Transport and Logistics အများအားဖြင့် Transport ဆိုတဲ့ စကားရပ်နဲ့ logistics ဆိုတဲ့ စကားရပ် နှစ်ခုတို့ကို ပို့ဆောင်ရေး နှင့် ထောက်ပံ့ရေးဆိုင်ရာ ကိစ္စရပ်များ အတွက် သုံးစွဲကြလေ့ရှိပြီး၊ အကြမ်းအားဖြင့် အဓိပ္ပါယ် ဆင်တူသလိုမျိုး နားလည် သဘောပေါက်လေ့ ရှိကြပါတယ်။
logistics ဆိုတဲ့ စကားရပ်ရဲ့ အဓိပ္ပါယ်က ပိုမိုကျယ်ဝန်းပြီး၊ Transport ဆိုတာကတော့ Logistics လုပ်ငန်းစဉ် များထဲက တစ်ခုသာ ဖြစ်ပါတယ်။လက်တွေ့ လုပ်ငန်း နယ်ပယ်မှာ သုံးစွဲနေကြတဲ့ Logistics ဆိုတဲ့ စကားရပ်ရဲ့ အနက် အဓိပ္ပါယ် သက်ရောက်မှု အနေနဲ့ကတော့ လုပ်ငန်း ဆောင်တာတိုင်းမှာ အစ မှ အဆုံးထိတိုင်အောင်မြင်စွာ ပြီးမြောက် နိုင်ဖို့အတွက် လိုအပ်တဲ့ ထောက်ပံ့ရေး (Supply)၊ ပို့ဆောင်ရေး (Transport) နှင့် ဖြန့်ဖြူးရေး (Distribution) လုပ်ငန်းများ အပါအဝင် ဆက်စပ် ဆောင်ရွက် ရမယ့် လုပ်ငန်းစဉ်များ နှင့် အဲဒီ လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့အတွက် ထောက်ပံ/ ဖြည့်ဆည်း ပေးရမယ့် ကိစ္စရပ်များ အားလုံးကို Logistics လုပ်ငန်းများလို့ ခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။ဒီကနေ့ မြန်မာနိုင်ငံ အတွင်းမှာ logistics ဆိုတဲ့ စကားရပ်ကို လုပ်ငန်းနယ်ပယ် အသီးသီးမှာ နေ့စဉ်နှင့်အမျှ တွင်ကျယ်စွာ အသုံးပြုလာတာကို တွေ့ရပါတယ်။
Logistics နဲ့ ပတ်သက်ပြီး အခုလိုမျိုးကျယ်ကျယ်ပြန့်ပြန့် ကျင်းပခဲ့တဲ့ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု ရှိခဲ့ဘူးပါတယ်။ အဲဒါကတော့ ပို့ဆောင်ရေးဝန်ကြီးဌာနကနေ ကြီးမှူးပြီးတော့ နေပြည်တော်မှာ ၂၀၀၈ ခုနှစ် မတ်လ (၁၇-၁၈) ရက်နေ့မှာ ကျင်းပခဲ့တဲ့ Logistics ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဖြစ်ပါတယ်။ အဲဒီတုန်းက Logistics ဆိုတဲ့ စကားရပ်ကို “ထောက်ပံ့ ပို့ဆောင်ရေး” လို့ ခေါ်ဝေါ် သုံးစွဲခဲ့ပြီး၊ အလုပ်ရုံ ဆွေးနွေးပွဲ ခေါင်းစဉ် ကိုလည်း “စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အထောက် အကူပြု ထောက်ပံ့ ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းများ စုစည်းမြှင့်တင် ဆောင်ရွက်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ” ဆိုတဲ့ အမည်နဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ logistics ဆိုတဲ့ စကားရပ်ရဲ့ အဓိပ္ပါယ်မှာ ထောက်ပံ့ခြင်း နှင့် ပို့ဆောင်ခြင်း တို့ သာမက အခြား သက်ဆိုင်တဲ့ လုပ်ငန်းစဉ်တွေ အတွက် လိုအပ်တဲ့ ဖြည့်ဆည်းပေးရမယ့် ပံ့ပိုး ဆောင်ရွက်ရန် ကိစ္စရပ်တွေပါ ပါဝင်ရမှာ ဖြစ်တဲ့ အပြင်၊ ဆက်စပ်လုပ်ငန်းစဉ်များ အလိုက် လိုအပ်တဲ့ ကိစ္စရပ်တွေကို စီမံ ဆောင်ရွက်ခြင်း စတာတွေပါ ပါဝင်တဲ့အထိအနက် အဓိပ္ပါယ် ကျယ်ဝန်းလျှက်ရှိတာကို တွေ့ရှိလာရကြပါတယ်။
Logistics ဆိုတဲ့ စကားရပ်ရဲ့ အနက် အဓိပ္ပါယ် ပိုမို ကျယ်ပြန့်လာတာနဲ့အမျှ နောက်ပိုင်းမှာ “ထောက်ပံ့ ဖြည့်ဆည်း စီမံ ဆောင်ရွက်မှု” လို့ ပြောင်းလဲ ခေါ်ဆိုလာကြပြီး၊ တရားဝင် အဓိပ္ပါယ် ဖွင့်ဆိုမှုအနေနဲ့ကတော့ ၂၀၁၄ ခုနှစ်မှာ ထုတ်ပြန် ပြဌာန်းခဲ့သည့် “ဘက်စုံ ပို့ဆောင်ရေး ဥပဒေ” ရဲ့ နည်းဥပဒေများ၊ ပုဒ်မ ၂ (စု) မှာ အောက်ပါအတိုင်း ဖွင့်ဆို ထားတာ တွေ့ရပါတယ်။ထောက်ပံ့ဖြည့်ဆည်း စီမံဆောင်ရွက်မှု (Logistics) ဆိုသည်မှာ “ကုန်ကြမ်း ရှာဖွေမှု မှသည် ကုန်ချောအဆင့်အထိ ထုတ်လုပ်ရေး၊ ထားသိုရေး၊ ဖြန့်ဖြူးရေး၊ မြန်ဆန်သွက်လက်စွာ ကုန်စည်စီးဆင်းရေး၊ ကုန်တင်သွင်းရေး၊ တင်ပို့ရေးနှင့် ပြည်တွင်း ပြည်ပရှိ စားသုံးသူများ၏ လိုအပ်ချက်နှင့်အညီ ၎င်းတို့ထံ အရောက် ပို့ဆောင်နိုင်ရေးတို့အတွက် သတင်းအချက်အလက်များရယူပြီး စရိတ်စကသက်သာစွာဖြင့် ကြီးကြပ်၍ ထိရောက်စွာ အကောင်အထည်ဖော်ကာ စီမံချက်ချပြီး ခေတ်မီသိပ္ပံနည်းကျလုပ်ကိုင် ဆောင်ရွက်ပေးသည့်နည်းလမ်း သို့မဟုတ် စနစ်ကို ဆိုသည်။
” logistics နဲ့ ပါတ်သက်ပြီး နိုင်ငံတကာ အဓိပ္ပါယ် ဖွင့်ဆိုချက် အနေနဲ့ ဆက်စပ်ပြီး ပြောရမယ်ဆိုရင်တော့ အမေရိကန်နိုင်ငံမှာ ကုန်ပစ္စည်း ပို့ဆောင်ဖြန့်ဖြူးခြင်းနှင့် သက်ဆိုင်တဲ့ ကျွမ်းကျင်ပညာရှင်များ၊ အကြံပေး ပုဂ္ဂိုလ်များ၊ လုပ်ငန်း မန်နေဂျာများ ပူးပေါင်းပြီး ၁၉၆၃ ခုနှစ်မှာ the National Council of Physical Distribution Management (NCPDM) ဆိုတဲ့ အဖွဲ့အစည်းကို ထည့်ပြောဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ NCPDM အဖွဲ့ဟာ ကုန်ပစ္စည်း ဖြန့်ဖြူးရေး စီမံခန့်ခွဲမှု ဆိုင်ရာ လုပ်ငန်းစဉ်များ နှင့် ပတ်သက်ပြီး ကမ္ဘာအနှံ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၅ ခုနှစ်မှာတော့ the Council of Logistics Management (CLM) အမည်သို့ပြောင်းလဲ ပြီး အမေရိကန်နိုင်ငံအတွက်သာမက နိုင်ငံတကာအတိုင်းအတာဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။
Council of Logistics Management (CLM) sadya Logistics Management ဆိုတဲ့ စကားရပ်ကို ၁၉၉၈ ခုနှစ်မှာ အောက်ပါအတိုင်း အဓိပ္ပါယ် ဖွင့်ဆိုခဲ့တာကို ကမ္ဘာအနှံ အဖွဲ့အစည်းတွေကို လက်ခံသုံးစွဲလျှက် ရှိပါတယ်။
Source : Dr.Myo