Port Information

ကိုဗစ်ကာကွယ်ဆေးကို သင်္ဘောသားများအား ဦးစားပေးထောက်ပံ့မည်

အိန္ဒိယ တွင် ကိုဗစ်ကာကွယ်ဆေးကို သင်္ဘောသားများအား ပထမဦးစားပေးထောက်ပံ့ပေးမည်ဟု ပြည်ထောင်စု သင်္ဘောရေးရာ ဝန်ကြီးချုပ်မှ အိန္ဒိယ ရေကြောင်း အဖွဲ့အစည်း ( ‌MUI ) ကို ပြောကြားခဲ့ပါသည်။MUI မှ အထွေထွေအတွင်းရေးမှုး ဖြစ်သူ Amar Singh Thakur ပြောကြားချက်အရ သူ့အနေနဲ့ နယူးဒေလီမှာ သင်္ဘောရေးရာ ဝန်ကြီးချုပ် နဲ့ တွေ့ဆုံခဲ့စဉ်ပြောကြားခဲ့တာလို့သိရပါတယ်။

လက်ရှိမှာ ပင်လယ်ရေယာဉ်သွား လမ်းကြောင်း တွေက ၉၀ ရာခိုင်နှုန်း ကမ္ဘာနှင့်တစ်လွှားမှာ သွားလာနေပီး အိန္ဒိယ မှာ ကိုဗစ်ရယ်လို့ စဖြစ်လာစဉ်ကတည်းက သူတို့ သင်္ဘောသားတွေဟာ ကုန်တင်သင်္ဘောတွေမှာ အလုပ်လုပ်နေကြရတာပါ။

 

တိုင်းပြည်နဲ့ ကမ္ဘာနှင့်တစ်ဝှမ်းကို အကျိုးပြုဖို့ အစားအသောက်တွေ ကုန်သွယ်ပေးဖို့တွေ အတွက် သင်္ဘောသားတွေက အလုပ်လုပ်ကြရပါတယ်။ ထိုအထဲမှာ သင်္ဘောသားတွေ သယ်တဲ့ ကုန်တွေထဲမှာ အစားအစာတွေပါတယ် ၊ စက်သုံးဆီတွေ နဲ့ ဆေးဝါးစတာတွေပါဝင်ပါတယ် ဆိုကာ MUI မှ အထွေထွေအတွင်းရေးမှုး ဖြစ်သူ Amar Singh Thakur မှ ပြောကြားခဲ့ပါတယ်။

 

ဒါကြောင်း MUI ရဲ့ အဓိက ထားအားစိုက်မှုသည်လည်း အိန္ဒိယ သင်္ဘောသားတွေရဲ့ ကျန်းမာရေးအတွက်ပါပဆိုကာ Amar Singh Thakur မှ ထပ်မံ ပြောကြားခဲ့ပါတယ်။အိန္ဒိယ သင်္ဘောသားတွေရဲ့ ကုန်တင်သင်္ဘောတွေပေါ်မှာအလုပ်လုပ်ကြတဲ့ ကိစ္စရပ်ဟာ တိုင်ပြည်အတွက် ကိုဗစ်ပြီးကာလ နလန်ထ မှာ အင်မတန်မှ အရေး ပါပါတယ်။ဒါ့ကြောင့် လည်း သင်္ဘောသားတွေကို အဓိကထား ကိုဗစ်ကာ ကွယ်ဆေး ထုတ်ပေးမှာပါလို့သိရပါသည်။

 

MUI သည်အိန္ဒိယဆိပ်ကမ်းများ၊ ရေကြောင်းပို့ဆောင်ရေးနှင့်ရေလမ်းကြောင်း ၀န်ကြီးဌာန၏ပံ့ပိုးမှုဖြင့် အိန္ဒိယနိုင်ငံအခြေစိုက် ဆေးဝါးထုတ်ပေးသူများထံမှ၎င်းတို့၏အဖွဲ့ဝင် သင်္ဘောသားများကို COVID ကာကွယ်ဆေး ဦး စားပေး ရယူရန်စီစဉ်ထားသည်။တစ်ကမ္ဘာလုံးဆိုင်ရာကူးစက်ရောဂါတိုက်ဖျက်ရေးမှာ အိန္ဒိယမှ ရောဂါ တိုက်ခိုက်ပပျောက်မှု အားကောင်းလာစေရန် MUI နှင့် Trusts မှ Cares Fund သို့ ရူပီးငွေ ၂၅ သိန်းလှူဒါန်းခဲ့သည်။

 

Marine Insight 

Read times
Rate this item
(0 votes)