Rules and Regulations

ကားအမည်ပြောင်းလျှောက်ရန်

ကားအမည်ပြောင်းလျှောက်ရန် google

မိမိကား အမည်ဖောက်လုပ်ရန်အတွက် အရင်ဆုံး မိမိနေထိုင်ရာ မြို့နယ် အခွန်ရုံးသို့ အောက် ပါ စာရွက်စာတမ်းများနှင့်အတူ သွားရောက် လျှောက်ထားရပါမည်။

1 – သန်းခေါင်စာရင်း (မူရင်း၊ မိတ္တူ)
2 – မှတ်ပုံတင် (မူရင်း၊ မိတ္တူ)
3 – Owner book (မူရင်း၊ မိတ္တူ)
4 – Wheel tag (မူရင်း၊ မိတ္တူ)
5 – အရောင်းအဝယ်စာချုပ် (မူရင်း၊ မိတ္တူ) (အရောင်းအဝယ်စာချုပ်သည် အမည်ပေါ က်နှင့် မိမိ တိုက်ရိုက်ချုပ်ဆိုထားသော စာချုပ်ဖြစ်ရပါမည်။)
6 – ကားဓာတ်ပုံ ( ရှေ့ပုံ၊ အနောက်ပုံ၊ ဘေးတိုက်ပုံ အားလုံးပေါင်း ၃ ပုံ။ ဓာတ်ပုံကို မိမိကိုယ်တိုင် ဖုန်းဖြင့်ရိုက်၍ ဓာတ်ပုံဆိုင်မှာ သွားကူးပါ။)

 

(ကားဓာတ်ပုံမှအပ ကျန်စာရွက်စာတမ်းများအား မိတ္တူ ၂ စုံ ကူးပါ။ အခွန်ရုံးအတွက် တစ်စုံ၊ ကညန ရုံးအတွက်တစ်စုံ)

 

အထက်ဖော်ပြပါ စာရွက်စာတမ်းများ ပြည့်စုံပါက အခွန်ရုံးရှိ မိမိရပ်ကွက်ကို ကိုင်သော စာရေး ထံတွင်တင်ရပါမည်။စာရေးမှ မိမိကားအား ရာဖြတ်မှ သတ်မှတ်ပေးထါးသော ဇယားတွင် တန် ဖိုး ကို ကြည့်၍ ၃ ရာခိုင်နှုန်းတွက်ချက်ပါသည်။

 

(ဘဏ်ငွေသွင်းရာတွင် ငွေသွင်းချလန်စာရွက်၏ နောက်ကျောတွင် သွင်းမည့်ငွေတွင် ၅၀၀၀ တန် ဘယ်နရွက်၊ တစ်သောင်းတန် ဘယ်နရွက် စသဖြင့် အတိအကျရေးထားပေးပါ။) ဘဏ် တွင် ငွေသွင်းပြီးပါက ငွေသွင်းပြေစာကို မိတ္တူတစ်ရွက်ကူး၍ အခွန်ရုံးစာရေးထံသို့တခါ သွားေ ရာက်ပေးအပ်ရပါမည်။အခွန်ရုံးမှ အခွန်စိမ်းစာရွက် ၂ ရွက် ထုတ်ပေးပါမည်။မူရင်းဟု ရေးထားေ သာစာရွက်မှာ ကညန ရုံးသို့ ပေးရပါမည်။

 

ပ-မူရင်းဟု ရေးထားသောစာရွက်နှင့် ဘဏ်ငွေသွင်းချလန်မှာ မိမိသိမ်းထားရပါမည်။ တစ်ရက် ကုန်သွားပါမည်။ (စောစောပြီးသူများပင် နေ့ခင်း ၁နာရီခန့်မှ ပြီးပါသည်။)( အခွန်စိမ်းစာ ရွက်သ ည် ကားပြန်ရောင်းသည့်အခါ ထည့်မပေးရပါ။ မိမိကိုယ်တိုင် အခွန်ဆောင်ထားသော စာရွက်ြ ဖစ်သဖြင့် မိမိနှင့်သာ သက်ဆိုင်သည်။ )

 

နောက်တစ်နေ့တွင် သင်၏ကား ယခင်သက်တမ်းတိုးခဲ့ဖူးသော ကညန ရုံးသို့ စာရင်း အထွက် သွားလုပ်ပါ။ (ဥပမာ ယခင်အမည်ပေါက်သူသည် လှိုင်မြို့နယ်လိပ်စာဖြစ်ပါက အင်းစိန် ကညန သို့သွားရပါမည်။ )

 

အောက်ပါစာရွက်စာတမ်းများ လိုအပ်ပါသည်။

 

၁)သန်းခေါင်စာရင်း (မူရင်း၊ မိတ္တူ)
၂)မှတ်ပုံတင် (မူရင်း၊ မိတ္တူ)
၃)Owner book (မူရင်း၊ မိတ္တူ)
၄)Wheel tag (မူရင်း၊ မိတ္တူ)
၅)အရောင်းအဝယ်စာချုပ် (မူရင်း၊ မိတ္တူ)
၆)အခွန်ရုံးကထုတ်ပေးလိုက်သော မူရင်း ဟုရေးထားသော အခွန်စိမ်းစာရွက် (မူရင်း)

 

မူရင်းများကို တောင်းကြည့်မှ ထုတ်ပြပါ။

 

ယာဉ်အား စစ်ဆေးမည်မဟုတ်ပါ။ ကားကို မယူသွားလဲရပါသည်။

 

Owner book နှင့် wheel tag တွင် ပိုင်ရှင် အမည်နှင့် နေရပ်လိပ်စာပြောင်းပေးရုံသြာ ဖစ်သည်။ Wheel Tag အသစ် ထုတ်ပေးပါသည်။

 

ကညန ရုံးတွင်

 

၁)ကားအမည်ပြောင်းအတွက် ဟုပြောကာ ဖောင်ထုတ်ယူပါ။
ဖောင်ဖြည့်ပြီး Computer ဌာနတွင် စစ်ပါ။

 

၂)ထို့နောက် ခရိုင်ဦးစီးမှူးနှင့် ဝင်တွေ့ပါ။ တန်းစီစောင့်ရသည်။ လူများလျှင် အတော်ကြာ ကြာ စောင့်ရပါသည်။

၃)ထို့နောက် ငွေတွက်ကောင်တာတွင် သွင်းရမည့်ငွေကို တွက်ပါ။ (ကောင်တာများတွင် ကားနံပါတ် ရှေ့အက္ခရာများ ရေးထားပါသည်။ မိမိကားနံပါတ်အက္ခရာရှိသော ကောင် တာသို့ သွားပါ။)

၄)ငွေသွင်းကောင်တာတွင် ငွေသွင်းပါ။ ပြေစာရမည်။

၅)ငွေတွက်ခဲ့သော ကောင်တာသို့ ပြန်သွားတင်ပါ။

 

တော်ကြာကြာစောင့်ပြီးနောက် owner book (အတွင်းစာမျက်နှာတွင် သင်၏ အမည်ပါပြီး) ၊Wheel tag အသစ်(သင်၏ အမည်ဖြင့်) ၊အထွက်စာ ၂ စောင် တို့ကို ထုတ်ပေးပါသည်။ဝင်စာထွက်စာ ကောင်တာသို့သွားပါ။ မှတ်တမ်း စာအုပ်တွင် စာရင်းသွင်းပြီး အထွက်စာ တစ်စောင်ကို သိမ်းယူခဲ့ကာ ကျန်တစ်စောင်ကို စာအိတ်ဖြင့် တုံးထုပိတ်ပြီး ပြန်ပေးပါသည်။

 

ငွေတွက်ခဲ့သော ကောင်တာသို့ ပြန်သွားပါ။ သူတို့စီစစ် စာရင်းသွင်းပြီးပါက အထွက်ကိစ္စြ ပီးပါပြီ။ owner book ၊ wheel tag အသစ်နှင့် စာအိတ်ထဲထည့်ထားသော အထွက်စာ၊ ကညန ငွေသွင်းချလန်တို့ကို ပြန်ပေးပါသည်။နောက်တစ်နေ့တွင် သင်နေထိုင်ရာ လိပ်စာ၏ အပိုင် ကညနရုံးသို့ အထွက်ရုံးကပေးလိုက်သော စာရွက်စာတမ်းများဖြင့်သွားကာ အဝင်စာရင်းသွင်းရပါသည်။လက်ရှိ လုပ်ထုံးလုပ်နည်းများနှင့် ကိုယ်တိုင်ကြုံတွေ့ သိရှိလာရသည်များကို မျှဝေခြင်းသာ ဖြစ်ပါသည်။ အားလုံး အဆင်ပြေနိုင်ကြပါစေ။

 

 Transportation Services သယ်ယူပို့ဆောင်ရေးလုပ်ငန်းပေါင်း ၇၉၀ ကိုရှာရန်နှိပ်ပါ

 

Zawgyi ျဖင့္ဖက္ရႈ႕ရန္
>>>>>>>>>>

 

ကားအမည္ေျပာင္းေလွ်ာက္ရန္

 

မိမိကား အမည္ေဖာက္လုပ္ရန္အတြက္ အရင္ဆုံး မိမိေနထိုင္ရာ ၿမိဳ႕နယ္ အခြန္႐ုံးသို႔ ေအာက္ ပါ စာ႐ြက္စာတမ္းမ်ားႏွင့္အတူ သြားေရာက္ ေလွ်ာက္ထားရပါမည္။

 

1 – သန္းေခါင္စာရင္း (မူရင္း၊ မိတၱဴ)
2 – မွတ္ပုံတင္ (မူရင္း၊ မိတၱဴ)
3 – Owner book (မူရင္း၊ မိတၱဴ)
4 – Wheel tag (မူရင္း၊ မိတၱဴ)
5 – အေရာင္းအဝယ္စာခ်ဳပ္ (မူရင္း၊ မိတၱဴ) (အေရာင္းအဝယ္စာခ်ဳပ္သည္ အမည္ေပါ က္ႏွင့္ မိမိ တိုက္႐ိုက္ခ်ဳပ္ဆိုထားေသာ စာခ်ဳပ္ျဖစ္ရပါမည္။)
6 – ကားဓာတ္ပုံ ( ေရွ႕ပုံ၊ အေနာက္ပုံ၊ ေဘးတိုက္ပုံ အားလုံးေပါင္း ၃ ပုံ။ ဓာတ္ပုံကို မိမိကိုယ္တိုင္ ဖုန္းျဖင့္႐ိုက္၍ ဓာတ္ပုံဆိုင္မွာ သြားကူးပါ။)

 

(ကားဓာတ္ပုံမွအပ က်န္စာ႐ြက္စာတမ္းမ်ားအား မိတၱဴ ၂ စုံ ကူးပါ။ အခြန္႐ုံးအတြက္ တစ္စုံ၊ ကညန ႐ုံးအတြက္တစ္စုံ)

 

အထက္ေဖာ္ျပပါ စာ႐ြက္စာတမ္းမ်ား ျပည့္စုံပါက အခြန္႐ုံးရွိ မိမိရပ္ကြက္ကို ကိုင္ေသာ စာေရး ထံတြင္တင္ရပါမည္။စာေရးမွ မိမိကားအား ရာျဖတ္မွ သတ္မွတ္ေပးထါးေသာ ဇယားတြင္ တန္ ဖိုး ကို ၾကည့္၍ ၃ ရာခိုင္ႏႈန္းတြက္ခ်က္ပါသည္။

 

(ဘဏ္ေငြသြင္းရာတြင္ ေငြသြင္းခ်လန္စာ႐ြက္၏ ေနာက္ေက်ာတြင္ သြင္းမည့္ေငြတြင္ ၅၀၀၀ တန္ ဘယ္န႐ြက္၊ တစ္ေသာင္းတန္ ဘယ္န႐ြက္ စသျဖင့္ အတိအက်ေရးထားေပးပါ။) ဘဏ္ တြင္ ေငြသြင္းၿပီးပါက ေငြသြင္းေျပစာကို မိတၱဴတစ္႐ြက္ကူး၍ အခြန္႐ုံးစာေရးထံသို႔တခါ သြားေ ရာက္ေပးအပ္ရပါမည္။အခြန္႐ုံးမွ အခြန္စိမ္းစာ႐ြက္ ၂ ႐ြက္ ထုတ္ေပးပါမည္။မူရင္းဟု ေရးထားေ သာစာ႐ြက္မွာ ကညန ႐ုံးသို႔ ေပးရပါမည္။

 

ပ-မူရင္းဟု ေရးထားေသာစာ႐ြက္ႏွင့္ ဘဏ္ေငြသြင္းခ်လန္မွာ မိမိသိမ္းထားရပါမည္။ တစ္ရက္ ကုန္သြားပါမည္။ (ေစာေစာၿပီးသူမ်ားပင္ ေန႔ခင္း ၁နာရီခန႔္မွ ၿပီးပါသည္။)( အခြန္စိမ္းစာ ႐ြက္သ ည္ ကားျပန္ေရာင္းသည့္အခါ ထည့္မေပးရပါ။ မိမိကိုယ္တိုင္ အခြန္ေဆာင္ထားေသာ စာ႐ြက္ျ ဖစ္သျဖင့္ မိမိႏွင့္သာ သက္ဆိုင္သည္။ )

 

ေနာက္တစ္ေန႔တြင္ သင္၏ကား ယခင္သက္တမ္းတိုးခဲ့ဖူးေသာ ကညန ႐ုံးသို႔ စာရင္း အထြက္ သြားလုပ္ပါ။ (ဥပမာ ယခင္အမည္ေပါက္သူသည္ လႈိင္ၿမိဳ႕နယ္လိပ္စာျဖစ္ပါက အင္းစိန္ ကညန သို႔သြားရပါမည္။ )

 

ေအာက္ပါစာ႐ြက္စာတမ္းမ်ား လိုအပ္ပါသည္။

 

၁)သန္းေခါင္စာရင္း (မူရင္း၊ မိတၱဴ)
၂)မွတ္ပုံတင္ (မူရင္း၊ မိတၱဴ)
၃)Owner book (မူရင္း၊ မိတၱဴ)
၄)Wheel tag (မူရင္း၊ မိတၱဴ)
၅)အေရာင္းအဝယ္စာခ်ဳပ္ (မူရင္း၊ မိတၱဴ)
၆)အခြန္႐ုံးကထုတ္ေပးလိုက္ေသာ မူရင္း ဟုေရးထားေသာ အခြန္စိမ္းစာ႐ြက္ (မူရင္း)

 

မူရင္းမ်ားကို ေတာင္းၾကည့္မွ ထုတ္ျပပါ။ယာဥ္အား စစ္ေဆးမည္မဟုတ္ပါ။ ကားကို မယူသြားလဲရပါသည္။Owner book ႏွင့္ wheel tag တြင္ ပိုင္ရွင္ အမည္ႏွင့္ ေနရပ္လိပ္စာေျပာင္းေပး႐ုံၾသာ ဖစ္သည္။ Wheel Tag အသစ္ ထုတ္ေပးပါသည္။

 

ကညန ႐ုံးတြင္

 

၁)ကားအမည္ေျပာင္းအတြက္ ဟုေျပာကာ ေဖာင္ထုတ္ယူပါ။
ေဖာင္ျဖည့္ၿပီး Computer ဌာနတြင္ စစ္ပါ။

၂)ထို႔ေနာက္ ခ႐ိုင္ဦးစီးမႉးႏွင့္ ဝင္ေတြ႕ပါ။ တန္းစီေစာင့္ရသည္။ လူမ်ားလွ်င္ အေတာ္ၾကာ ၾကာ ေစာင့္ရပါသည္။

၃)ထို႔ေနာက္ ေငြတြက္ေကာင္တာတြင္ သြင္းရမည့္ေငြကို တြက္ပါ။ (ေကာင္တာမ်ားတြင္ ကားနံပါတ္ ေရွ႕အကၡရာမ်ား ေရးထားပါသည္။ မိမိကားနံပါတ္အကၡရာရွိေသာ ေကာင္ တာသို႔ သြားပါ။)

၄)ေငြသြင္းေကာင္တာတြင္ ေငြသြင္းပါ။ ေျပစာရမည္။

၅)ေငြတြက္ခဲ့ေသာ ေကာင္တာသို႔ ျပန္သြားတင္ပါ။

 

ေတာ္ၾကာၾကာေစာင့္ၿပီးေနာက္ owner book (အတြင္းစာမ်က္ႏွာတြင္ သင္၏ အမည္ပါၿပီး) ၊Wheel tag အသစ္(သင္၏ အမည္ျဖင့္) ၊အထြက္စာ ၂ ေစာင္ တို႔ကို ထုတ္ေပးပါသည္။ဝင္စာထြက္စာ ေကာင္တာသို႔သြားပါ။ မွတ္တမ္း စာအုပ္တြင္ စာရင္းသြင္းၿပီး အထြက္စာ တစ္ေစာင္ကို သိမ္းယူခဲ့ကာ က်န္တစ္ေစာင္ကို စာအိတ္ျဖင့္ တုံးထုပိတ္ၿပီး ျပန္ေပးပါသည္။

 

ေငြတြက္ခဲ့ေသာ ေကာင္တာသို႔ ျပန္သြားပါ။ သူတို႔စီစစ္ စာရင္းသြင္းၿပီးပါက အထြက္ကိျစၥ ပီးပါၿပီ။ owner book ၊ wheel tag အသစ္ႏွင့္ စာအိတ္ထဲထည့္ထားေသာ အထြက္စာ၊ ကညန ေငြသြင္းခ်လန္တို႔ကို ျပန္ေပးပါသည္။ေနာက္တစ္ေန႔တြင္ သင္ေနထိုင္ရာ လိပ္စာ၏ အပိုင္ ကညန႐ုံးသို႔ အထြက္႐ုံးကေပးလိုက္ေသာ စာ႐ြက္စာတမ္းမ်ားျဖင့္သြားကာ အဝင္စာရင္းသြင္းရပါသည္။လက္ရွိ လုပ္ထုံးလုပ္နည္းမ်ားႏွင့္ ကိုယ္တိုင္ႀကဳံေတြ႕ သိရွိလာရသည္မ်ားကို မွ်ေဝျခင္းသာ ျဖစ္ပါသည္။ အားလုံး အဆင္ေျပႏိုင္ၾကပါေစ။

 

 Transportation Services သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေပါင္း ၇၉၀ ကိုရွာရန္ႏိွပ္ပါ

 

Source : Thien Zaw

 

Myanmar Logistics Guide

 

 

 

Read times
Rate this item
(3 votes)