Rules and Regulations

အမည်ပေါက် ပြောင်းလဲထားခြင်းမရှိပါက ဒဏ်ကြေး ကျပ် သုံးသိန်းအထိ ပေးဆောင်ရဖွယ်ရှိ

အမည်ပေါက် ပြောင်းလဲထားခြင်းမရှိပါက ဒဏ်ကြေး ကျပ် သုံးသိန်းအထိ ပေးဆောင်ရဖွယ်ရှိ google

ယာဉ်ပိုင်ရှင်အမည်ပေါက်ပြောင်းလဲမည်ဆိုပါက အမည်ပြောင်းခ ငွေကျပ် ၅၀၀၀ သာကျသင့်မည်ဖြစ်သည်။

 

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်မှ အမည်ပြောင်းခကို ကျပ် ၅၀၀၀ ပဲကောက်ခံမှာဖြစ်ပါတယ်။ သက်တမ်းရှိတဲ့ယာဉ်ဆိုရင် ကားလာစရာမလိုဘူး။ မှတ်ပုံတင်လိုမယ်၊ သန်းခေါင်စာရင်းလိုမယ်၊ ရပ်ကွက်ထောက်ခံစာလိုမယ်၊ ပြည်တွင်းအခွန်ဦးစီးဌာနရဲ့ အခွန်ပုံစံ ၁ အခွန်စိမ်းစာရွက်နဲ့ ယာဉ်ပိုင်ရှင်ရဲ့ ခံဝန်ချက်လိုပါမယ်။ ဒါတွေပြည့်စုံရင် ပိုင်ရှင်ကိုယ်တိုင်ပဲဖြစ်ဖြစ် အိမ်ထောင်စုစာရင်းဝင် တစ်ယောက်ယောက်ပဲဖြစ်ဖြစ်လာရင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ နေ့ချင်းပြီးဆောင်ရွက်ပေးဖို့ စီစဉ်ထားပါတယ်။

 

owner.jpg

 

 

owner2.jpg

 

ကညန(မြင်သာ) ရုံးတွင် တစ်ရက်လျှင် ပျဉ်းမျှယာဉ်စီးရေ ၃၀၀ ခန့် လာရောက်သက်တမ်းတိုးဆောင်ရွက်လျက်ရှိပြီး ယခုလတွင် ၄၀၀ ခန့်သို့ တိုးတက်လာခဲ့ကြောင်း၊ယာဉ်စီးရေ၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းသာ ပိုင်ရှင်အမည်ပေါက်မှန်ကန်မည်ဟု အကြမ်းဖျဉ်းခန့်မှန်းထားကြောင်း ကညန တိုင်းညွှန်မှူး၏ပြောကြားမှုအရသိရသည်။

 

owner1.jpg

 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှစပြီး လက်ရှိပိုင်ရှင်အမည်သို့ ပြောင်းလဲခြင်းမရှိပါက ယာဉ်သက်တမ်းတိုးခြင်းများကို ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း၊ ယာဉ်ပိုင်ရှင်အမည်ပြောင်းလဲ ထားခြင်းမရှိပါက မော်တော်ယာဉ်ဥပဒေအရ ဒဏ်ကြေး ကျပ်တစ်သိန်း ပေးဆောင်ရမည်ဖြစ်ပြီး ဒဏ်ကြေးကို ကျပ် သုံးသိန်းအထိတိုးမြှင့်ရန် စီစဉ်ထားကြောင်း ကညနက ထုတ်ပြန်ထားသည်။

 

Myanmar Logistics Guide

Read times
Rate this item
(3 votes)