Rules and Regulations

ပင်လယ်ကူးရေယာဉ်များ ကုန်တင်/ကုန်ချလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခြင်း

ဝန်ဆောင်မှု ရယူရန် အခြေခံ လိုအပ်ချက်များ

 

၁။ ပင်လယ်ကူးရေယာဉ်များ ကုန်တင်/ ကုန်ချလုပ် ငန်း လုပ်ကိုင်ခွင့်ကို ပင်လယ်ကူး ရေယာဉ်များ၏ ကုန်တင်/ ကုန်ချ လုပ်ငန်းများအတွက်သာ အသုံးပြုရမည်။ ပြည်တွင်းသွား ရေယာဉ် များ၌ လုပ်ကိုင် ဆောင်ရွက်ခြင်းကို ခွင့်မပြုပါ။

 

၂။ ခွင့်ပြုလက်မှတ်ရသူ(များ)သည်မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ၏ကွဲလွဲသော ခွင့်ပြုချက်ကို စာအားဖြင့် မရရှိသ၍ ကာလပတ်လုံး ဆိုခဲ့သောလုပ်ငန်းကို အပိုဒ်(၁)၌ ဖော်ပြထားသော စည်းကမ်းချက် များအတိုင်းသာ တိကျစွာ လိုက်နာ ဆောင်ရွက်ရမည်။

 

၃။ ဤ ပင်လယ်ကူးရေယာဉ်များ ကုန်တင်/ကုန်ချလုပ်ငန်း လုပ်ကိုင်ခွင့်သက်တမ်းကို (တစ်)နှစ်သာ ခွင့်ပြုသည်။

 

၄။ ဤ ခွင့်ပြုချက်ကို ရရှိသည့်အတွက် ခွင့်ပြုလက်မှတ်ရသူ (များ) သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ စွဲပါစာအမှတ်၊ လသ/ ၁၂၄၂ /၂၀၁၃ (အစည်းအဝေး မှတ် တမ်း)အရ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ US$ ၁၅၀၀ ကို ဤ ခွင့်ပြုလက်မှတ်ဆက်လက်တည်ရှိနေသ၍ ကာလပတ်လုံး၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်အား ပေးဆောင်ရ မည်။

 

၅။ ခွင့်ပြုလက်မှတ်ရသူ(များ)သည် လုပ်ကိုင်ခွင့်သက်တမ်း သတ်မှတ်ကာလ ပြည့်မြောက်ပါက လုပ်ငန်းဆောင်ရွက်ခြင်းကို ချက်ချင်းရပ်ဆိုင်းရမည်။

 

၆။ ဤခွင့်ပြုလက်မှတ်အား ပိုင်ဆိုင်ခွင့်ကို လွှဲပြောင်းခြင်း မပြုနိုင်သည်ဖြစ်၍ ခွင့်ပြုလက်မှတ်ရသူ(များ)သည်ဆိုခဲ့သော ပင် လယ်ကူးရေယာဉ်များ ကုန်တင်/ကုန်ချလုပ်ငန်းလုပ်ကိုင်ခွင့်ကို ပိုင် ဆိုင်သူအဖြစ်မှ ရပ်စဲခဲ့သော်လည်းကောင်း၊ ထို ပင်လယ်ကူး ရေ ယာဉ်များ ကုန်တင်/ ကုန်ချလုပ်ငန်းလုပ်ကိုင်ခွင့်ကို အထက်ဖော်ပြ ခဲ့သည့် အတိုင်း လုပ်ဆောင်နိုင်ခြင်း မရှိခဲ့လျှင်သော် လည်းကောင်း ဤခွင့်ပြုလက်မှတ် ရပ်စဲသွားပြီ ဟု မှတ်ယူရမည်။

 

၇။ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဆိပ်ကမ်း အလုပ်သမားများ အက်ဥပဒေနှင့် အလုပ်သမားများ အလုပ်စိစစ် ရေး ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

 

၈။ ခွင့်ပြုလက်မှတ်ရသူ(များ)သည် အထက် ဖော်ပြခဲ့သော စည်းကမ်းချက်တစ်စုံတစ်ရာကို ဖောက်ဖျက်ပါက ဤခွင့်ပြုလက် မှတ်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ် ကမ်းအာဏာပိုင်ကအချိန်မရွေးရပ်ဆိုင်းခြင်း(သို့မဟုတ်) ပယ်ဖျက် ခြင်း ပြုလုပ်နိုင်၍ ထိုသို့ပြုလုပ်ရပါက ခွင့်ပြု လက်မှတ်ရသူ (များ) သည် မိမိတို့၏ အစီအစဉ်ဖြင့် ချက်ချင်း ဖျက်သိမ်းပေးရမည်။

 

၉။ ရေလယ်ကုန်တင်/ကုန်ချလုပ်ငန်း ဆောင်ရွက်ရန် လိုအပ်ပါက ဆိုက်ကပ်သည့်သက်ဆိုင်ရာတံတားမှတာဝန်ယူဆောင်ရွက် ပေးရမည်။

 

၁၀။ ပင်လယ်ကူးရေယာဉ်များ ကုန်တင်/ကုန်ချလုပ်ငန်းနှင့် လုပ် ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ စစ်ဆေးရေးအရာရှိများက အခါအားလျော်စွာ စစ် ဆေး၍ စစ်ဆေးတွေ့ရှိချက်အရ အကြံပြုချက်များကို လိုက်နာ ဆောင်ရွက်ရမည်။

 

၁၁။ လုပ်ကိုင်ခွင့်ရသည့် အဖွဲ့အစည်းမှ ခန့်အပ်ထားသော ဝန် ထမ်း၊လုပ်သားများ ထိခိုက်ဒဏ်ရာရရှိခြင်း၊ ကိုယ်အင်္ဂါချို့ယွင်း ခြင်းနှင့် သေဆုံးခြင်းများအတွက် လျော်ကြေးကိစ္စများအား မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်နှင့်(လုံးဝ) မသက်ဆိုင်စေရ။

 

၁၂။ လုပ်ကိုင်ခွင့်သက်တမ်းတိုးလျှောက်ထားရာတွင် သက်တမ်း မစေ့မီ (၁)လကြိုတင်၍ လျှောက်ထားရမည်။

 

၁၃။ ပင်လယ်ကူးရေယာဉ်များကုန်တင်/ကုန်ချလုပ်ငန်းလုပ်ကိုင် ခွင့် သက်တမ်းတိုးခြင်းအား အချိန်မီ ဆောင်ရွက်ခြင်းမပြုဘဲ သတ် မှတ်ရက်ထက် ၁လ (ရက်ပေါင်း၃၀)အတွင်း ကျော်လွန်ပါက ဒဏ် ကြေးအဖြစ် ကျပ်တစ်သိန်း၊၁လ(ရက်ပေါင်း၃၀) ထက် ကျော် လွန် ပါကကျပ်နှစ်သိန်း၊ ၂လ (ရက်ပေါင်း၆၀) ထက် ကျော်လွန် ပါက ကျပ်သုံးသိန်း၊ ၃လ(ရက်ပေါင်း ၉၀) ထက် ကျော် လွန်ပါက ကျပ် ဆယ်သိန်းနှင့် ၄လ (ရက်ပေါင်း၁၂၀)ထက် ကျော်လွန် ပါကအပြီး လုပ်ကိုင်ခွင့် ပိတ်သိမ်းခြင်းခံရမည်။

 

၁၄။ ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သော ပုဂ္ဂလိက တံတားများအနေဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့်များ မရှိဘဲ လုပ်ကိုင် ပါက မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဥပဒေ ပုဒ်မ ၈၃နှင့် ၉၀ အရ လုပ်ငန်းများအတွက် လုပ်ငန်းရှင်များနှင့် စည်းကမ်း ဖောက်ဖျက် သူများကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဥပဒေအရ အရေးယူခြင်း ခံရမည်။

 

● ဝန်ဆောင်ခ


တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ US$ ၁၅၀၀

 

 

● လိုအပ်သော စာရွက် စာတမ်းများ

 

၁။ သက်ဆိုင်ရာ ဆိပ်ကမ်း၏ လျှောက်ထားလွှာ(သို့မဟုတ်) သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားလွှာ။

 

၂။ ကုန်တင်/ကုန်ချလုပ်ငန်း ဂိုဏ်းအလိုက် အလုပ်သမားများ အမည်စာရင်း (ဂိုဏ်းအမှတ်/ မှတ်ပုံတင် အမှတ်/ အဘအမည်)။

 

၃။ သင်္ဘောဝန်ချီစက်မောင်းအမည်စာရင်း(ဂိုဏ်းအမှတ်/မှတ်ပုံ တင်အမှတ်/အဘအမည်)။

 

၄။ သင်္ဘောဝန်ချီစက်မောင်းသင်တန်း သင်ရိုးညွှန်းတမ်း။

 

၅။ ကုန်လုပ်ငန်းအုပ်(သင်္ဘော)နှင့် ဖိုမင်များလုပ်ငန်းခွင် သင် တန်း သင်ရိုးညွှန်းတမ်း။

 

၆။ အချက်ပြနည်းစံနစ်သင်ရိုးညွှန်းတမ်း။

 

၇။ အလုပ်သမားဘေးအန္တရာယ်ကင်းရှင်းရေးသင်တန်း သင်ရိုး ညွှန်းတမ်း။

 

၈။ ဆိပ်ကမ်းလုပ်ငန်း လုပ်ကိုင်ခွင့် မိတ္တူ။

 

၉။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊စာရင်းဌာနသို့ ပင်လယ်ကူးရေ ယာဉ် များကုန်တင်/ကုန်ချလုပ်ငန်း လုပ်ကိုင်ခွင့်၊ ခွင့်ပြုကြေး ပေး သွင်းပြီးကြောင်း ငွေရပြေစာမိတ္တူ။

 

● လျှောက်ထားရန်
ဦးဆောင်ညွှန်ကြားရေးမှူးထံသို့ လျှောက်ထားရမည်။

 

● ဝန်ဆောင်မှုပေးသည့် ဌာနများအား ဆက်သွယ်ရမည့် လိပ်စာ
ကုန်လုပ်ငန်းဌာန၊ လုပ်သားရေးရာဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့

 

● ဝန်ဆောင်မှုရရှိမည့် တည်နေရာများ
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့

 

● ဝဘ်ဆိုက်လိပ်စာ


www.mpa.gov.mm

 

Transportation Services သယ်ယူပို့ဆောင်ရေးလုပ်ငန်းပေါင်း ၇၉၀ ကိုရှာရန်နှိပ်ပါ

 

>>>Zawgyi<<<

 

ပင္လယ္ကူးေရယာဥ္မ်ား ကုန္တင္/ကုန္ခ်လုပ္ငန္း လုပ္ကိုင္ခြင့္လိုင္စင္ ထုတ္ေပးျခင္း

 

ဝန္ေဆာင္မႈ ရယူရန္ အေျခခံ လိုအပ္ခ်က္မ်ား

 

၁။ ပင္လယ္ကူးေရယာဥ္မ်ား ကုန္တင္/ ကုန္ခ်လုပ္ ငန္း လုပ္ကိုင္ခြင့္ကို ပင္လယ္ကူး ေရယာဥ္မ်ား၏ ကုန္တင္/ ကုန္ခ် လုပ္ငန္းမ်ားအတြက္သာ အသုံးျပဳရမည္။ ျပည္တြင္းသြား ေရယာဥ္ မ်ား၌ လုပ္ကိုင္ ေဆာင္႐ြက္ျခင္းကို ခြင့္မျပဳပါ။

 

၂။ ခြင့္ျပဳလက္မွတ္ရသူ(မ်ား)သည္ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္ ၏ကြဲလြဲေသာ ခြင့္ျပဳခ်က္ကို စာအားျဖင့္ မရရွိသ၍ ကာလပတ္လုံး ဆိုခဲ့ေသာလုပ္ငန္းကို အပိုဒ္(၁)၌ ေဖာ္ျပထားေသာ စည္းကမ္းခ်က္ မ်ားအတိုင္းသာ တိက်စြာ လိုက္နာ ေဆာင္႐ြက္ရမည္။

 

၃။ ဤ ပင္လယ္ကူးေရယာဥ္မ်ား ကုန္တင္/ကုန္ခ်လုပ္ငန္း လုပ္ကိုင္ခြင့္သက္တမ္းကို (တစ္)ႏွစ္သာ ခြင့္ျပဳသည္။

 

၄။ ဤ ခြင့္ျပဳခ်က္ကို ရရွိသည့္အတြက္ ခြင့္ျပဳလက္မွတ္ရသူ (မ်ား) သည္ ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္၏ ၂၀၁၃ ခုႏွစ္၊ ဇူလိုင္လ ၂၅ ရက္ေန႔ စြဲပါစာအမွတ္၊ လသ/ ၁၂၄၂ /၂၀၁၃ (အစည္းအေဝး မွတ္ တမ္း)အရ တစ္ႏွစ္လွ်င္ အေမရိကန္ေဒၚလာ US$ ၁၅၀၀ ကို ဤ ခြင့္ျပဳလက္မွတ္ဆက္လက္တည္ရွိေနသ၍ ကာလပတ္လုံး၊ ျမန္မာ့ ဆိပ္ကမ္းအာဏာပိုင္အား ေပးေဆာင္ရ မည္။

 

၅။ ခြင့္ျပဳလက္မွတ္ရသူ(မ်ား)သည္ လုပ္ကိုင္ခြင့္သက္တမ္း သတ္မွတ္ကာလ ျပည့္ေျမာက္ပါက လုပ္ငန္းေဆာင္႐ြက္ျခင္းကို ခ်က္ခ်င္းရပ္ဆိုင္းရမည္။

 

၆။ ဤခြင့္ျပဳလက္မွတ္အား ပိုင္ဆိုင္ခြင့္ကို လႊဲေျပာင္းျခင္း မျပဳႏိုင္သည္ျဖစ္၍ ခြင့္ျပဳလက္မွတ္ရသူ(မ်ား)သည္ဆိုခဲ့ေသာ ပင္ လယ္ကူးေရယာဥ္မ်ား ကုန္တင္/ကုန္ခ်လုပ္ငန္းလုပ္ကိုင္ခြင့္ကို ပိုင္ ဆိုင္သူအျဖစ္မွ ရပ္စဲခဲ့ေသာ္လည္းေကာင္း၊ ထို ပင္လယ္ကူး ေရ ယာဥ္မ်ား ကုန္တင္/ ကုန္ခ်လုပ္ငန္းလုပ္ကိုင္ခြင့္ကို အထက္ေဖာ္ျပ ခဲ့သည့္ အတိုင္း လုပ္ေဆာင္ႏိုင္ျခင္း မရွိခဲ့လွ်င္ေသာ္ လည္းေကာင္း ဤခြင့္ျပဳလက္မွတ္ ရပ္စဲသြားၿပီ ဟု မွတ္ယူရမည္။

 

၇။ အလုပ္သမားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ ဆိပ္ကမ္း အလုပ္သမားမ်ား အက္ဥပေဒႏွင့္ အလုပ္သမားမ်ား အလုပ္စိစစ္ ေရး ဥပေဒမ်ားႏွင့္အညီ လိုက္နာေဆာင္႐ြက္ရမည္။

 

၈။ ခြင့္ျပဳလက္မွတ္ရသူ(မ်ား)သည္ အထက္ ေဖာ္ျပခဲ့ေသာ စည္းကမ္းခ်က္တစ္စုံတစ္ရာကို ေဖာက္ဖ်က္ပါက ဤခြင့္ျပဳလက္ မွတ္ကို ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျမန္မာ့ဆိပ္ ကမ္းအာဏာပိုင္ကအခ်ိန္မေ႐ြးရပ္ဆိုင္းျခင္း(သို႔မဟုတ္) ပယ္ဖ်က္ ျခင္း ျပဳလုပ္ႏိုင္၍ ထိုသို႔ျပဳလုပ္ရပါက ခြင့္ျပဳ လက္မွတ္ရသူ (မ်ား) သည္ မိမိတို႔၏ အစီအစဥ္ျဖင့္ ခ်က္ခ်င္း ဖ်က္သိမ္းေပးရမည္။

 

၉။ ေရလယ္ကုန္တင္/ကုန္ခ်လုပ္ငန္း ေဆာင္႐ြက္ရန္ လိုအပ္ပါက ဆိုက္ကပ္သည့္သက္ဆိုင္ရာတံတားမွတာဝန္ယူေဆာင္႐ြက္ ေပးရမည္။

 

၁၀။ ပင္လယ္ကူးေရယာဥ္မ်ား ကုန္တင္/ကုန္ခ်လုပ္ငန္းႏွင့္ လုပ္ ငန္းခြင္ေဘးအႏၲရာယ္ ကင္းရွင္းေရးအတြက္ ျမန္မာ့ဆိပ္ကမ္း အာဏာပိုင္မွ စစ္ေဆးေရးအရာရွိမ်ားက အခါအားေလ်ာ္စြာ စစ္ ေဆး၍ စစ္ေဆးေတြ႕ရွိခ်က္အရ အႀကံျပဳခ်က္မ်ားကို လိုက္နာ ေဆာင္႐ြက္ရမည္။

 

၁၁။ လုပ္ကိုင္ခြင့္ရသည့္ အဖြဲ႕အစည္းမွ ခန္႔အပ္ထားေသာ ဝန္ ထမ္း၊လုပ္သားမ်ား ထိခိုက္ဒဏ္ရာရရွိျခင္း၊ ကိုယ္အဂၤါခ်ိဳ႕ယြင္း ျခင္းႏွင့္ ေသဆုံးျခင္းမ်ားအတြက္ ေလ်ာ္ေၾကးကိစၥမ်ားအား ျမန္မာ့ ဆိပ္ကမ္းအာဏာပိုင္ႏွင့္(လုံးဝ) မသက္ဆိုင္ေစရ။

 

၁၂။ လုပ္ကိုင္ခြင့္သက္တမ္းတိုးေလွ်ာက္ထားရာတြင္ သက္တမ္း မေစ့မီ (၁)လႀကိဳတင္၍ ေလွ်ာက္ထားရမည္။

 

၁၃။ ပင္လယ္ကူးေရယာဥ္မ်ားကုန္တင္/ကုန္ခ်လုပ္ငန္းလုပ္ကိုင္ ခြင့္ သက္တမ္းတိုးျခင္းအား အခ်ိန္မီ ေဆာင္႐ြက္ျခင္းမျပဳဘဲ သတ္ မွတ္ရက္ထက္ ၁လ (ရက္ေပါင္း၃၀)အတြင္း ေက်ာ္လြန္ပါက ဒဏ္ ေၾကးအျဖစ္ က်ပ္တစ္သိန္း၊၁လ(ရက္ေပါင္း၃၀) ထက္ ေက်ာ္ လြန္ ပါကက်ပ္ႏွစ္သိန္း၊ ၂လ (ရက္ေပါင္း၆၀) ထက္ ေက်ာ္လြန္ ပါက က်ပ္သုံးသိန္း၊ ၃လ(ရက္ေပါင္း ၉၀) ထက္ ေက်ာ္ လြန္ပါက က်ပ္ ဆယ္သိန္းႏွင့္ ၄လ (ရက္ေပါင္း၁၂၀)ထက္ ေက်ာ္လြန္ ပါကအၿပီး လုပ္ကိုင္ခြင့္ ပိတ္သိမ္းျခင္းခံရမည္။

 

၁၄။ ဆိပ္ကမ္းဝန္ေဆာင္မႈလုပ္ငန္းလုပ္ကိုင္ေသာ ပုဂၢလိက တံတားမ်ားအေနျဖင့္ လုပ္ငန္းလုပ္ကိုင္ခြင့္မ်ား မရွိဘဲ လုပ္ကိုင္ ပါက ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္ ဥပေဒ ပုဒ္မ ၈၃ႏွင့္ ၉၀ အရ လုပ္ငန္းမ်ားအတြက္ လုပ္ငန္းရွင္မ်ားႏွင့္ စည္းကမ္း ေဖာက္ဖ်က္ သူမ်ားကို ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္ ဥပေဒအရ အေရးယူျခင္း ခံရမည္။

 

● ဝန္ေဆာင္ခ


တစ္ႏွစ္လွ်င္ အေမရိကန္ေဒၚလာ US$ ၁၅၀၀

 

 

● လိုအပ္ေသာ စာ႐ြက္ စာတမ္းမ်ား

 

၁။ သက္ဆိုင္ရာ ဆိပ္ကမ္း၏ ေလွ်ာက္ထားလႊာ(သို႔မဟုတ္) သက္တမ္းတိုးျမႇင့္ေပးရန္ ေလွ်ာက္ထားလႊာ။

 

၂။ ကုန္တင္/ကုန္ခ်လုပ္ငန္း ဂိုဏ္းအလိုက္ အလုပ္သမားမ်ား အမည္စာရင္း (ဂိုဏ္းအမွတ္/ မွတ္ပုံတင္ အမွတ္/ အဘအမည္)။

 

၃။ သေဘၤာဝန္ခ်ီစက္ေမာင္းအမည္စာရင္း(ဂိုဏ္းအမွတ္/မွတ္ပုံ တင္အမွတ္/အဘအမည္)။

 

၄။ သေဘၤာဝန္ခ်ီစက္ေမာင္းသင္တန္း သင္႐ိုးၫႊန္းတမ္း။

 

၅။ ကုန္လုပ္ငန္းအုပ္(သေဘၤာ)ႏွင့္ ဖိုမင္မ်ားလုပ္ငန္းခြင္ သင္ တန္း သင္႐ိုးၫႊန္းတမ္း။

 

၆။ အခ်က္ျပနည္းစံနစ္သင္႐ိုးၫႊန္းတမ္း။

 

၇။ အလုပ္သမားေဘးအႏၲရာယ္ကင္းရွင္းေရးသင္တန္း သင္႐ိုး ၫႊန္းတမ္း။

 

၈။ ဆိပ္ကမ္းလုပ္ငန္း လုပ္ကိုင္ခြင့္ မိတၱဴ။

 

၉။ ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္၊စာရင္းဌာနသို႔ ပင္လယ္ကူးေရ ယာဥ္ မ်ားကုန္တင္/ကုန္ခ်လုပ္ငန္း လုပ္ကိုင္ခြင့္၊ ခြင့္ျပဳေၾကး ေပး သြင္းၿပီးေၾကာင္း ေငြရေျပစာမိတၱဴ။

 

● ေလွ်ာက္ထားရန္
ဦးေဆာင္ၫႊန္ၾကားေရးမႉးထံသို႔ ေလွ်ာက္ထားရမည္။

 

● ဝန္ေဆာင္မႈေပးသည့္ ဌာနမ်ားအား ဆက္သြယ္ရမည့္ လိပ္စာ
ကုန္လုပ္ငန္းဌာန၊ လုပ္သားေရးရာဌာန၊ ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္၊ အမွတ္(၁၀)၊ ပန္းဆိုးတန္းလမ္း၊ ေက်ာက္တံတားၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕

 

● ဝန္ေဆာင္မႈရရွိမည့္ တည္ေနရာမ်ား
ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္၊ အမွတ္(၁၀)၊ ပန္းဆိုးတန္းလမ္း၊ ေက်ာက္တံတားၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕

 

● ဝဘ္ဆိုက္လိပ္စာ

www.mpa.gov.mm

 

Transportation Services သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေပါင္း ၇၉၀ ကိုရွာရန္ႏိွပ္ပါ

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)