ဂျပန်နိုင်ငံရှိ တန်ဖိုးနည်းလေကြောင်း လိုင်းဖြစ်သည့် ဇစ်ပ်အဲတိုကျို လေကြောင်းလိုင်းသည် ၎င်း၏ အပြည်ပြည်ဆိုင်ရာ ပျံသန်းမှု ခရီးစဉ်များကို တိုးချဲ့ရန်အတွက် လေယာဉ်အမှုထမ်းများကို ပိုမို ငှားရမ်းသွားရန် အစီအစဉ်ရှိသည်ဟု သိရသည်။
အဆိုပါ လေကြောင်းလိုင်းသည် လေယာဉ်အမှုထမ်း ၁၀၀ နီးပါးခန့်ကို ငှားရမ်းသွားရန် အစီအစဉ်ရှိပြီး ဝန်ထမ်းစုဆောင်းမှု ပြုလုပ်သွားမည် ဟု သိရသည်။
ယခုလအစောပိုင်းက ဂျပန်နိုင်ငံ နာရီတာလေဆိပ်နှင့် တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့ အင်ချွန်းလေဆိပ်တို့ အကြား ပြေးဆွဲမှုကို စတင်ခဲ့ပြီး ဂျပန် နိုင်ငံဘက်မှ ပြည်ဝင်ခွင့်ကန့်သတ်ချက် များ ဖြေလျှော့ပြီးသည့်နောက် လေယာဉ်ပြေးဆွဲမှု စတင်ခဲ့ခြင်းဖြစ် သည်။
ထို့ပြင် တိုကျိုနှင့် ဘန်ကောက် ခရီးစဉ်ပြေးဆွဲမှုကိုလည်း စတင်တော့ မည်ဖြစ်ပြီး နောက်ထပ်ခရီးစဉ်များ ပိုမိုထည့်သွင်းသွားရန်လည်း စီစဉ် လျက်ရှိသည်။
၎င်းတို့ လေကြောင်းလိုင်းမှာ ကိုဗစ်- ၁၉ ကြောင့် ရိုက်ခတ်မှုခံနေ ရသော်လည်း ချိတ်ဆက်ပျံသန်းမှု ကွန်ရက် ဖြန့်ကြက်နိုင်ရေးအတွက် ဝန်ထမ်းများ ပိုမိုလိုအပ်လျက်ရှိသည် ဟု ဇစ်ပ်အဲတိုကျိုလေကြောင်းလိုင်း မှပြောသည်။
Myanmar Alin
By Myanmar Logistic Guide