Port Information

ကုန်သေတ္တာသင်္ဘောလုပ်ငန်း ယခုနှစ်အတွင်း အခြေအနေ ပြန်ကောင်းဖို့ မျှော်လင့်ချက်မရှိ

ထိပ်တန်း ကုန်သေတ္တာ သင်္ဘောလိုင်းများ အနာဂတ် မြန်မြန် ပြန်အဆင်ရေး ကောင်းတဲ့ဘက်က အမြင်နဲ့ ပြောနေကြသလို BIMCO၊ WTO နဲ့ Sea Intelligence မှ ခန့်မှန်းချက်များကို ဖေါ်ပြထားပါတယ်။ 

 

သင်္ဘောလုပ်ငန်းအုပ်စုကြီး BIMOC ရဲ့ အကြီးအကဲ တစ်ယောက်ကတော့ “ကုန်သေတ္တာ သင်္ဘောလုပ်ငန်းအနေဖြင့် အချိန်အနည်းငယ်အတွင်း ပြန်ကောင်းလာစရာမရှိ” ဟုပြောကြားခဲ့ပါတယ်။ Sealntelligence မှ ဤခန့်မှန်းချက်ကို ထောက်ခံခဲ့ပြီး ၂၀၂၁ မှ ပြန်ကောင်းခြေရှိတယ်လို့ ဆိုပါတယ်။

 

ထို့အပြင် ပြေးဆွဲခြင်း မရှိဘဲရပ်ထားသော ကုန်သေတ္တာသင်္ဘောများပေါ်က ကုန်သေတ္တာပေါင်း TEUs ၂.၆၅ သန်းကို မူတည်ပြီး၊ သင်္ဘောတွေကို မပြေးဆွဲခြင်းက ကုန်ကျစရိတ်သက်သာသလိုရှိသော်လည်း၊ ရပ်ထားခြင်း ကပင် ကုန်ကျစရိတ်များ တက်နေကြောင်း Sealntelligence မှ ပြောခဲ့ပါတယ်။

 

ဖေဖေါ်ဝါရီလမှာ တရုတ်ပြည်ဘက်က တားမြစ်ပိတ်ဆို့မှုများက စလိုက်ရာမှာ၊ တစ်ကမ္ဘာလုံး အကုန်ပြန့်ပြီး၊ တရုတ်ဖက်က့ကုန်ပြန်ပို့ဖို့ ကြိုးစားသော်လည်း၊ တစ်ခြားကုန်သွယ်ဖက်နိုင်ငံများဖက်က ကုန်လက်ခံဖို့ အသင့် မရှိသေးဘဲ၊ အဝယ်မရှိဖြစ်နေပါတယ်။

 

Hapag Lloyd က အမှုဆောင်အရာရှိက သင်္ဘောများကို မပြေးဆွဲဘဲ ရပ်ထားလျင်လည်း၊ ပြေးဆွဲချိန်က ကုန်ကျစရိတ်၏ ၄၀% ရှိနေပြီး၊ အရှုံးပြလျက်ရှိနေကြောင်း ပြောခဲ့ပါတယ်။

 

Maersk သင်္ဘောလုပ်ငန်းကြီးကတော့ ကလည်း တစ်နှစ်စာ လမ်းညွှန်ချက်ကို မထုတ်သေးဘဲထားပါတယ်။

 

One သင်္ဘောလုပ်ငန်ကြီးကတော့ ဧပြီလကနေ ဇွန်လ အထိ က၊ အဆိုးဆုံး အနေအထားဖြစ်မယ်လို့ ပြောပါတယ်။

 

ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ချုပ် ကလည်း ကုန်သေတ္တာသင်္ဘောလိုအပ်ချက် ၁၀% ၂၀၂၀မှာ ကျသွားနိုင်တယ်လို့ အကောင်းဘက်က ခန့်မှန်းပေးထားပါတယ်။

 

ယခုကြုံနေရသော ဗိုင်းရပ်စ ပြသနာသည် ပြီးသွားမည်မဟုတ်ဘဲ၊ အမြဲဆက်ရှိနိုင်ပြီး လုပ်ငန်းများကို ဗိုင်းရပ်စ ကြောင့် ဖြစ်သော အခက်အခဲများကြား ရှင်သန်အောင်ကြိုးစားရန်သာလိုကြောင်း ပညာရှင်များက ပြောနေကြပါတယ်။

 

Captain Win

Read times
Rate this item
(1 Vote)