Rules and Regulations

Supply Chain ကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း ကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း

Supply Chain ကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း ကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း google

ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်(Supply Chain) ကိုလည်း အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုကြပါသည်။ ထိုသို့ အဓိပ္ပါယ်ဖွင့်ဆိုမှုများအနက် ထင်ရှားသော အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-

 

“ကုန်ကြမ်းပစ္စည်းများကို ကုန်ချောပစ္စည်းများအဖြစ်သို့ ပြောင်းလဲနိုင်ရန် ဖွဲ့စည်းတည်ဆောက်ထားသည့် ထုတ်လုပ်မှုဖြစ်စဉ်တစ်ခုဖြစ်ပြီး ထို့နောက်နောက်ဆုံးစားသုံးသူများထံသို့ ပေးပို့ခြင်းဖြစ်ပါတယ်။”

 

အထက်ပါအဓိပ္ပါယ်ဖွင့်ဆိုချက်ကို တစ်နည်းအားဖြင့် ဖော်ပြရပါက ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်သည် ကုန်ကြမ်းပစ္စည်းများ (အရင်းအမြစ်များ) မှစတင်၍ ကြားတွင် တန်ဖိုးမြှင့်လုပ်ဆောင်ချက်များပါဝင်ပြီး နောက်ဆုံးတွင် ကုန်ချောပစ္စည်းကို စားသုံးသူလက်ဝယ်သို့ ရောက်ရှိအောင် ပေးပို့ခြင်းဖြစ်ပါတယ်။

 

 32680590_1670183383102284_2350259134332403712_n.jpg

 

နောက်ထပ် အဓိပ္ပါယ် ဖွင့်ဆိုချက်တစ်ခုမှာ

 

“ကုန်ပစ္စည်းထုတ်လုပ်သူများ၊ ကုန်ပစ္စည်းပေးသွင်းသူများ၊ ဖြန့်ဖြူးသူများ လက်လီရောင်းချသူများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ သတင်းအချက်အလက်နှင့် အခြားထောက်ပံ့ပို့ဆောင် ဝန်ဆောင်မှုပေးသူများ အစုအဖွဲ့မှ စားသုံးသူများကို ကုန်ပစ္စည်းများ ပံ့ပိုးပေးရန်အတွှက် တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်ဆောင်ရွက်ခြင်း ဖြစ်သည်။ ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်တွင် ကုမ္ပဏီအဖွဲ့အစည်း အတွင်းနှင့်အပြင်မှ လုပ်ဖော် ကိုင်ဖက်များဖြင့် ပါဝင်ဖွဲ့စည်းထားခဲ့ပါတယ်။”

 

Logistics နှင့် Supply Chain ခြားနားချက်ကို အောက်ပါညီမျှခြင်းဖြင့် ရှင်းလင်းဖော်ပြနိုင်ပါသည်-


Logistics = Materials management + Distribution


Supply Chain = Suppliers + Logistics + Customers

 

Source : Shipping and Logistics

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)