Rules and Regulations

Supply Chain ရဲ့မွေးရာပါ စီးဆင်းမှု လေးခု

Supply Chain ရဲ့မွေးရာပါ စီးဆင်းမှု လေးခု google

Supply Chain ရဲ့နားလည်ဖို့လိုအပ်တဲ့ မွေးရာပါစီးဆင်းမှုလေးခုဟာ

 

၁. ကုန်ပစ္စည်းစီးဆင်းမှု (Material flow)
၂. သတင်းအချက်အလက်စီးဆင်းမှု (Information Flow)
၃.ငွေကြေးစီးဆင်မှု (Finance Flow)
၄. ကုန်သွယ်စီးဆင်းမှု( Commercial Flow)တို့ ဖြစ်ပါတော့တယ်။

 

၁. ကုန်ပစ္စည်းစီးဆင်းမှု (Material flow)


ကုန်ကြမ်းကနေ ကုန်ချောအထိ ထုတ်လုပ်ခြင်း၊သယ်ယူပိုဆောင်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်ဖြစ်ပါတယ်၊

 

၂. သတင်းအချက်အလက်စီးဆင်းမှု (Information Flow)


Supply Chain အားလုံးမှာ သတင်းအချက်အလက်တွေကရှိပြီး သုံးလည်းသုံးနေကြတာဖြစ်ပါတယ်၊ Supply Chain တလျှောက်မှာ အမျိုးမျိုးသော သတင်းအချက်အလက်တွေက ရှိနေမှာဖြစ်ပါတယ် ၊ Demand Information Flow ၊ Forecsating Information Flow ၊ Production and Scheduling Information Flow ၊ Design and NPI Information flow ဆိုပြီးရှိပါတယ် ။ Information Flow က ထုတ်လုပ်သူနှင့် စားသုံးသူဘက်သို့ နှစ်ဘက်စီးဆင်းလျှက်ရှိပါတယ် ၊
ဒီအချက်က Supply Chian မှာ အရေးကြီးဆုံးပဲဖြစ်ပါတယ် ၊ ဝယ်ယူသူစားသုံးသူ (Customer)တွေဟာ မိမိဝယ်ယူထားတဲ့ကုန်ပစ္စည်းဘယ်ရောက်နေပြီလဲဆိုတာကို အသိချင်ဆုံးပါပဲ ၊ ယခုနောက်ပိုင်းမှာဆို Tracking System အနေနဲ့ ပစ္စည်းတင်မော်တော်ယာဉ်များကို GPS Systemများ တပ်ဆင်ချိတ်ဆက်ကာ ကုန်ပစ္စည်းရွေ့လျားမှုများကို Customer ကိုယ်တိုင် သိရှိနိုင်ပြီး စီမံနိုင်နေပြီဖြစ်ပါသည်၊

 

Custom Clearing Agents အကောက်ခွန်အကျိုးဆောင် ၂၀၁ ခုကိုရှာဖွေရန်နှိပ်ပါ

 

၃.ငွေကြေးစီးဆင်မှု (Finance Flow)


ငွေကြေးစီးဆင်မှုကလည်း Supply Chian ရဲ့ Blood Stream လိုတောင်တင်စားခေါ်ဝေါ်နေကြပီဖြစ်ပါတယ်၊ Supplier ဘက်က ကုန်သွယ်စီးဆင်းမှု (material Flow )ရှိ သလို Customerဘက်က ငွေကြေးစီးဆင်မှု(Finance Flow)ကလည်း ရှိနေမှာဖြစ်ပါတယ် ။ တချို့ က Money Flowလို ခေါ်ကြပြန်ပါသေးတယ်၊

 

၄.ကုန်သွယ်စီးဆင်းမှု( Commercial Flow)

 

Supply Chain တစ်ခုလုံးတွင် စီးပွားဖြစ် ကုန်သွယ် စီးဆင်းမှုရှိပါတယ် ၊ကုန်ပစ္စည်းစီးဆင်းမှုတစ်လျှောက်တွင် ကုမ္ပဏီတစ်ခုမှ တစ်ခု သို့ Supplier မှ Buyer သို့ စီးဆင်မှုများဖြစ်ပြီး ဒီဖြစ်စဉ်တွေဟာ ရောင်းခြင်းနှင့် ဝယ်ခြင်းမှ Supplier မှ Buyerဆိုပြီး နောက်ဆုံး end Consumerသို့ ပြောင်းလဲခဲ့ပါပြီ။ Commercial flowက ကုမ္ပဏီတစ်ခုထက်ပို့ရပါမယ်။ကုမ္ပဏီတစ်ခုထဲမှာ ကုန်ပစ္စည်းစီးဆင်းမှုရှိပြီး owner မပြောင်းရင် Commercial flowမဟူတ်ပါဘူး

 

အဓိကကတော့ Information flowပါ information flowက Both Direction စီးဆင်းပါတယ် ၊ Up streamရော Dowm streamဘက်ရော စီးဆင်းရပါမယ်။
ဒါပင်မဲ့ မှန်ကန်သော informationဖြစ်ဖိုရာ လိုပါတယ်။

 

IMSလိုခေါ်ဆိုနေတဲ့ Information Management Systemတွေဟာ တိုးတက်လာပင်မဲ့..information Shareလုပ်တဲ့သူတွေက မှန်ကန်တိကျတဲ့ information နှင့် Direction က တိကျဖို့လိုပါတယ်။လုပ်ငန်းခွင်အများစုမှာတော့ Information Flowကတော့ အဆင်ပြေသလိုတွေ စီးဆင်းနေပါတော့တယ်

 

89597769_1658912260917480_4377376590149976064_n.png

 

<<<Zawgyi>>>

 


 

၎. ကုန်သွယ်စီးဆင်းမှု( Commercial Flow)တို့ ဖြစ်ပါတော့တယ်။

 


 


 




 




 

၎.ကုန်သွယ်စီးဆင်းမှု( Commercial Flow)

 


 


 


 


 

Custom Clearing Agents အကောက်ခွန်အကျိုးဆောင် ၂၀၁ ခုကိုရှာဖွေရန်နှိပ်ပါ

 

Source : AungMoe

 

 

 

Read times
Rate this item
(0 votes)