Rules and Regulations

နေ့စဉ်ကုမ္ပဏီအသစ် ၁၀၀ ကျော် မှတ်ပုံတင်နေရ

နေ့စဉ်ကုမ္ပဏီအသစ် ၁၀၀ ကျော် မှတ်ပုံတင်နေရ google.com

          ကုမ္ပဏီဥပဒေသစ်အရ အွန်လိုင်းမှတ်ပုံတင်စနစ်ဖြင့် နေ့စဉ်ကုမ္ပဏီသစ် ၁ဝ၀ ကျော် မှတ်ပုံတင်နေပြီး တစ်လအတွင်းကုမ္ပဏီ

အသစ် ၁,၅၆၀ ကျော်ရှိလာသည်ဟု ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောကြားခဲ့ပါတယ်။


          အွန်လိုင်းစနစ်သုံး ကုမ္ပဏီ မှတ်ပုံတင်စနစ် (MyCo) ကို သြဂုတ် ၁ ရက်တွင် စတင်ကျင့်သုံးခဲ့ပြီး ထိုစနစ်အရကုမ္ပဏီများ ပြန်လည်မှတ်ပုံတင်ရပြီး အသစ်လျှောက်သူများသည်လည်း အွန်လိုင်းမှ တိုက်ရိုက်လျှောက်ထားရပါမည်။

 

          ‘‘ကုမ္ပဏီအသစ်ထောင်တဲ့ သဘာဝကလုပ်ငန်း ထူထောင်လိုတဲ့ဆန္ဒရှိတာ ဖော်ပြတာ။ နိုင်ငံတိုင်းက ကုမ္ပဏီအသစ်ထောင်တာကို စောင့်ကြည့်ကြတယ်။ ကုမ္ပဏီအသစ်ထောင်တာ အရေအတွက် ကျသွားတယ်ဆိုတာ နိုင်ငံ့စီးပွားရေးကျတာပဲ။ အခုက ပုံမှန် ၁၀၀ ကျော် လောက်လျှောက်နေကြတယ်’’ ဟု ရင်းနှီးမြှုပ်နှံမှု နှင်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောဘကားချက်အရ သိခဲ့ရပါတယ်။

 

          လက်ရှိတွင် ကုမ္ပဏီ ၆၀,၀၀၀ ကျော်ရှိပြီး ဥပဒေသစ်အရ ပြန်လည်မှတ်ပုံတင်ရာတွင်လည်း ၅,၀၀၀ ကျော်လက်ခံပြီး ဖြစ်သည်ဟု ဆိုခဲ့ပါတယ်။ထို့ကြောင့် ဦးစီးဌာနတွင် ကုမ္ပဏီဥပဒေသစ်အရ မှတ်ပုံတင်ထားသည့် ကုမ္ပဏီ ၇,၀၀၀ ကျော်ရှိနေသည်ဟု ဦးမျိုးမင်းက ပြောခဲ့ပါတယ်။

 

          ဥပဒေအသစ်တွင် ကုမ္ပဏီ၏ စီးပွားရေး ရည်မှန်းချက်ကို ထည့်သွင်းရန် မလိုခြင်း၊ ပြည်တွင်း၊ပြည်ပကုမ္ပဏီဟူ၍ မခွဲခြား ခြင်းတို့ကြောင့် ကုမ္ပဏီကလုပ်ငန်းအစီရင်ခံစာတင်ပြမှသာ စီးပွားရေးလုပ်ငန်းကို ခွဲခြားနိုင်မည် ဟု ဦးမျိုးမင်းကပြောပြချက်အရ သိရပါတယ်။

 

          နှစ် ၁၀၀ ကျော်ကြာမြင့်နေသည့် ကုမ္ပဏီဥပဒေအသစ်ကို ၂၀၁၄ တွင် ပြင်ဆင်ရေးဆွဲပြီး ၂၀၁၇ တွင် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး ထိုဥပဒေတွင် စီးပွားရေးလုပ်သာကိုင်သာရှိရေး ဖြေလျှော့မှု အများအပြား ပြုလုပ်ထားခဲ့ကြောင်းဌာနက ဆိုထားခဲ့ပါတယ်။

 

Source ; 7 day daily

Read times
Rate this item
(0 votes)