်ကူးသင်္ဘော ၂၃၃ စင်းပေါ်တွင် Starlink ဂြိုလ်တုအင်တာနက် ဝန်ဆောင်မှုကို တပ်ဆင်ရန် ဆုံးဖြတ်ချက်ချထား‌ေကြာင်း  အောက်တိုဘာ ၁၆ ရက်က သတင်းထုတ်ပြန်သည်။

  

MOL Group သည် ပထမအသုတ်အနေဖြင့်  ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း Starlink ဂြိုလ်တုအင်တာနက် ဝန်ဆောင်မှုအတွက်  စက်ပစ္စည်းကိရိယာများကို သင်္ဘောအစီး ၁၄၀ ခန့်တွင် တပ်ဆင်ရန် စီစဉ်ထားသည်။

MOL သည် MOL မှ တာဝန်ယူ ပြေးဆွဲသည့် သင်္ဘောအချို့တွင် Starlink ဂြိုလ်တုအင်တာနက်ကို စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။ အင်တာနက် ဆက်သွယ်ရေး အမြန်နှုန်း အဆ ၅၀အထိ ပိုမြန်ကြောင်း တွေ့ရသည်။

ယခင်က အင်မတန်ခဲယဉ်းနေခဲ့သည့် သင်္ဘောသားများက မိသားစုဝင်များနှင့် ဗီဒီယိုခေါ်ဆိုမှုများ ပြုလုပ်ခြင်း၊ အွန်လိုင်း ဗီဒီယိုများကို ကြည့်ရှုခြင်းတို့ကို Starlink ဖြင့် လုပ်ကိုင်နိုင်ကြောင်း တွေ့ရသည်။

သို့ဖြစ်ရာ MOL က ပင်လယ်ကူးသင်္ဘောများတွင် Starlink တပ်ဆင်ရန် ဆုံးဖြတ်ခဲ့သည်။

 

 

Video Credits: MOL / YouTube

 

Source mol

TO GET INSTANT UPDATE 
https://t.me/Guid4U
JOIN THE CHANNEL

Read times
Rate this item
(0 votes)