ယခုနှစ် အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၁၅ရက်ထိ ရန်ကုန်ဆိပ်ကမ်းများသို့ နိုင်ငံတကာ သင်္ဘောလိုင်းများမှ
ကုန်သေတ္တာတင်သင်္ဘော ၂၇စီး ဝင်ရောက်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလထိ ကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ နိုင်ငံတကာ သင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော ၄၆၅ စီးဝင်ရောက်ခဲ့ပြီး အောက်တိုဘာ ၁ရက်မှ အောက်တိုဘာ ၁၅ရက်ထိ ကုန် သေတ္တာတင် သင်္ဘော၂၇ စီးဝင်ရောက်ခဲ့ခြင်းကြောင့် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာ ၁၅ရက်ထိ ရန်ကုန်ဆိပ်ကမ်းများသို့ နိုင်ငံတကာ သင်္ဘောလိုင်းများမှ ကုန်သေတ္တာတင် သင်္ဘော ၄၉၂ စီးဝင်ရောက်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ လက်ထောက် အထွေထွေမန်နေဂျာ ဦးစိန်လွန်ဇော်ထံမှ သိရသည်။
“ယခု အောက်တိုဘာလအတွင်းမှာ မြန်မာနိုင်ငံကို ကုန်သေတ္တာတင်သင်္ဘော အစီး ၅၀ ဝင်ရောက်ဖို့ရှိပါတယ်။ အဲဒီထဲက ၂၇ စီးဝင်ရောက်ပြီး ကုန်တင်ကုန်ချလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ကုန်သေတ္တာတင်သင်္ဘော ၂၃ စီးထပ်မံဝင်ရောက်လာဖို့ ရှိပါသေးတယ်။ ပွင့်လင်းရာသီရောက်လာတဲ့ အတွက် ကုန်သေတ္တာတင် သင်္ဘောတွေဝင်ရောက်မှုလည်း မြင့်တက်လာမှာဖြစ်ပါတယ်” ဟု ဦးစိန်လွင်ဇော်က ပြောပြသည်။
ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များကို တိုးမြှင့်တင်သွင်းရန်အတွက် ရန်ကုန်ဆိပ်ကမ်းများသို့ ယခုနှစ် ဇန်နဝါရီလက ကုန်သေတ္တာတင်သင်္ဘော ၄၉စီး၊ မတ်လက ကုန်သေတ္တာတင်သင်္ဘောအစီး ၅၀၊ ဧပြီလက ကုန်သေတ္တာတင်သင်္ဘော ၅၂စီး၊ မေလက ကုန်သေတ္တာတင် သင်္ဘော ၅၄စီး၊ ဇွန်လက ကုန်သေတ္တာတင်သင်္ဘော ၅၃ စီး၊ ဇူလိုင်လက ကုန်သေတ္တာတင် သင်္ဘော ၄၉စီး၊ ဩဂုတ်လက ကုန်သေတ္တာတင် သင်္ဘော ၅၅ စီး၊ စက်တင်ဘာလက ကုန်သေတ္တာတင် သင်္ဘော ၅၅ စီး ဝင်ရောက်ကာ ကုန်တင်၊ ကုန်ချလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သိရသည်။
Source: YDNP