Rules and Regulations

Thursday, 08 August 2019 04:30

ကနဦးမှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ပုံ အဆင့်ဆင့်

ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းအား ထောက်ကြန့်/ ရွာသာကြီး/ နေပြည်တော်/ မန္တလေးရုံးများ တွင် အောက်ပါအစီအစဉ်အတိုင်း ဆောင်ရွက်ပေးပါသည်။

Saturday, 13 July 2019 07:18

Supply chain တစ်ခု ဖန်တီးတည်ဆောက်ရာတွင် အထူး သတိပြုဆောင်ရွက်သင့်သည့် အဓိက အချက်များ

သုံးစွဲသူဗဟိုပြု Supply chain တစ်ခု ဖန်တီးတည်ဆောက်ရာတွင် အထူး သတိပြုဆောင်ရွက်သင့်သည့် အဓိက အချက်များပဲ ဖြစ်ပါတယ်။

Wednesday, 15 May 2019 09:53

ကုန်စည်ဖြန့်ဖြူးမှုပုံစံ (ဖွဲ့စည်းပုံ) နှင့် ကုန်စည်ဖြန့်ဖြူးရေးဌာန၊ တည်နေရာ-အဓိကအချက်များ

ကုန်စည်ဖြန့်ဖြူးမှုပုံစံ (Distribution structure) နှင့် ကုန်စည်ဖြန့်ဖြူးရေးဌာန၊ တည်နေရာ (Distribution Center, Location) တို့သည် ကုန်စည်စီးဆင်းမှုဆိုင်ရာကုမ္ပဏီများ (Logistics company) အတွက်အလွန်အရေးပါသည်။

Friday, 05 April 2019 10:20

Supply Chain ကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း ကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း

ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်(Supply Chain) ကိုလည်း အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုကြပါသည်။ ထိုသို့ အဓိပ္ပါယ်ဖွင့်ဆိုမှုများအနက် ထင်ရှားသော အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-

Monday, 25 March 2019 08:04

Logistics ကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း

ထောက်ပံ့ပို့ဆောင်ဖွဲ့စည်းမှု (Logistics) ကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် ကွဲပြားခြားနားမှုများရှိနိုင်ပါတယ်။ logistics ဟူသော စကားလုံးကို business dictionary တွင် အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်-

Saturday, 16 March 2019 06:49

Incoterms အကြောင်း သိကောင်းစရာ

Incoterms အမျိုးအစားများကို အသေးစိတ်ဖတ်ရှုနိုင်ဖို့ ဝေမျှလိုက်ပါတယ်။

Saturday, 12 January 2019 07:22

Transport and Logistics

Transport and Logistics အများအားဖြင့် Transport ဆိုတဲ့ စကားရပ်နဲ့ logistics ဆိုတဲ့ စကားရပ် နှစ်ခုတို့ကို ပို့ဆောင်ရေး နှင့် ထောက်ပံ့ရေးဆိုင်ရာ ကိစ္စရပ်များ အတွက် သုံးစွဲကြလေ့ရှိပြီး၊ အကြမ်းအားဖြင့် အဓိပ္ပါယ် ဆင်တူသလိုမျိုး နားလည် သဘောပေါက်လေ့ ရှိကြပါတယ်။

Saturday, 10 November 2018 04:13

ကုမ္ပဏီသစ်ခြောက်ထောင်ခန့် အွန်လိုင်းဖြင့်မှတ်ပုံတင်ထား

ဩဂုတ်လမှ နိုဝင်ဘာလအထိ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ထားသည့် ကုမ္ပဏီအသစ်ပေါင်း ခြောက်ထောင်ခန့်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်များ စတင်ဆောင်ရွက်စဉ်က နည်းပညာပိုင်း အခက်အခဲများကြောင့် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိအချိန်တွင် ကောင်းမွန်နေပြီဖြစ်ကြောင်း ၎င်းကပြောဆိုသည်။ “ကုမ္ပဏီအသစ်ရော၊ အဟောင်းရော ပေါင်းရင် နှစ်သောင်းခုနစ်ထောင်နီးပါးလောက် အွန်လိုင်းကနေ မှတ်ပုံတင်ထားပါတယ်”ဟု ၎င်းကဆိုသည်။ ကုမ္ပဏီဟောင်းများ ပြန်လည်မှတ်ပုံတင်ရန် ဩဂုတ်လ ၁ ရက်နေ့မှစ၍ ခြောက်လပြည့်သည်အထိ အချိန်ပေးထားပြီး လက်ရှိအချိန်တွင် ကုမ္ပဏီအဟောင်း သုံးသောင်းကျော်သာ မှတ်ပုံတင်ရန် ကျန်ရှိတော့ကြောင်း၊ သတ်မှတ်ထားသည့်ရက်အတွင်း မဆောင်ရွက်ပါက ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ အဆိုပါ မှတ်ပုံတင်အွန်လိုင်းစနစ် အောင်မြင်ပါက နောက်တစ်ဆင့်အနေနှင့် ရင်းနှီးမြှုပ်နှံမှုလျှောက်လွှာများကိုလည်း အွန်လိုင်းမှတစ်ဆင့် ပေးပို့နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ စီးပွားရေးလုပ်ငန်း အစဖြစ်သည့်မှတ်ပုံတင်ခြင်းကို လွယ်ကူစွာ လုပ်ဆောင်နိုင်ခြင်းအားဖြင့် ကမ္ဘာ့ဘဏ်၏ Starting Business အဆင့်တွင် မြန်မာက အဆင့်တက်လာမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်းသည် အချိန်ကုန်သက်သာပြီး လွယ်ကူသည့်အပြင် မိတ်ဖက်လုပ်မည့်ကုမ္ပဏီများ၏ အချက်အလက်များကို သိရှိစေရန် ဝန်ဆောင်မှုပေးသောကြောင့် ယခင်စာရင်း စနစ်ထက် ပိုမိုအဆင်ပြေကြောင်း အထည်ချုပ်လုပ်ငန်းရှင် ဦးအောင်ဝင်းက မှတ်ချက်ပြုပြောကြားသည်။ Source:The Voice

Friday, 19 October 2018 03:37

ပို့ကုန်၊သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် နှင့် မှတ်ပုံတင်ရမည့်သူများ

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်သည် ပြည်ပသို့ကုန်ပစ္စည်းများ တင်ပို့ခြင်း၊ ပြည်ပမှ ကုန်ပစ္စည်းများ တင်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန် ခွင့်ပြုထားသည့် လုပ်ငန်းမှတ်ပုံတင်တစ်ခု ဖြစ်ပါတယ်။ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်ကို ၁၉၄၇ ခုနှစ်၊ ပို့ကုန်သွင်းကုန် ကြီးကြပ်ရေး (ယာယီ) အက်ဥပဒေအရ ၁၉၅၄ ခုနှစ်၊ ပို့ကုန်သွင်းကုန်လုပ်ငန်း လုပ်ကိုင်သူများ မှတ်ပုံတင်ခြင်း အမိန့်ဖြင့် ခွင့်ပြုထုတ်ပေးခြင်း ဖြစ်ပါတယ်။ အောက်ဖော်ပြပါ အဖွဲ့အစည်းများသည်ပို့ကုန်သွင်းကုန်လုပ်ငန်းဆောင်ရွက်ရန်ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာနတွင် လျှောက်ထားနိုင်ပါတယ်။ (က) ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီအက်ဥပဒေနှင့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ(၂၀၁၇)တို့အရ မှတ်ပုံတင်ထားသော- (၁) မြန်မာနိုင်ငံသားတစ်ဦးပိုင် (သို့မဟုတ်)အများပိုင်ကုမ္ပဏီများ (၂) နိုင်ငံခြားသားပိုင်ကုမ္ပဏီ (သို့မဟုတ်)ကုမ္ပဏီရုံးခွဲများ (၃) ဖက်စပ်ကုမ္ပဏီများ ( ခ) သမဝါယမအသင်းဥပဒေအရ တည်ထောင်ထားသော သမဝါယမအသင်း လီမိတက်များ ( ခ) သမဝါယမအသင်းဥပဒေအရ တည်ထောင်ထားသော သမဝါယမအသင်း လီမိတက်များ Source : ကုန်သွယ်ရေးဦးစီးဌာန