Port Information

ကိုဗစ်ကံခေသည့် ကွန်တိန်နာသင်္ဘော LEXA MAERSK

ကံခေသည့် LEXA MAERSK သည် မေလ ၁၈ ရက်တွင် ရော့တာဒမ်သို့ ဆိုက်ရောက်ရမည်ဖြစ်ပြီး

APM Terminal Rotterdam တွင် ကမ်းကပ်ပြီးသည့်နောက် သင်္ဘောပေါ်မှ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသည့် လူနာများဟု သံသယရှိသည့် သင်္ဘောသားအချို့ကို ကမ်းပေါ်ရှိ ဆေးရုံသို့ ပို့ဆောင်မည် ဖြစ်သည်။

 

LEXA MAERSK သည် သူမ၏ ခရီးစဉ်အား ကြားဖြတ်ပြီး သင်္ဘောသား တစ်ဦးအား ရဟတ်ယာဉ်ဖြင့် အမေရိကန်ဗာဂျင်းကျွန်းစုရှိ Charlotte Amalie ရှိ ဆေးရုံသို့ပို့ဆောင်ခဲ့ရသည်။

သင်္ဘောသည် Colon Panama မှမေလ ၁ ရက်တွင် Tangier Morocco သို့ထွက်ခွာခဲ့သည်။ သတင်းများအရ မေလ ၆ ရက်နေ့တွင် အခြားသင်္ဘောတစ်စီးမှ လူတစ်ဦး ပင်လယ်ထဲ ပြုတ်ကျသဖြင့် ရှာဖွေကယ်ဆယ်ရေး (SAR ) တွင် ပါဝင်ရန် လမ်းကြောင်းပြောင်းခဲ့သည်။
မေလ ၇ ရက်နေ့တွင် သင်္ဘောသည် ရှာဖွေမှုကို ရပ်ဆိုင်းခဲ့ပြီး Charlotte Amalie သို့ ဦး တည်ခဲ့သည်။
သူမသည်မေလ ၈ ရက်နေ့တွင် ဆိပ်ကမ်းတွင် ကျောက်ချရပ်နားခဲ့ပြီး
မေ ၈ ရက်တွင်ကျောက်ဆူး၌သာကျန်ရှိခဲ့သည်။ ကိုဗစ်သံသယ လူနာ င်္ဘောသားကို ဆေးရုံတင်ထားရပြီးပြီ Quarantine လုပ်ထားသည်။ ဆေးစစ်ချက် ရလဒ်ကို စောင့်ဆိုင်းရဦးမည် ဖြစ်သည်။

ယခု LEXA MAERSK သည် သင်္ဘောဆိုက်ကပ်ခွင့်ပြုရန် APMTR အားတောင်းဆိုခဲ့ပြီး၊ Captain အပါအ ၀ င် အခြားသင်္ဘောသား ၆ ဦး မှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသည်ဟု သံသယ ရှိသည်။

 






Read times
Rate this item
(1 Vote)