Rules and Regulations

Tuesday, 13 December 2022 06:22

မန်မန်းလမ်းကြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံများ ပြင်ဆင်ခြင်းဆိုင်ရာ ကြေညာ

မန်မန်းလမ်းကြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံများ ပြင်ဆင်ခြင်းဆိုင်ရာ ကြေညာ

Friday, 09 December 2022 13:57

တူရကီမှာ ရေနံတင်သင်္ဘောများ ကျောက်ချစောင့်ဆိုင်းနေကြရသည့် အကြောင်းရင်း

တူရကီမှာ ရေနံတင်သင်္ဘောများ ကျောက်ချစောင့်ဆိုင်းနေကြရသည့် အကြောင်းရင်း

Wednesday, 23 November 2022 06:22

လျှပ်စစ်သုံးယာဉ်အတွက် Exemption Code အသိပေးကြေညာ

လျှပ်စစ်သုံးယာဉ်အတွက် Exemption Code အသိပေးကြေညာ

Wednesday, 16 November 2022 09:01

စမ်းသပ်ကာလ အီးဗီတင်သွင်းခြင်းနှင့် စပ်လျဉ်းသည့် စည်းကမ်းချက်များ ထုတ်ပြန်

စမ်းသပ်ကာလ အီးဗီတင်သွင်းခြင်းနှင့် စပ်လျဉ်းသည့် စည်းကမ်းချက်များ ထုတ်ပြန် အစပျိုးစမ်းသပ်ကာလ (Pilot Project ) အတွင်း ပြည်ပမှ လျှပ်စစ်သုံးယာဉ်တင်သွင်းခြင်းဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များ သတ်မှတ်သည့်အမိန့်ကြော်ငြာစာကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၁၂ /၂၀၂၂)ဖြင့် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန် လိုက်သည်။ အစပျိုးစမ်းသပ်ကာလ (Pilot Project ) အတွင်း ပြည်ပမှ လျှပ်စစ်သုံးယာဉ်တင်သွင်းခြင်းဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များ သတ်မှတ်သည့်အမိန့်ကြော်ငြာစာ ၁။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် အစပျိုးစမ်းသပ်ကာလ (Pilot Project) အတွင်း ပြည်ပမှလျှပ်စစ်သုံးယာဉ်များ တင်သွင်းခြင်းအတွက် လိုက်နာရမည့် စည်းကမ်းချက်များကို အောက်ပါအတိုင်းသတ်မှတ်လိုက်သည် - (က) လျှပ်စစ်သုံးယာဉ်တင်သွင်းမည့်ကုမ္ပဏီသည် အရောင်းပြခန်းဖွင့်လှစ်ခွင့် လက်မှတ် ရရှိထားခြင်း မရှိသေးပါက အောက်ပါအချက်များနှင့် ကိုက်ညီရမည် - (၁) မြန်မာနိုင်ငံသားက ဖြစ်စေ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားဖက်စပ် ဆောင်ရွက်ခြင်းဖြင့်ဖြစ်စေ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ရမည်။ (၂) တင်သွင်းမည့် လျှပ်စစ်သုံးယာဉ်၏ အမှတ်တံဆိပ် (Brand) တစ်ခုစီ အတွက် ရောင်းချသည့် ကုမ္ပဏီနှင့် ချုပ်ဆိုထားသည့် အရောင်းအဝယ် သဘောတူ စာချုပ် တင်ပြနိုင်သူဖြစ်ရမည်။ (၃) အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ရရှိပြီး ဖြစ်ရမည်။ ( ခ ) အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် ခွင့်ပြုထားသည့် အစီးအရေအတွက်အတိုင်းသာ တင်သွင်းရမည်။ ( ဂ ) တင်သွင်းမည့် လျှပ်စစ်သုံးယာဉ်များအတွက် လိုအပ်သည့်အာမခံမှု၊ အပိုပစ္စည်း များ (Spare Parts) ရရှိနိုင်မှုနှင့် သုံးစွဲပြီးနောက်ပိုင်း ပြင်ဆင်မှုများကို ဆောင်ရွက်နိုင်သည့် အစီအမံထားရှိရမည်။ (ဃ) လျှပ်စစ်သုံးယာဉ် တင်သွင်းရောင်းချမည့် ကုမ္ပဏီသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အသိအမှတ်ပြုသည့်ဘဏ်တွင် မြန်မာငွေကျပ်သိန်း ၅၀၀ ပေးသွင်းနိုင်ကြောင်း ဘဏ်အာမခံချက် (Bank Guarantee) တင်ပြရမည်။ ( င ) လျှပ်စစ်သုံးယာဉ်တင်သွင်းရောင်းချခွင့်ရသည့် ကုမ္ပဏီသည် တင်သွင်းလာသော ယာဉ်များအား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ရန် အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ဝယ်ယူခွင့် ပါမစ် လျှောက်ထားရမည်။ ဤအမိန့်ကြော်ငြာစာပါ လျှပ်စစ်သုံးယာဉ်ဟူသော စကားရပ်တွင် လျှပ်စစ်သုံးလူစီးယာဉ်နှင့် ခရီးသည်တင်ယာဉ်တို့ အကျုံးဝင်ပြီး BEV (Battery Electric Vehicle)ယာဉ်များသာဖြစ်ရမည်။ ၃။ ဤအမိန့်ကြော်ငြာစာသည် ၂၀၂၃ ခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက် နေ့အထိ အကျိုးသက်ရောက်စေရမည်။ ၄။ ဤအမိန့်ကြော်ငြာစာပါ သတ်မှတ်ချက်များအား လိုအပ်ပါက ပြင်ဆင်ဆောင်ရွက်သွားမည်။ (ပုံ) အောင်နိုင်ဦး ပြည်ထောင်စုဝန်ကြီး

Wednesday, 16 November 2022 04:24

တရုတ်ဗီဇာ လက်ဗွေစနစ်နှင့် စပ်လျဉ်း၍ တရုတ်သံရုံး အသိပေးကြေညာ

တရုတ်ဗီဇာ လက်ဗွေစနစ်နှင့် စပ်လျဉ်း၍ တရုတ်သံရုံး အသိပေးကြေညာ

Sunday, 06 November 2022 14:43

အမေရိကန်က ဒေါ်လာ ၅ သန်း ဆုကြေးထုတ်ခံရသည့် သင်္ဘောပိုင်ရှင် စင်ကာပူတွင် ထိန်းသိမ်းထား

အမေရိကန်က ဒေါ်လာ ၅ သန်း ဆုကြေးထုတ်ခံရသည့် သင်္ဘောပိုင်ရှင် စင်ကာပူတွင် ထိန်းသိမ်းထား

Saturday, 05 November 2022 05:19

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ကုမ္ပဏီများသို့ သတိပေးကြေညာချက်ထုတ်ပြန်

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ကုမ္ပဏီများသို့ သတိပေးကြေညာချက်ထုတ်ပြန်

Friday, 04 November 2022 11:11

မြောက်ကိုရီးယားသို့ လောင်စာဆီတင်ပို့သူ သင်္ဘောကုမ္ပဏီပိုင်ရှင်ကို ဆုကြေး ဒေါ်လာ ၅ သန်းထုတ်ထား

မြောက်ကိုရီးယားသို့ လောင်စာဆီတင်ပို့သူ သင်္ဘောကုမ္ပဏီပိုင်ရှင်ကို ဆုကြေး ဒေါ်လာ ၅ သန်းထုတ်ထား

Thursday, 03 November 2022 16:29

Boeing 737 MAX ပျံသန်းမှု တရုတ်နိုင်ငံတွင် ဆက်လက်ရပ်ဆိုင်းထား

Boeing 737 MAX ပျံသန်းမှု တရုတ်နိုင်ငံတွင် ဆက်လက်ရပ်ဆိုင်းထား