Rules and Regulations

မြန်မာကုမ္ပဏီများ ဥပဒေအရ မှတ်ပုံတင်ထားတယ်ဆိုတာ

မြန်မာကုမ္ပဏီများ ဥပဒေအရ မှတ်ပုံတင်ထားတယ်ဆိုတာ google.com

          မြန်မာနိုင်ငံအတွင်းရှိ ကုမ္ပဏီများကို လုပ်ငန်းအမျိုးအစားနယ်ပယ်အလိုက် ခွဲခြားသိရှိစေရန် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ကုမ္ပဏီများ

နှစ်စဉ်အစီရင်ခံစာတင်ခြင်းစနစ်ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရင်းနှီး မြုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရှိခဲ့ရပါတယ်။

 

          နှစ်စဉ်အစီရင်ခံစာတင်ခြင်းဖြင့် ကုမ္ပဏီများသည် ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း မည်သည့်လုပ်ငန်း၊ မည်သည့် ကဏ္ဍတွင် လုပ်ကိုင်ခဲ့သည့် အခြေအနေစာရင်းကို ကောက်ယူနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

 

"လာမဲ့နှစ်ကနေစပြီးတော့ ကုမ္ပဏီတွေက ၁ နှစ်တစ်ခါ နှစ်စဉ်အစီရင်ခံစာပေးရမယ်ပေါ့။ ဒါပေမဲ့ အခုက ပြန်လည် မှတ်ပုံတင်ခြင်း ၆ လကာလမှာ နှစ်စဉ်အစီရင်ခံစာကို ကင်းလွတ်ခွင့်ပေးထားတယ်။ လူစုံ တက်စုံ စနစ်ထဲကို မရောက်သေးဘူးဆိုတဲ့ သဘောအနေနဲ့ ကျွန်တော်တို့ ကင်းလွတ်ခွင့်ပေးထားတယ်။ ၆ လ နောက်ပိုင်း ဖေဖော်ဝါရီက စမယ့်ဟာမှာ နှစ်စဉ်အစီရင်ခံစာတင်ရမယ်"ဟု ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောခဲ့ပါတယ်။

 

          မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေ ၁၉၁၄ သို့မဟုတ် ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီအက်ဥပဒေဖြင့် မှတ်ပုံတင် ထားသည့် တည်ဆဲကုမ္ပဏီများ၊ အသင်းအဖွဲ့များအနေဖြင့် သြဂုတ် ၁ ရက်မှစတင်၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ၆ လကာလအတွင်း အွန်လိုင်းမှကုမ္ပဏီမှတ်ပုံတင်စနစ်သစ် MyCo တွင် သတ်မှတ်ပုံစံနည်းလမ်းများ အတိုင်း ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်သောကြောင့် ကုမ္ပဏီများ၏ နှစ်စဉ်အစီရင်ခံစာကို ကင်းလွတ်ခွင့် ပေးထားကြောင်း သိရပါတယ်။

 

"မှတ်ပုံတင်စနစ်သစ်အရ ပြည်တွင်း၊ ပြည်ပဆိုတာ ကုမ္ပဏီရဲ့ status တစ်ခုအနေနဲ့ ပြောလို့ရမယ်။ ၂၀၁၇ ခုနှစ် မြန်မာကုမ္ပဏီများ ဥပဒေအရမှတ်ပုံတင်ထားတယ်ဆိုတဲ့ အခြေအနေမျိုးပဲရှိမယ်ပေါ့။ အဲ့တော့ နိုင်ငံခြား ကုမ္ပဏီတွေလည်း တွေ့တယ်။ နိုင်ငံခြားကလာတဲ့ မှတ်ပုံတင်တဲ့ အစုရှယ်ယာပါတယ်ဆိုတဲ့ အခြေအနေမျိုးလည်းရှိ တော့ ဘယ်လုပ်ငန်းက ဘယ်လိုရည်ရွယ်ချက်နဲ့ မှတ်ပုံတင်လည်းဆိုတာအတွက် နှစ်စဉ်အစီရင်ခံစာတင်ခြင်း ကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်"ဟု ဦးမျိုးမင်းက ဆက်လတ်ပြောကြားခဲ့ပါတယ်။

 

          မြန်မာနိုင်ငံတွင် အွန်လိုင်းမှ ပြန်လည်မှတ်ပုံတင်ခြင်းလုပ်ဆောင်လျက်ရှိရာ သြဂုတ် ၁ ရက်မှ သြဂုတ်လကုန်ထိ ပြန်လည်မှတ်ပုံတင်ထားသည့် ကုမ္ပဏီ ၁၅၆၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီပေါင်း ၆၀၀၀၀ ကျော် အထိရှိ၍ ယင်းကုမ္ပဏီများကို ပြန်လည် မှတ်ပုံတင်ရန် ၆ လ အချိန်ပေးထားကာ ထိုကာလအတွင်း မှတ်ပုံတင်ခြင်း မရှိသည့် ကုမ္ပဏီများကို မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း သိခဲ့ရပါတယ်။

 

Source : Myanmar Business Today

Read times
Rate this item
(0 votes)