Rules and Regulations

၂၀၁၉ ခုနှစ်က ခွင့်ပြုခဲ့သည့် မော်တော်ယာဉ် သွင်းကုန်လိုင်စင်များကို သက်တမ်း နှစ်လ ထပ်တိုးခွင့်ပြုမည်

၂၀၁၉ ခုနှစ်က ခွင့်ပြုခဲ့သည့် မော်တော်ယာဉ် သွင်းကုန်လိုင်စင်များကို သက်တမ်း နှစ်လ ထပ်တိုးခွင့်ပြုမည် google

၂၀၁၉ ခုနှစ်အတွင်း ခွင့်ပြုခဲ့သည့် မော်တော်ယာဉ် တင်သွင်းခွင့်သွင်းကုန်လိုင်စင်များကို ခွင့်ပြုထုတ်ပေးသည့်ရက်မှ သုံးလသက်တမ်းကုန်ဆုံးပါက ၂၀၂၀ ပြည့်နှစ်၊ မတ်လကုန်အထိသာ သက်တမ်းတိုးခွင့် ပြုပေးမည့် အစား ထပ်မံ၍ သက်တမ်း နှစ်လ တိုးခွင့်ပြုပေးမည်ဖြစ်သည်။



လက်ရှိဖြစ်ပေါ်နေသည့် Covid-19 ရောဂါပြဿနာကြောင့် ကုန်သွယ်ရေးကိစ္စများတွင် သက်ရောက်မှုရှိနေသည့်အတွက် ကုန်သွယ်မှုများ အဆင်ပြေစေရန် ရည်ရွယ်ပြီး ခွင့်ပြုပေးခြင်းဖြစ်ကြောင်း သိရသည်။



"ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့် ကုန်သွယ်ရေး ကြန့်ကြာတာတွေ့ရှိတယ်လို့ တင်ပြတာတွေရှိပါတယ်၊ မနှစ်က မိုဒယ်သတ်မှတ်ချက်နဲ့ ခွင့်ပြုထားတဲ့ ကားလိုင်စင်တွေကလည်း သွင်းဖို့အခက်အခဲ ရှိနေတယ်ဆိုလို့ ၂၀၁၉ ခုနှစ် မော်တော်ယာဉ် သွင်းကုန်လိုင်စင်တွေကို မတ်လကုန်အထိပဲ ခွင့်ပြုပေးမယ်ဆိုတဲ့ ကြေညာချက်အစား နောက်ထပ် နှစ်လခွင့်ပြုပေးတာဖြစ်ပါတယ်၊ သက်တမ်းတိုးဖို့အတွက်ကိုလည်း အွန်လိုင်းကနေတစ်ဆင့် ဆောင်ရွက်နိုင်အောင် စီစဉ်ပေးထားပါတယ်"ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


ထို့ကြောင့် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်၊ တာချီလိတ်ကုန်သွယ်ရေး ဇုန်တို့မှ တင်သွင်းရန်ခွင့်ပြုပေးထားသည့် ၂၀၁၉ ခုနှစ်အတွင်းခွင့်ပြုခဲ့သော မော်တော်ယာဉ်သွင်းကုန်လိုင်စင်များကို ခွင့်ပြုထုတ်ပေးသည့်ရက်မှ သက်တမ်းသုံးလ ကုန် ဆုံးပါက ၂၀၂၀ ပြည့်နှစ်၊ မတ် ၃၁ ရက်အထိသာ ခွင့်ပြုခြင်းအစား သက်တမ်း နှစ်လ ထပ်တိုးခွင့်ပေးမည်ဖြစ်ပြီး ထိုကာလအတွင်း အပြီးတင်သွင်းရမည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကြေညာချက်အရ သိရသည်။

 

89597769_1658912260917480_4377376590149976064_n_1.png

 

<<<Zawgyi>>>

 

၂၀၁၉ ခုႏွစ္က ခြင့္ျပဳခဲ့သည့္ ေမာ္ေတာ္ယာဥ္ သြင္းကုန္လိုင္စင္မ်ားကို သက္တမ္း ႏွစ္လ ထပ္တိုးခြင့္ျပဳမည္



၂၀၁၉ ခုႏွစ္အတြင္း ခြင့္ျပဳခဲ့သည့္ ေမာ္ေတာ္ယာဥ္ တင္သြင္းခြင့္သြင္းကုန္လိုင္စင္မ်ားကို ခြင့္ျပဳထုတ္ေပးသည့္ရက္မွ သုံးလသက္တမ္းကုန္ဆုံးပါက ၂၀၂၀ ျပည့္ႏွစ္၊ မတ္လကုန္အထိသာ သက္တမ္းတိုးခြင့္ ျပဳေပးမည့္ အစား ထပ္မံ၍ သက္တမ္း ႏွစ္လ တိုးခြင့္ျပဳေပးမည္ျဖစ္သည္။



လက္ရွိျဖစ္ေပၚေနသည့္ Covid-19 ​ေရာဂါျပႆနာေၾကာင့္ ကုန္သြယ္​​ေရးကိစၥမ်ားတြင္ သက္​​ေရာက္မႈရွိ​ေနသည့္အတြက္ ကုန္သြယ္မႈမ်ား အဆင္​ေျပ​ေစရန္ ရည္႐ြယ္ၿပီး ခြင့္ျပဳ​ေပးျခင္းျဖစ္​ေၾကာင္း သိရသည္။



"ကို႐ိုနာဗိုင္းရပ္စ္ ျပႆနာ​​ေၾကာင့္ ကုန္သြယ္ေရး ၾကန႔္ၾကာတာေတြ႕ရွိတယ္လို႔ တင္ျပတာေတြရွိပါတယ္၊ မႏွစ္က မိုဒယ္သတ္မွတ္ခ်က္နဲ႔ ခြင့္ျပဳထားတဲ့ ကားလိုင္စင္​​ေတြကလည္း သြင္းဖို႔အခက္အခဲ ရွိ​ေနတယ္ဆိုလို႔ ၂၀၁၉ ခုႏွစ္ ေမာ္ေတာ္ယာဥ္ သြင္းကုန္လိုင္စင္ေတြကို မတ္လကုန္အထိပဲ ခြင့္ျပဳေပးမယ္ဆိုတဲ့ ေၾကညာခ်က္အစား ေနာက္ထပ္ ႏွစ္လခြင့္ျပဳေပးတာျဖစ္ပါတယ္၊ သက္တမ္းတိုးဖို႔အတြက္ကိုလည္း အြန္လိုင္းကေနတစ္ဆင့္ ေဆာင္႐ြက္ႏိုင္ေအာင္ စီစဥ္​​​ေပးထားပါတယ္"ဟု စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနမွ တာဝန္ရွိသူ တစ္ဦးက ​​​ေျပာသည္။



ထို႔ေၾကာင့္ ပင္လယ္ေရေၾကာင္းႏွင့္ နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားျဖစ္သည့္ မူဆယ္ ၁၀၅ မိုင္ ကုန္သြယ္ေရးဇုန္၊ ျမဝတီကုန္သြယ္​​ေရးဇုန္၊ တာခ်ီလိတ္ကုန္သြယ္​ေရး ဇုန္တို႔မွ တင္သြင္းရန္ခြင့္ျပဳေပးထားသည့္ ၂၀၁၉ ခုႏွစ္အတြင္းခြင့္ျပဳခဲ့​ေသာ ေမာ္ေတာ္ယာဥ္သြင္းကုန္လိုင္စင္မ်ားကို ခြင့္ျပဳထုတ္ေပးသည့္ရက္မွ သက္တမ္းသုံးလ ကုန္ ဆုံးပါက ၂၀၂၀ ျပည့္ႏွစ္၊ မတ္ ၃၁ ရက္အထိသာ ခြင့္ျပဳျခင္းအစား သက္တမ္း ႏွစ္လ ထပ္တိုးခြင့္ေပးမည္ျဖစ္ၿပီး ထိုကာလအတြင္း အၿပီးတင္သြင္းရမည္ ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန၏ ေၾကညာခ်က္အရ သိရသည္။

 

Car & Truck Rentals ကားႏွင့္ကုန္တင္ကားအငွားဝန္ေဆာင္မႈ ၉၅၉ခုကိုရွာေဖြရန္ႏွိပ္ပါ

 

Myanmar Logistics Guide

 
Read times
Rate this item
(0 votes)