Rules and Regulations

ရန်ကုန်သန်းခေါင်စာရင်းဖြင့် နယ်လိုင်စင်ကားစီးနင်းနေသူများကို အမည်ပြောင်းလျှင် နယ်ဝင်ဆောင်ရွက်ပေးမည်

ရန်ကုန်သန်းခေါင်စာရင်းဖြင့် နယ်လိုင်စင်ကားစီးနင်းနေသူများကို အမည်ပြောင်းလျှင် နယ်ဝင်ဆောင်ရွက်ပေးမည် google

ရန်ကုန်သန်းခေါင်စာရင်းရှိ သော်လည်း နယ်လိုင်စင်ကား စီးနင်း နေသူများအနေဖြင့် အမည်ပြောင်း လျှင် နယ်ဝင်ဆောင်ရွက်မပေးသော် လည်း ကျန်တိုင်းဒေသကြီးနှင့် ပြည် နယ်ရှိကားများအနေဖြင့် အမည် ပြောင်းဆောင်ရွက်လျှင် နယ်ဝင် ဆောင်ရွက်ပေးနေကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

 

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ရန်ကုန်လိုင်စင်ကို ပြည် တွင်းထုတ်ကားနှင့် အပ်ကားအစား ထိုးတင်သွင်းမှုအား ခွင့်ပြုထားပြီး ပုံမှန် ပြည်ပမှတင်သွင်း ယာဉ်များကို ရန်ကုန်လိုင်စင်ကန့်သတ်ထား ခြင်းကြောင့် ရန်ကုန် သန်းခေါင်စာရင်းဖြင့် နယ်လိုင်စင် ကားစီးနင်းနေသူများအနေဖြင့် အမည်ပြောင်းဆောင်ရွက် သော်လည်း နယ်ဝင်ဆောင်ရွက်မပေးနိုင်သေးကြောင်း သိရသည်။

 

သို့သော်လည်း ကျန်ပြည်နယ် နှင့်တိုင်းဒေသကြီးအတွင်းရှိ မော် တော်ယာဉ်များအနေဖြင့် အမည် ပြောင်းဆောင်ရွက်ပါက နယ်ဝင်လိပ် စာပြောင်းကိုပါ တစ်ပါတည်းဆောင် ရွက်ပေးနေကြောင်းနှင့် ယာဉ်ပိုင်ရှင် များအနေဖြင့်လည်း ယာဉ်အမည် ပေါက်ကို အချိန်မီပြောင်းထားရန် လိုအပ်ကြောင်း သိရသည်။

 

'က.ည.နရဲ့ အဓိက ရည်ရွယ် ချက်က ယာဉ်အမည်ပေါက်မှန်ကန် ရေးပါ။ ဒါပေမဲ့ ရန်ကုန်ကားတွေကျ တော့ တိုင်းဒေသကြီးအစိုးရကန့် သတ်ထားလို့ အမည်ပြောင်းတော့ ဆောင်ရွက်ပေးခွင့်ရှိတယ်။ နယ်ဝင် တော့ ဆောင်ရွက်ပေးလို့မရဘူး၊ ကျန်တဲ့မြို့တွေကတော့ ရပါတယ်။ အမည်ပြောင်းတာနဲ့ လိပ်စာပြောင်းပါ ဆောင်ရွက်ပေးနေပါတယ်' ဟု က.ည.နမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ယခုအခါ ရန်ကုန်ပြင်ပ ယာဉ် ပိုင်ရှင်များအနေဖြင့် အမည်ပေါက် ပြောင်းလိုသော်လည်း နယ်ဝင်ဆောင် ရွက်မပေးသည့်အတွက် အမည်ပြောင်းဆောင်ရွက်မှုပါ မပြုလုပ်ကြ ကြောင်း ထပ်မံသိရသည်။

 

Car & Truck Rentals ကားနှင့်ကုန်တင်ကားအငှားဝန်ဆောင်မှု ၉၅၉ခုကိုရှာဖွေရန်နှိပ်ပါ

 

<<<Zawgyi>>>

 

ရန္ကုန္သန္းေခါင္စာရင္းျဖင့္ နယ္လိုင္စင္ကားစီးနင္းေနသူမ်ားကို အမည္ေျပာင္းလွ်င္ နယ္ဝင္ေဆာင္႐ြက္ေပးမည္

 

ရန္ကုန္သန္းေခါင္စာရင္းရွိ ေသာ္လည္း နယ္လိုင္စင္ကား စီးနင္း ေနသူမ်ားအေနျဖင့္ အမည္ေျပာင္း လွ်င္ နယ္ဝင္ေဆာင္႐ြက္မေပးေသာ္ လည္း က်န္တိုင္းေဒသႀကီးႏွင့္ ျပည္ နယ္ရွိကားမ်ားအေနျဖင့္ အမည္ ေျပာင္းေဆာင္႐ြက္လွ်င္ နယ္ဝင္ ေဆာင္႐ြက္ေပးေနေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ စုံစမ္းသိရွိရသည္။လက္ရွိ ရန္ကုန္တိုင္းေဒသႀကီး အစိုးရမွ ရန္ကုန္လိုင္စင္ကို ျပည္ တြင္းထုတ္ကားႏွင့္ အပ္ကားအစား ထိုးတင္သြင္းမႈအား ခြင့္ျပဳထားၿပီး ပုံမွန္ ျပည္ပမွတင္သြင္း ယာဥ္မ်ားကို ရန္ကုန္လိုင္စင္ကန႔္သတ္ထား ျခင္းေၾကာင့္ ရန္ကုန္ သန္းေခါင္စာရင္းျဖင့္ နယ္လိုင္စင္ ကားစီးနင္းေနသူမ်ားအေနျဖင့္ အမည္ေျပာင္းေဆာင္႐ြက္ ေသာ္လည္း နယ္ဝင္ေဆာင္႐ြက္မေပးႏိုင္ေသးေၾကာင္း သိရသည္။

 

သို႔ေသာ္လည္း က်န္ျပည္နယ္ ႏွင့္တိုင္းေဒသႀကီးအတြင္းရွိ ေမာ္ ေတာ္ယာဥ္မ်ားအေနျဖင့္ အမည္ ေျပာင္းေဆာင္႐ြက္ပါက နယ္ဝင္လိပ္ စာေျပာင္းကိုပါ တစ္ပါတည္းေဆာင္ ႐ြက္ေပးေနေၾကာင္းႏွင့္ ယာဥ္ပိုင္ရွင္ မ်ားအေနျဖင့္လည္း ယာဥ္အမည္ ေပါက္ကို အခ်ိန္မီေျပာင္းထားရန္ လိုအပ္ေၾကာင္း သိရသည္။

 

'က.ည.နရဲ႕ အဓိက ရည္႐ြယ္ ခ်က္က ယာဥ္အမည္ေပါက္မွန္ကန္ ေရးပါ။ ဒါေပမဲ့ ရန္ကုန္ကားေတြက် ေတာ့ တိုင္းေဒသႀကီးအစိုးရကန႔္ သတ္ထားလို႔ အမည္ေျပာင္းေတာ့ ေဆာင္႐ြက္ေပးခြင့္ရွိတယ္။ နယ္ဝင္ ေတာ့ ေဆာင္႐ြက္ေပးလို႔မရဘူး၊ က်န္တဲ့ၿမိဳ႕ေတြကေတာ့ ရပါတယ္။ အမည္ေျပာင္းတာနဲ႔ လိပ္စာေျပာင္းပါ ေဆာင္႐ြက္ေပးေနပါတယ္' ဟု က.ည.နမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့သည္။ယခုအခါ ရန္ကုန္ျပင္ပ ယာဥ္ ပိုင္ရွင္မ်ားအေနျဖင့္ အမည္ေပါက္ ေျပာင္းလိုေသာ္လည္း နယ္ဝင္ေဆာင္ ႐ြက္မေပးသည့္အတြက္ အမည္ေျပာင္းေဆာင္႐ြက္မႈပါ မျပဳလုပ္ၾက ေၾကာင္း ထပ္္မံသိရသည္။

 

Car & Truck Rentals ကားႏွင့္ကုန္တင္ကားအငွားဝန္ေဆာင္မႈ ၉၅၉ခုကိုရွာေဖြရန္ႏွိပ္ပါ

 

Myanmar Logistics Guide

 

 

Read times
Rate this item
(1 Vote)