Knowledge

Tuesday, 03 October 2023 03:19

ပြည်ပသို့ တင်ပို့မည့် ကျွဲ၊ နွားများအား ကျန်းမာရေးစစ်ဆေးရန် လျှောက်ထားခြင်း

မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့မည့် ကျွဲ၊ နွားအထီးများအား ကျန်းမာရေး စစ်ဆေးပေးရန် လျှောက်ထားရာတွင် လိုအပ်သည့် အခြေခံလိုအပ်ချက်များနှင့် စာရွက်စာတမ်းများ၊ ဝန်ဆောင်ခ၊ လျှောက်ထားရန် အဆင့်များကို ဖော်ပြပေးလိုက်ပါသည်။ ကျွဲ၊ နွားအထီးများအား ကျန်းမာရေး စစ်ဆေးပေးရန် လျှောက်ထားမှုကို ပြည်ပသို့ တင်ပို့ခြင်းဆိုင်ရာ အသိအမှတ်ပြုကဒ် (Smart Card) ရရှိပြီးသူများသာ လျှောက်ထားနိုင်မည် ဖြစ်ပြီး ဝန်ဆောင်ခမှာ ကျန်းမာရေး စစ်ဆေးခအဖြစ် ကျွဲ၊ နွားတစ်ကောင်လျှင် (၁၀,၀၀၀) ကျပ် ကောက်ခံကြောင်း သိရသည်။ လိုအပ်သော စာရွက်စာတမ်းများ လျှောက်လွှာပုံစံ - ကသ(၄) စုဆောင်းခြံမှတ်ပုံတင်လက်မှတ် (AHD/PC-7) လျှောက်ထားရန် အဆင့်များ လျောက်ထားလိုသူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံးများတွင် သွားရောက် လျှောက်ထားနိုင်ပြီး မြို့နယ်ရုံးမှတဆင့် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန (ရုံးချုပ်) သို့ အီးမေးပေးပို့ လျှောက်ထားနိုင်သည်။ Advertisement Click Here > Asia Concrete လျောက်ထားလိုသူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံးများတွင် သွားရောက် လျှောက်ထားနိုင်ပြီး မြို့နယ်ရုံးမှတဆင့် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန (ရုံးချုပ်) သို့ အီးမေးပေးပို့ လျှောက်ထားနိုင်သည်။ ပြည်ပတင်ပို့မည့် ကျွဲ၊ နွားအထီးများအတွက် ကျန်းမာကြောင်း ထောက်ခံချက်လက်မှတ် (AHD/PC-3) ပေါင်းချုပ်နှင့် ကျန်းမာရေးဆိုင်ရာ သဘောထားမှတ်ချက် ရရှိအောင် ဆောင်ရွက်ခြင်း ကုန်သွယ်ရေးဦးစီးဌာနသို့ ကျန်းမာရေးဆိုင်ရာ သဘောထားမှတ်ချက်နှင့်အတူ ပို့ကုန်လိုင်စင် လျှောက်ထားခြင်း ပို့ကုန်လိုင်စင် ရရှိပါက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ထုတ်ပေးသော သယ်ပို့မှုဆိုင်ရာ လမ်းကြောင်းနှင့် ကျွဲ၊ နွား စုဆောင်းခြံမှ ပြည်ပသို့ ထွက်ခွါခွင့်ပုံစံ ရရှိရန် ဆောင်ရွက်ခြင်း သယ်ဆောင်မည့် လမ်းကြောင်းရှိ စစ်ဆေးရေးစခန်းနှင့် တိရစ္ဆာန်စောင့်ကြည့် စစ်ဆေးရေးစခန်း (AQS) တွင် စစ်ဆေးခံ၍ ပြည်ပသို့ ထွက်ခွါခြင်း သက်ဆိုင်ရာ ကုန်သွယ်ရေးစခန်းရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တာဝန်ခံထံတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ထုတ်ပေးထားသော စာရွက်စာတမ်းအားလုံး စနစ်တကျ ပြန်လည် အပ်နှံခြင်း ဆက်သွယ်ရန် လိပ်စာနှင့် ဖုန်းနံပါတ် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန (ရုံးချုပ်) နေပြည်တော်။ ဖုန်းနံပါတ် - ၀၆၇၃၄၁၈၅၇၆ ဝန်ဆောင်မှု ရယူနိုင်မည့် နေရာ ရုံးအမှတ်(၃၆)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဏ္ဍိတလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။

Tuesday, 03 October 2023 03:21

ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း Berthing List 2 October 2023

2 October 2023 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း

Monday, 02 October 2023 11:12

(အောက်တိုဘာ ၈ - ၁၄) အခွန်အရပ်ရပ်စည်းကြပ်ကောက်ခံရာတွင် တွက်ချက်ရာ၌ အသုံးပြုမည့် ငွေလဲလှယ်နှုန်းများ

အခွန်အရပ်ရပ် စည်းကြပ်ကောက်ခံရန် တွက်ချက်ရာ၌ အသုံးပြုမည့် ငွေလဲလှယ်နှုန်းများ

Monday, 02 October 2023 04:05

၂၀၂၃ ခုနှစ် အောက်တိုဘာာလ ရန်ကုန်ဆိပ်ကမ်းသို့ လာရောက်မည့် ကုန်သေတ္တာတင် သင်္ဘောစာရင်း

၂၀၂၃ ခုနှစ် အောက်တိုဘာာလ ရန်ကုန်ဆိပ်ကမ်းသို့ လာရောက်မည့် ကုန်သေတ္တာတင် သင်္ဘောစာရင်း

Sunday, 01 October 2023 13:51

အရှေ့တောင်အာရှ ပထမဆုံး ကျည်ဆန်ရထား အင်ဒိုနီးရှား စတင်

အရှေ့တောင်အာရှ ပထမဆုံး ကျည်ဆန်ရထား အင်ဒိုနီးရှား စတင်

Sunday, 01 October 2023 12:20

ပနားမားတူးမြောင်း တစ်ရက်တာ ဖြတ်သန်းသင်္ဘောစီးရေ ထပ်မံလျှော့ချ

ပနားမားတူးမြောင်း တစ်ရက်တာ ဖြတ်သန်းသင်္ဘောစီးရေ ထပ်မံလျှော့ချ

Saturday, 30 September 2023 05:13

သုဝဏ္ဏဘူမိ လေဆိပ်မှ ပျံသန်းမည့် ခရီးသည်များအား အနည်းဆုံး မိနစ် ၂၀ ခန့် အချိန်အပို ထားရှိရန် အကြံပြုထား

သုဝဏ္ဏဘူမိ လေဆိပ်မှ ပျံသန်းမည့် ခရီးသည်များအား အနည်းဆုံး မိနစ် ၂၀ ခန့် အချိန်အပို ထားရှိရန် အကြံပြုထား

Friday, 29 September 2023 09:06

ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း Berthing List 29 September 2023

29 September 2023 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း

Friday, 29 September 2023 06:58

ထိုင်ဝမ်ရေလက်ကြားအနီး ပထမဆုံး ပင်လယ်ဖြတ်ကျော် ကျည်ဆန်ရထားလိုင်း တရုတ်နိုင်ငံ စတင်

ထိုင်ဝမ်ရေလက်ကြားအနီး ပထမဆုံး ပင်လယ်ဖြတ်ကျော် ကျည်ဆန်ရထားလိုင်း တရုတ်နိုင်ငံ စတင်

Friday, 29 September 2023 05:57

မြန်မာ-တရုတ် နယ်စပ်ဂိတ်များမှ တရားဝင်ဗီဇာဖြင့် ဝင်ထွက် သွားလာနိုင်တော့မည်

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ရှိ မြန်မာ- တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှ လာမည့် အောက်တိုဘာ (၁) ရက်တွင် တရားဝင်ဗီဇာများဖြင့် ဝင်/ထွက် သွားလာနိုင်တော့မည် ဖြစ်ကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။ ထိုသို့ ဝင်/ထွက် သွားလာနိုင်ပါက မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာမည့် နိုင်ငံခြားသားများအား ကြီးကြပ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များ အသိပညာပေး ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဟိုတယ်/တည်းခိုခန်း လုပ်ငန်းပိုင်ရှင်များ၊ တာဝန်ခံများကို ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်းပိုင်ရှင်များ၊ နိုင်ငံခြားသားများ သိရှိ လိုက်နာရမည့် ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်တို့ကို လိုက်နာရန် လက်ကမ်းစာအုပ်များ ဖြန့်ဝေခဲ့သည်ဟု ဆိုသည်။ Advertisement Click Here >Hnin Taung မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးက အမှာစကား ပြောကြားပြီး မူဆယ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းက… နိုင်ငံခြားသား ထိန်းသိမ်းရေးလုပ်ငန်းများ၊ ဗီဇာအမျိုးမျိုးဖြင့် ရောက်ရှိလာသော နိုင်ငံခြားသားများ သိရှိ လိုက်နာရမည့် စည်းကမ်းများ၊ နိုင်ငံခြားသားများ လာရောက် တည်းခိုသော ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများမှ တာဝန်ခံများ ဆောင်ရွက်ရန် အချက်များ၊ နိုင်ငံခြားသား ဧည့်သည်များအတွက် ခရီးသွားလာမှုနှင့် ပတ်သက်၍ နယ်မြေဒေသ သတ်မှတ်ချက်များ၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လက်တလော ပြဋ္ဌာန်းချက်များအက်ဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ၁၉၄၀ ပြည့်နှစ် နိုင်ငံခြားသားများ အက်ဥပဒေများ၊ ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး နည်းဥပဒေများ၊ ဗီဇာအမျိုးအစားများနှင့် ဗီဇာစည်းကမ်းများအပြင် လဝကဌာနမှ နိုင်ငံခြားသားများ ကြီးကြပ် စောင့်ရှောက်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ဆောင်ရွက်မှု အခြေအနေများကို ပြောကြားခဲ့ကြောင်း သိရသည်။ မူဆယ်မြို့နယ် လဝကဦးစီးအရာရှိ ဦးစန်းလွင်က Form-C တွင် ဧည့်သည် နိုင်ငံခြားသားများအား ဖြည့်သွင်းရမည့် အချက်အလက်များနှင့် စာရင်းသွင်းပုံ အဆင့်ဆင့်တို့ကို ရှင်းလင်းခဲ့ပြီး လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းရေးရဲတပ်ဖွဲ့ ရဲမှူးမင်းနိုင်နှင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ ရဲအုပ် စိုင်းစံမြင့်၊ စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးမျိုးနိုင်ဦးတို့က နိုင်ငံအတွင်း ဝင်ရောက် လည်ပတ်လာသော နိုင်ငံခြားသားများနှင့် ပတ်သက်၍ လုပ်ငန်းစဉ်များကို အသိပညာပေး ရှင်းလင်းခဲ့သည်။ ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူးက နိုင်ငံအတွင်း ဝင်ရောက်လာမည့် ဧည့်သည် နိုင်ငံခြားသားများအား ကြီးကြပ်စောင့်ရှောက်ရေးနှ င့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိ ဌာနဆိုင်ရာများနှင့် ဟိုတယ်/ တည်းခိုခန်း လုပ်ငန်းပိုင်ရှင်များ၊ တာဝန်ခံများက ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။