Rules and Regulations

Wednesday, 12 September 2018 10:58

မြန်မာကုမ္ပဏီများ ဥပဒေအရ မှတ်ပုံတင်ထားတယ်ဆိုတာ

မြန်မာနိုင်ငံအတွင်းရှိ ကုမ္ပဏီများကို လုပ်ငန်းအမျိုးအစားနယ်ပယ်အလိုက် ခွဲခြားသိရှိစေရန် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ကုမ္ပဏီများ

Thursday, 06 September 2018 04:59

အစိုးရ နှင့် လုပ်ငန်းရှင်များကြားက အခွန်ဝိဝါဒ

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအပေါ် ကမ္ဘာ့ဘဏ်၊အာရှဖွံ့ဖြိုးရေး နှင့် အခြားသော နိုင်ငံတကာအဖွဲ့အစည်းများ၏ ညွှန်းကိန်းများ

Friday, 31 August 2018 08:08

နေ့စဉ်ကုမ္ပဏီအသစ် ၁၀၀ ကျော် မှတ်ပုံတင်နေရ

ကုမ္ပဏီဥပဒေသစ်အရ အွန်လိုင်းမှတ်ပုံတင်စနစ်ဖြင့် နေ့စဉ်ကုမ္ပဏီသစ် ၁ဝ၀ ကျော် မှတ်ပုံတင်နေပြီး တစ်လအတွင်းကုမ္ပဏီ

Thursday, 30 August 2018 05:02

အရက်နှင့် စီးကရက် အခွန်

အရက်နှင့် စီးကရက်အမျိုးမျိုးအပေါ် အခွန်နှုန်းများ ပြင်ဆင်တိုးမြှင့်ထားသည့် ၂ဝ၁၈-၁၉ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ

Thursday, 05 July 2018 10:04

Different Types of Storage; Cold Stores

Different Types of Storage; Cold Stores

Thursday, 22 March 2018 07:30

YSX တွင် ရှယ်ယာ အရောင်းအဝယ်ပြုလုပ်သည့် matching time အားတနေ့ လေးကြိမ်ပြောင်းလဲမည်

ရန်ကုန်စတော့ အိတ်ချိန်း(YSX)တွင် ရင်းနှီးမြှုပ်နှံသူအရေအတွက် ပိုမိုတိုးတက် များပြားလာစေရန် နှင့် ဈေးကွက်ပိုမို သွက်လက်လာစေရန်အတွက် ရှယ်ယာအရောင်းအ၀ယ်ပြုလုပ်သည့် Matching Time (အရောင်း အ၀ယ်ပြုလုပ်သည့်ကြိမ်ရေ)ကို တစ်နေ့တွင် နှစ်ကြိမ်အစား လေးကြိမ် သို့ ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုလည်း သိခဲ့ရပါတယ်။

Thursday, 15 February 2018 08:59

အစိုးရက ကြိုတင်ခွန်မကောက်ခံတော့ပေ

စီးပွားရေးလုပ်ငန်းများ၏ ငွေပင်ငွေရင်းများမှ နုတ်ယူပေးသွင်းသည့်  ကြိုတင်ဝင်ငွေခွန်ခေါ် Withholding Tax ကိုအစိုးရက ကောက်ခံတော့မည် မဟုတ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ထံ ယခုရက်သတ္တပတ်က အကြောင်းကြား အသိပေးသည်။

Wednesday, 29 November 2017 11:20

ကြိုတင်ဝင်ငွေခွန်ကောက်သည့်စနစ် ပြောင်းလဲရန် အခွန်ဦးစီးဌာန စီစဉ်

စီးပွားရေးလုပ်ငန်းရှင် များထံမှ ကြိုတင်ဝင်ငွေခွန် ကောက်သည့်စနစ်ကို ပြောင်းလဲ ရန် စီစဉ်နေကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်ဦးမင်းထွဋ်က ပြောသည်။ စီးပွားရေးလုပ်ငန်းရှင်များ က ကြိုတင်ဝင်ငွေခွန်အဖြစ် ၂ ရာ ခိုင်နှုန်းပေးဆောင်နေရခြင်းမှ အ ခွန်ထမ်းဆောင်မည့် သူကိုယ်တိုင် အလယ်အလတ်ဆိုင်ရာအခွန်ရုံး နှင့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် သုံးလတစ်ကြိမ် အ ခွန်ပေးဆောင်ရမည့်စနစ်ကို ပြောင်းလဲရန် စီစဉ်နေကြောင်း ၎င်းကဆိုသည်။ ‘‘အခွန်ထမ်းတွေ လိုက်နာ ဆောင်ရွက်မှုအားကောင်းလာလို့ အခုလိုဖြေလျှော့ဖို့ စဉ်းစားတာ ပါ’’ ဟုဦးမင်းထွဋ်က ပြောသည်။ ကြိုတင်ဝင်ငွေခွန်ကောက်ခံ မှုစနစ်ပြောင်းလဲမည့်အစီအစဉ် သည် ပို့ကုန်မြှင့်တင်ရေးကို တွန်း အားပေးသည့် အစီအစဉ်တစ်ခု ဖြစ်သည်ဟု မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဦး ရဲမင်းအောင်က ပြောသည်။ ကုန်ပစ္စည်းများ ပြည်ပတင် ပို့ခြင်း၊ ပြည်ပမှတင်သွင်းခြင်းတို့မှ ကြိုတင်ဝင်ငွေခွန်ကို မကောက် ဘဲ၊ သုံးလတစ်ကြိမ်အခွန်ထမ်း ဆောင်ရမည့်စနစ်ကို ပြောင်းလဲ ခြင်းသည် စီးပွားရေးလုပ်ငန်းရှင် များအတွက် ငွေလှည့်သုံးနိုင်ခြင်း၊ အတိုးနှုန်းသက်သာခြင်းစသည့် အခွင့်အရေးများရှိသည်ဟု ပြည် ပသို့ဆန်တင်ပို့နေသည့် လုပ်ငန်း ရှင် ဦးမျိုးသူရအေးက ပြောကြားသည်။ ကြိုတင်ဝင်ငွေခွန်ကောက်ခံ ခြင်းစနစ်သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးဦး သိန်းစိန်အစိုးရလက်ထက်တွင် အခွန်နှုန်းထားပြုပြင်ပြောင်းလဲမှု များစွာပြုလုပ်၍ ကြိုတင်ဝင်ငွေ ခွန် ကောက်ခံခြင်းကိုလည်း အ ပြောင်းအလဲအချို့ ပြုလုပ်ခဲ့ သည်။ သို့သော် အခွန်ထမ်းဆောင် သူအချို့၏ ပျက်ကွက်မှုများ ကြောင့် ကြိုတင်ဝင်ငွေခွန်စနစ်ကို ပြန်လည်ပြင်ဆင်ခဲ့ရကြောင်း စီး ပွားရေးလုပ်ငန်းရှင်အချို့ကပြော ကြားသည်။ Source: 7 days new

Wednesday, 25 October 2017 09:49

မူဝါဒအပြောင်းအလဲနှင့် အခွန်များက ကားဈေးကြီးအောင် တွန်းတင်

ယာဉ်တင်သွင်း ရောင်းချသူများအတွက် ၂၀၁၇ တွင် ကြီးမားသော အပြောင်းအလဲများ စတင်ရင်ဆိုင်နေရပြီဖြစ်သည်။ တစ်ဆက်တည်းမှာပင် ယခုဘဏ္ဍာနှစ်အသစ်အတွက် တိုးပွားလာသော အခွန်နှုန်းထားများက လူလတ်တန်းစားများ ကားဝယ်စီးရေးအိပ်မက်ကို ဖျက်ဆီးရန် ခြိမ်းခြောက်လာသည်။ဂျပန်တစ်ပတ်ရစ်ကားများ၏ မြန်မာနိုင်ငံအပေါ် တင်သွင်းနေမှုမှာ ကားတင်သွင်းမှု မူဝါဒအသစ်ကြောင့် ပြီးခဲ့သည့် ၂၀၁၆ တွင် အဆုံးသတ်ခဲ့ပြီဖြစ်သည်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အစ ဧပြီ ၁ ရက်တွင် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းလိုသူများအတွက် အခွန်နှုန်းထားများကို မတ်လအတွင်းက သတ်မှတ်ကြေညာခဲ့သည်။ အခွန်အသစ်တွေ တိုးလာ အင်ဂျင်ပါဝါ ၁၅၀၀ စီစီအထက်မှစ၍ အထူးကုန်စည်ခွန်နှင့် စလစ်ကပ်ကားများကို ကြိုတင်ဝင်ငွေခွန် ကောက်ခံမည်ဖြစ်ရာ ၀င်ငွေခွန်နှင့် အခြားအခွန်များ တိုးလာသောကြောင့် မူလရောင်းချမည့် ကားတန်ဖိုးထက် ဈေးမြှင့်ရောင်းချမှသာ တွက်ခြေကိုက်တော့မည့်အနေအထားဖြစ်သည်။ ‘‘အဓိကကတော့ ကားဝယ်စီးနိုင်မယ့် လူတန်းစားအရေအတွက် လျော့နည်းသွားမယ်’’ဟု Farmer Auto ကားအရောင်းစင်တာမှ ဒေါက်တာစိုးထွန်းကပြောကြားသည်။ မူဝါဒအသစ်အရ ဖရီးပါမစ်ဖြင့် တင်သွင်းသူများသည် ၂၀၁၅၊၂၀၁၆၊ ၂၀၁၇ မော်ဒယ်ကို အနိမ့်ဆုံးထားတင်သွင်းရမည်ဟု သတ်မှတ်ထားသည်။ ယာဉ်အိုယာဉ်ဟောင်းစလစ်ကပ် တင်သွင်းသူများအနေဖြင့် ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅ မော်ဒယ်များသာ တင်သွင်းရမည်ဟု သတ်မှတ်ထားသည်။ ဖရီးပါမစ်ဖြင့် တင်သွင်းသူများသည် ဘယ်မောင်းအမျိုးအစားကားသစ်များကိုသာ တင်သွင်းရမည်ဖြစ်သောကြောင့် ပြည်တွင်းမှ လူကြိုက်များပြီး တင်သွင်းနေသည့် ဂျပန်နိုင်ငံမှ တစ်ပတ်ရစ်ကားများ အဆုံးသတ်ခဲ့ရသည်။ တစ်ဆက်တည်းမှာပင် ဦးသိန်းစိန်အစိုးရလက်ထက်က လူလတ်တန်းစားများ စီးနိုင်သဖြင့် အရေအတွက်အမြောက်အမြား စံချိန်တင်တင်သွင်းခဲ့သည့် ၂၀၀၀ စီစီအောက်ကားများကို ယခုနှစ်တွင် အထူးကုန်စည်ခွန်အဖြစ် ကောက်ခံမည်ဟု သတ်မှတ်ခြင်းကြောင့် ကားတင်သွင်းသူများ အခက်တွေ့နေပြီဖြစ်သည်။ အဆိုပါ ၂၀၀၀ စီစီအောက်ကားများကို အထူးကုန်စည်ခွန် ၂၀ ရာခိုင်နှုန်း ကောက်ခံမည်ဆို ခြင်းကြောင့် ကား၏ မူလတန်ဖိုးထက် အနည်းဆုံး ကျပ်သိန်း ၂၀ကျော် ယခင်ကထက် ပိုမိုကုန်ကျနိုင်သည်။ ၂၀၀၀ စီစီကားမှာ စလစ်ကပ်ကား ဖြစ်နေပါက ကြိုတင်ဝင်ငွေခွန်မှာ ထပ်မံပေးဆောင်ရမည့်အခြေအနေ ရှိနေသောကြောင့် ကားတစ်စီးလုံး၏ တန်ဖိုးတွင် ကျပ်သိန်း ၁၀၀ ခန့် အခွန်ဆောင်ရမည့် အခြေအနေဖြစ်နေသည်။ ဥပမာအားဖြင့် အင်ဂျင်ပါဝါ ၂၀၀၀ အောက်ကားတစ်စီးကို ဂျပန်နိုင်ငံမှ လေလံဆွဲဝယ်ယူပါက ကြိုတင်ဝင်ငွေခွန်၊ ဆိပ်ကမ်းခွန်၊ ကညနခွန်၊ အထူးကုန်စည်ခွန်တို့ဖြင့်ပေါင်း၍ တွက်ချက်ပြီး အခွန်ဆောင်ရမည်ဖြစ်ကာ စုစု ပေါင်း အခွန်ဆောင်ရမည့်နှုန်းမှာ ကျပ်သိန်း ၁၀၀ မှ ၂၀၀ ခန့်အထိကားအမျိုးအစားပေါ်မူတည်၍ ပေးဆောင်ရမည့် အခြေအနေဖြစ်ကြောင်း ကားဈေးကွက်ကျွမ်းကျင်သူ အချို့ကပြောသည်။ ယင်းအခွန်နှုန်းထားများတွင် သင်္ဘော တင်ခနှင့် ဂျပန်လေလံကြေးပင် မပါရှိသေးပေ။ သီလဝါဆိပ်ကမ်းတွင် ကားများ ရပ်နားထားစဉ် အခွန်ကြောင့် ကားဈေးတက်ပြီး ၀ယ်သူနည်းနိုင် ပြီးခဲ့သည့် ၂၀၁၆ က ဈေးကွက်အတွင်း ကျပ်သိန်း ၂၀၀ ၀န်းကျင်ဖြင့် ရောင်းချရသည့်ကားမှာ ယခု ၂၀၁၇ ဧပြီတွင် ကျပ်သိန်း ၃၅၀ကျော်အထိ ဈေးမြှင့်ရောင်းချမှသာ တွက်ခြေကိုက်မည့် အနေအထားရှိကြောင်း Japan Online ကားရောင်းဝယ်ရေးမှ ဦးထင်လင်းကဆိုသည်။ ‘‘အခွန်ပေါ် အခွန်ဆင့်ရင်း တစ်ပတ်ရစ်ကားဈေးကွက်က ခန့်မှန်းရခက်လာပြီ။ အရောင်းအ၀ယ်က အေးသွားနိုင်တယ်။ ဈေးတက်တော့ ၀ယ်မယ့်သူလည်း နည်းသွားနိုင်တယ်’’ဟု MMM ကားအရောင်းစင်တာမှ ကိုမင်းမင်းမောင်ကပြောသည်။ အစိုးရသစ်၏ ယခုမူဝါဒသည် တစ်ပတ်ရစ်ကားဈေးကွက်ကို ပျောက်အောင်ပင် လုပ်နေသကဲ့သို့ဖြစ်ကြောင်း ကားတင်သွင်းရောင်းချသူများက သုံးသပ်နေသည်။ အထူးကုန်စည်ခွန်ရော ကြိုတင်ခွန်ပါကင်းလွတ်သည့် ၁၅၀၀စီစီအောက်ကားများမှာမူ ၀င်ငွေခွန်မကင်းလွတ်သဖြင့် လူကြိုက်များပြီး ဆီစားသက်သာသည့် ဟွန်ဒါဖစ်ကဲ့သို့ အင်ဂျင်ပါဝါနိမ့်ကားများမှာလည်း ဈေးနှုန်းမြင့်တက်သည့် အမျိုးအစားတွင် ပါဝင်လာပြီဖြစ်သည်။ အနိမ့်ဆုံးမော်ဒယ် ၂၀၁၅ မှ ၂၀၁၇ ကို ဘယ်မောင်းသာ တင်သွင်းရတော့မည်ဆိုသည့် ၁၅၀၀ စီစီ အင်ဂျင်ပါဝါနိမ့်ကားများမှာ လက်ရှိဈေးကွက်တွင် လူကြိုက်အများဆုံးကားများဖြစ်နေသည်။ ၂၀၁၆ ဟွန်ဒါဖစ်တစ်စီးလျှင် ကျပ်သိန်း ၁၂၀ ခန့်ဖြင့် ရောင်းချနိုင်သော်လည်း ယခု ၂၀၁၇ တွင်မော်ဒယ်မှာလည်း အမြင့်သာတင်သွင်းရတော့မည် ဖြစ်သောကြောင့် ကျပ်သိန်း ၂၀၀ ကျော်အထိ ဈေးနှုန်းမှာ မြင့်တက်သွားသည်ဟု ကားအရောင်းအ၀ယ်ပြုလုပ်သူများက ပြောသည်။ ယခင်အစိုးရလက်ထက်က သာမန်လူလတ်တန်းစားများ ၀ယ်ယူနိုင်သည့် ကားများမှာ အဓိက ဈေးတက်နိုင်ပြီး အခွန်ဆောင်ရမည့်နှုန်းက များပြားလွန်းသေကြောင့် ကားတင်သွင်းရောင်းချသူများပင် လျော့နည်းမည့် အနေအထားရှိကြောင်း ကျွမ်းကျင်သူများက ပြောသည်။ ဈေးကွက်ဝေစု လျော့လာမယ့် တစ်ပတ်ရစ်ကားများ တင်သွင်းခွင့် မော်ဒယ်များကို မူဝါဒအသစ်အရ တိုးမြှင့်ခြင်းကြောင့် ကားဟောင်းများကို တင်သွင်းခွင့်အရေအတွက် ယခင်ကထက် ၉၀ ရာခိုင်နှုန်းအထိ ဈေးကွက်တွင် လျော့ကျသွားနိုင်ကြောင်း ကားရောင်းဝယ်သူများက သုံးသပ်သည်။ ပြည်တွင်းကားဈေးကွက်တွင် လူကြိုက်များသည့် ကျပ်သိန်း ၁၀၀ ခန့်ကားအမျိုးအစား ၁၃၀၀ စီစီအင်ဂျင်ပါဝါကားငယ်များမှာ လက်ရှိဈေးကွက်တွင် မရှိသလောက် နည်းပါးသွားပြီဖြစ်သည်။ ထို့ကြောင့် ကျပ်သိန်း ၁၀၀ ကျော်တန်ကားဈေးတန်းတစ်ခု ပျောက်ကွယ်နိုင်ပြီး တစ်ပတ်ရစ်ကားဈေးကွက်လည်း ပျောက်ကွယ်သွားနိုင်ကြောင်း ကားရောင်းဝယ်သူများက ဆိုသည်။ ဖရီးပါမစ်ဖြင့် ယခင်က တင်သွင်းခွင့်ရနေသည့် ကျပ်သိန်း ၁၀၀ ကျော်တန်ကားငယ်များ၏ နေရာတွင် ၂၀၁၅၊ ၂၀၁၆ မော်ဒယ်များဖြစ်သည့် Brand New များနေရာယူလာမည်ဖြစ်သည်။ ယင်းကားများသည် အခွန်များစွာပေးဆောင်ပြီး တင်သွင်းရသော ကိုရီးယားနှင့် တရုတ်ကားများသာ အများဆုံးဖြစ်ကြောင်း သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေး စခန်းမှကားဝယ်ရောင်း ဦးကြီးမြင့်ကပြောသည်။ ကားအသစ်တွေရဲ့ ဈေးကွက်ဝေစု ၂၀၁၇ သည် မူဝါဒအသစ်ကြောင့် ဈေးကွက်တွင် တစ်ပတ်ရစ်ကားရှားပါးလာနိုင်ပြီး ကားအသစ် Brand New များက နေရာယူလာနိုင်သည့် နှစ်တစ်နှစ်ဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။ သို့သော် Brand New ကားအသစ်များသည် သာမန်လူတန်းစားများအတွက် ၀ယ်ယူနိုင်မည့် အနေအထားမရှိသောကြောင့် ရုန်းကန်ရဦးမည်ဖြစ်ကြောင်း မော်တော်ယာဉ်အသစ် တင်သွင်းဖြန့်ဖြူးရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောသည်။ မြန်မာနိုင်ငံတွင် Brand New ကားအသစ် ၀ယ်စီးနိုင်သူသည် လူဦးရေ ငါးသိန်းပင်မရှိကြောင်း ကားအသစ်ရောင်းချသူများအသင်းက ပြုစုထားသော စာရင်းအရသိရသည်။ လူကြိုက်များသည့် Brand New ကားများမှလွဲပြီး အခြား Brand New ကားများသည် တစ်လလျှင် ငါးစီးအထက် ရောင်းရရန်ပင် ခဲယဉ်းနေကြောင်း ဈေးကွက်မှ စုံစမ်းသိရသည်။ မြန်မာနိုင်ငံ၏ လမ်းစနစ်အပါအ၀င် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် မော်တော်ယာဉ်အသစ်များ ဦးစားပေးတင်သွင်းသင့်သည်မှာ မှန်ကန်သော်လည်း လက်ရှိပြည်သူများ၏ ၀င်ငွေအချိုးအစားနှင့် ၀ယ်ယူနိုင်စွမ်းရှိရန် ဦးစွာလုပ်ဆောင်သင့်ကြောင်း ဒေါက်တာစိုးထွန်းကပြောသည်။ ကားထုတ်လုပ်ရေးလုပ်ငန်းတွေ အားကောင်းလာမှာလား ၂၀၁၇ သည် မြန်မာနိုင်ငံတွင် အမှန်တကယ် လိုအပ်နေသည့် ပြည်ပကားကုမ္ပဏီကြီးများ၏ ကားထုတ်လုပ်ရေးလုပ်ငန်းများ အစပြုရင်းနှီးမြှုပ်နှံလာနိုင်ဖွယ် ရှိသည်ဟု ဒေါက်တာစိုးထွန်းက ပြောသည်။ ၂၀၁၇ တွင် ဘယ်မောင်း ကားသစ်တင်သွင်းရမည်ဆိုသောကြောင့် လက်ရှိ ရန်ကုန်မှ ကားအသစ်အရောင်းပြခန်း ၁၇ ခုအတွက် အခွင့်အရေးနှင့် ဈေးကွက်အားသာချက်တစ်ခု ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။ ၂၀၁၇ တွင် ကားထုတ်လုပ်ရေးလုပ်ငန်းအတွက် ခွင့်ပြုမိန့်ကို နစ်ဆန်းနှင့် မစ်ဆူဘီရှီကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ခွင့်ပြုပေးထားပြီဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြော သည်။ ပြည်တွင်းတွင် ထုတ်လုပ်ခွင့်လိုင်စင်ရရှိထားပြီး တွက်ခြေမကိုက်သဖြင့် ရပ်နားထားသည့် နိုင်ငံခြားကားကုမ္ပဏီများသည် ယခုမူဝါဒသစ်ကြောင့် ပြန်လည်လုပ်ကိုင်ရန် စီစဉ်လာနိုင်ကြောင်း မော်တော်ယာဉ်ကျွမ်းကျင်သူများက သုံးသပ်သည်။ ပြည်ပမှ တင်သွင်းသည့် ကုန်ကျစရိတ်နှင့် ပြည်တွင်းတွင်ထုတ်လုပ်သည့် ကုန်ကျစရိတ် အနည်းငယ်သာ ကွာခြားနိုင်သဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့ ပိုမိုဝင်ရောက်လာမည့် အခွင့်အရေးလည်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းသည်။ ကားထုတ်လုပ်ရန် တာစူနေသည် နစ်ဆန်း၊ တိုယိုတာနှင့် အခြားပြည်တွင်းလုပ်ငန်းရှင်ကြီးများအတွက် စတင်ပြင်ဆင်သင့်သည့် အချိန်ဖြစ်ကြောင်း မော်တော်ယာဉ် တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်း ဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါက်တာစိုးထွန်းက ပြောသည်။ ထို့ကြောင့် မူဝါဒအပြောင်းအလဲတွင် အခွန်ပေါ် အခွန်ဆင့်မှုကြောင့် ဈေးနှုန်းမြင့်တက်လာမည့် ပြည်တွင်းကားဈေးကွက်တွင် ဈေးနှုန်းသက်သာစွာဖြင့် ၀ယ်ယူစီးနင်းခွင့်ရရန် ပြည်သူများ အလှမ်းဝေးနေဦးမည်ဖြစ်သည်။ ။ source: 7day daily