Rules and Regulations

“မြန်မာ့ကမ်းရိုးတန်းနှင့် ပင်လယ်ပြင်သွား ရေယာဉ်များတွင် အလိုအလျောက် ခွဲခြားသိရှိနိုင်သည့်စနစ် (Automatic Identification System (AIS)) တပ်ဆင်အသုံးပြုခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာ"

“မြန်မာ့ကမ်းရိုးတန်းနှင့် ပင်လယ်ပြင်သွား ရေယာဉ်များတွင် အလိုအလျောက် ခွဲခြားသိရှိနိုင်သည့်စနစ် (Automatic Identification System (AIS)) တပ်ဆင်အသုံးပြုခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာ" google

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံကုန်သည် သင်္ဘောအက်ဥပဒေ ပုဒ်မ ၂၉၄-ခ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ “မြန်မာ့ကမ်းရိုးတန်းနှင့် ပင်လယ်ပြင်သွား ရေယာဉ်များတွင် အလိုအလျောက် ခွဲခြားသိရှိနိုင်သည့်စနစ် (Automatic Identification System (AIS)) တပ်ဆင်အသုံးပြုခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာ" ကို ထုတ်ပြန် လိုက်သည်။

 

၁။ ၁၉၇၄ ခုနှစ်၊ ပင်လယ်ပြင်၌ အသက်အန္တရာယ်ကင်းရှင်းရေးအတွက် အပြည်ပြည်ဆိုင်ရာ Convention (International Convention for the Safety of Life at Sea (SOLAS), 1974) ၏ အခန်း ၅၊ စည်းမျဉ်း (၁၉) ၏ ပြဋ္ဌာန်းချက်ပါ လိုအပ်ချက်များအရလည်းကောင်း၊ ရေကြောင်း အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးအတွက် လည်းကောင်း၊ သယံဇာတထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးတို့အတွက် လည်းကောင်း ရေယာဉ်များအား အလိုအလျောက် ခွဲခြားသိရှိနိုင်သည့်စနစ် (AIS) ကို တပ်ဆင်အသုံးပြုရမည်။

 

၂။ အောက်ဖော်ပြပါ မြန်မာအလံလွှင့်ထူထားသည့် ရေယာဉ်များသည် လုံးပေါင်းတန်ချိန် (Gross Tonnage - GT) အလိုက် class A အမျိုးအစား AIS စနစ်ကို တပ်ဆင်အသုံးပြုရမည်။

(က) 300 GT နှင့်အထက် အပြည်ပြည်ဆိုင်ရာ ခရီးစဉ်သွားရေယာဉ်များ၊
( ခ) 500 GT နှင့်အထက် မြန်မာ့ကမ်းရိုးတန်းသွားရေယာဉ်များ၊
(ဂ) မြန်မာ့ကမ်းရိုးတန်းသွား ခရီးသည်တင်ရေယာဉ်များအားလုံး။

 

၃။ ကမ်းခြေမှ မိုင် ၂၀ ထက် ကျော်လွန်သွားလာသည့် အောက်ဖော်ပြပါ မြန်မာအလံလွှင့်ထူထားသည့် ရေယာဉ်များသည် လုံးပေါင်းတန်ချိန် (Gross Tonnage - GT) sensors Class B - AIS (SOTDMA) အမျိုးအစား AIS စနစ်ကို တပ်ဆင်အသုံးပြုရမည်။

(က) 500 GT အောက် မြန်မာ့ကမ်းရိုးတန်းသွားရေယာဉ်များ၊
(ခ) 30 GT နှင့်အထက်ငါးဖမ်းရေယာဉ်များ။

 

၄။ ကမ်းခြေမှ မိုင် ၂၀ အတွင်း သွားလာသည့် အောက်ဖော်ပြပါ မြန်မာအလံလွှင့်ထူထားသည့် ရေယာဉ်များသည် လုံးပေါင်းတန်ချိန် (Gross Tonnage - GT) နှင့် အလျားသတ်မှတ်ချက်အလိုက် Class B - AIS (CSTDMA) အမျိုးအစား AIS စနစ်ကို တပ်ဆင်အသုံးပြုရမည်။

(က) 50 GT နှင့်အထက် မြန်မာ့ကမ်းရိုးတန်းသွားရေယာဉ်များ၊
(ခ) 30 GT နှင့်အထက် ငါးဖမ်းရေယာဉ်များ၊
(ဂ) အလျား ပေ ၃၀ နှင့်အထက် ငါးဖမ်းရေယာဉ်များ၊
(ဃ) အလျား ၂၃ ပေနှင့်အထက် အပျော်စီးရေယာဉ်များ။

 

၅။ အလျား ၂၃ ပေအောက် အပျော်စီးရေယာဉ်ငယ်များသည် Class B သို့မဟုတ် Portable AISSART အမျိုးအစား AIS စနစ်ကို တပ်ဆင်အသုံးပြုရမည်။

 

၆။ ရေယာဉ်ပိုင်ရှင်များသည် AIS စနစ် တပ်ဆင်ရန်အတွက် ဤအမိန့်ကြော်ငြာစာ ထုတ်ပြန်သည့် နေ့မှစ၍ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လျှောက်ထားနိုင်ပြီး အပိုဒ် ၂ ပါ ရေယာဉ်များသည် ၂၀၂၀ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင်လည်းကောင်း၊ အပိုဒ် ၃ ပါ ရေယာဉ်များသည် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်လည်းကောင်း၊ အပိုဒ် ၄ နှင့် ၅ ပါ ရေယာဉ်များသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်လည်းကောင်း နောက်ဆုံးထား၍ အပြီးတပ်ဆင်ရမည်။

 

၇။ မြန်မာ့ရေပြင်နှင့် ဆိပ်ကမ်းများသို့ ဝင်ထွက်သွားလာမည့် နိုင်ငံခြားအလံ လွှင့်ထူထားသည့် ရေယာဉ်များအားလုံးသည် ၂၀၂၀ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှစ၍ AIS စနစ် တပ်ဆင်ထားရှိပြီး ဖြစ်ရမည်။

 

၈။ မြန်မာ့ကမ်းရိုးတန်းနှင့်ပင်လယ်ပြင်သွားရေယာဉ်များတွင် ရေကြောင်းအန္တရာယ် ကင်းရှင်းရေးနှင့် ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးအတွက် အရေးပေါ်အခြေအနေ ကျရောက်ပါက အကူအညီ တောင်းခံ နိုင်သည့် အချက်ပြစနစ် (Distress Alert/ Panic Button) တပ်ဆင် ထားရှိရမည်။အဆိုပါ စနစ်အား AIS တွင် ပူးတွဲတပ်ဆင်ထားရှိနိုင်သည်။

 

၉။ AIS တင်သွင်းရောင်းချခြင်း၊ တပ်ဆင်ပေးခြင်းပြုလုပ်လိုသူ (Service Provider) များသည် အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ် (IMO) က ထုတ်ပြန်ထားသော သက်ဆိုင်ရာ AIS စနစ် လိုအပ်ချက်များနှင့်ကိုက်ညီမှုရှိပြီး ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စံနှုန်းသတ်မှတ်ချက်များ (Performance Standard and Technical Specifications) နှင့် ကိုက်ညီမှုရှိသည့် ပစ္စည်းများကိုသာ တင်သွင်းရောင်းချခြင်းနှင့် တပ်ဆင်ခြင်းများကို ပြုလုပ်ရမည်။

 

၁၀။ AIS တပ်ဆင်အသုံးပြုမည့် ရေယာဉ်များအားလုံးသည် AIS တွင် IMO Number ၊ MMSI Number နှင့် DMA Registration ID တို့ကို ထည့်သွင်းမှတ်ပုံတင်ထားရှိရမည်ဖြစ်ပြီး ဦးစီးဌာနမှ စစ်ဆေးခွင့်ပြုချက် (Test Approval Certificate) ရရှိပြီးဖြစ်ရမည်။

 

၁၁။ AIS တပ်ဆင်ထားသော ရေယာဉ်အသီးသီးအတွက် မှတ်ပုံတင်ထားရှိသည့် အချက်အလက် များအား ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့်သာ ပြောင်းလဲပြင်ဆင်ခြင်း ပြုရမည်။ AIS စနစ်ကိုဖြစ်စေ၊ ရေယာဉ်တစ်စီးမှ အခြားတစ်စီးသို့ဖြစ်စေ ခွင့်ပြုချက်မဲ့ ပြောင်းလဲပြင်ဆင်ခြင်း မပြုရ။ ထိုသို့
ပြောင်းလဲတပ်ဆင်ခြင်း၊ ပြင်ဆင်ခြင်း မပြုနိုင်ရန် လုံခြုံရေးစနစ် ထည့်သွင်းထားရှိရမည်။

 

၁၂။ AIS တပ်ဆင်ထားသော ရေယာဉ်အားလုံးသည် မလွှဲမရှောင်သာသည့် ဖြစ်စဉ်နှင့် ကိစ္စရပ်မှ လွဲ၍ AIS စနစ်အား ၂၄ နာရီပတ်လုံး ဖွင့်လှစ်ထားရှိရမည်။

 

၁၃။ ဦးစီးဌာနသည် ဤအမိန့်ကြော်ငြာစာပါ ရေယာဉ်တစ်စီးချင်းအလိုက် လိုအပ်သည့် သတ်မှတ်ချက်များအတိုင်း AIS စနစ် တပ်ဆင်ထားရှိမှုနှင့် အသုံးပြုမှုများကို စောင့်ကြပ်ကြည့်ရှု၍ ကြပ်မတ်စစ်ဆေးပြီး လိုအပ်သလို အရေးယူဆောင်ရွက်ခြင်းပြုရမည်။

 

89597769_1658912260917480_4377376590149976064_n_1.png

 

<<<Zawgyi>>>

 

“ျမန္မာ့ကမ္း႐ိုးတန္းႏွင့္ ပင္လယ္ျပင္သြား ေရယာဥ္မ်ားတြင္ အလိုအေလ်ာက္ ခြဲျခားသိရွိႏိုင္သည့္စနစ္ (Automatic Identification System (AIS)) တပ္ဆင္အသုံးျပဳျခင္းဆိုင္ရာ အမိန႔္ေၾကာ္ျငာစာ"

 

ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနသည္ ျမန္မာႏိုင္ငံကုန္သည္ သေဘၤာအက္ဥပေဒ ပုဒ္မ ၂၉၄-ခ ပုဒ္မခြဲ (ခ) အရ အပ္ႏွင္းထားေသာ လုပ္ပိုင္ခြင့္ကို က်င့္သုံး၍ “ျမန္မာ့ကမ္း႐ိုးတန္းႏွင့္ ပင္လယ္ျပင္သြား ေရယာဥ္မ်ားတြင္ အလိုအေလ်ာက္ ခြဲျခားသိရွိႏိုင္သည့္စနစ္ (Automatic Identification System (AIS)) တပ္ဆင္အသုံးျပဳျခင္းဆိုင္ရာ အမိန႔္ေၾကာ္ျငာစာ" ကို ထုတ္ျပန္ လိုက္သည္။

 

၁။ ၁၉၇၄ ခုႏွစ္၊ ပင္လယ္ျပင္၌ အသက္အႏၲရာယ္ကင္းရွင္းေရးအတြက္ အျပည္ျပည္ဆိုင္ရာ Convention (International Convention for the Safety of Life at Sea (SOLAS), 1974) ၏ အခန္း ၅၊ စည္းမ်ဥ္း (၁၉) ၏ ျပ႒ာန္းခ်က္ပါ လိုအပ္ခ်က္မ်ားအရလည္းေကာင္း၊ ေရေၾကာင္း အႏၲရာယ္ကင္းရွင္းေရးႏွင့္ လုံၿခဳံေရးအတြက္ လည္းေကာင္း၊ သယံဇာတထိန္းသိမ္းေစာင့္ေရွာက္ေရးႏွင့္ ေရထုညစ္ညမ္းမႈ တားဆီးကာကြယ္ေရးတို႔အတြက္ လည္းေကာင္း ေရယာဥ္မ်ားအား အလိုအေလ်ာက္ ခြဲျခားသိရွိႏိုင္သည့္စနစ္ (AIS) ကို တပ္ဆင္အသုံးျပဳရမည္။

 

၂။ ေအာက္ေဖာ္ျပပါ ျမန္မာအလံလႊင့္ထူထားသည့္ ေရယာဥ္မ်ားသည္ လုံးေပါင္းတန္ခ်ိန္ (Gross Tonnage - GT) အလိုက္ class A အမ်ိဳးအစား AIS စနစ္ကို တပ္ဆင္အသုံးျပဳရမည္။

(က) 300 GT ႏွင့္အထက္ အျပည္ျပည္ဆိုင္ရာ ခရီးစဥ္သြားေရယာဥ္မ်ား၊
( ခ) 500 GT ႏွင့္အထက္ ျမန္မာ့ကမ္း႐ိုးတန္းသြားေရယာဥ္မ်ား၊
(ဂ) ျမန္မာ့ကမ္း႐ိုးတန္းသြား ခရီးသည္တင္ေရယာဥ္မ်ားအားလုံး။

 

၃။ ကမ္းေျခမွ မိုင္ ၂၀ ထက္ ေက်ာ္လြန္သြားလာသည့္ ေအာက္ေဖာ္ျပပါ ျမန္မာအလံလႊင့္ထူထားသည္႕ ေရယာဥ္မ်ားသည္ လုံးေပါင္းတန္ခ်ိန္ (Gross Tonnage - GT) sensors Class B - AIS (SOTDMA) အမ်ိဳးအစား AIS စနစ္ကို တပ္ဆင္အသုံးျပဳရမည္။

(က) 500 GT ေအာက္ ျမန္မာ့ကမ္း႐ိုးတန္းသြားေရယာဥ္မ်ား၊
(ခ) 30 GT ႏွင့္အထက္ငါးဖမ္းေရယာဥ္မ်ား။

 

၄။ ကမ္းေျခမွ မိုင္ ၂၀ အတြင္း သြားလာသည့္ ေအာက္ေဖာ္ျပပါ ျမန္မာအလံလႊင့္ထူထားသည့္ ေရယာဥ္မ်ားသည္ လုံးေပါင္းတန္ခ်ိန္ (Gross Tonnage - GT) ႏွင့္ အလ်ားသတ္မွတ္ခ်က္အလိုက္ Class B - AIS (CSTDMA) အမ်ိဳးအစား AIS စနစ္ကို တပ္ဆင္အသုံးျပဳရမည္။

(က) 50 GT ႏွင့္အထက္ ျမန္မာ့ကမ္း႐ိုးတန္းသြားေရယာဥ္မ်ား၊
(ခ) 30 GT ႏွင့္အထက္ ငါးဖမ္းေရယာဥ္မ်ား၊
(ဂ) အလ်ား ေပ ၃၀ ႏွင့္အထက္ ငါးဖမ္းေရယာဥ္မ်ား၊
(ဃ) အလ်ား ၂၃ ေပႏွင့္အထက္ အေပ်ာ္စီးေရယာဥ္မ်ား။

 

၅။ အလ်ား ၂၃ ေပေအာက္ အေပ်ာ္စီးေရယာဥ္ငယ္မ်ားသည္ Class B သို႔မဟုတ္ Portable AISSART အမ်ိဳးအစား AIS စနစ္ကို တပ္ဆင္အသုံးျပဳရမည္။

 

၆။ ေရယာဥ္ပိုင္ရွင္မ်ားသည္ AIS စနစ္ တပ္ဆင္ရန္အတြက္ ဤအမိန႔္ေၾကာ္ျငာစာ ထုတ္ျပန္သည့္ ေန႔မွစ၍ ေရေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနသို႔ ေလွ်ာက္ထားႏိုင္ၿပီး အပိုဒ္ ၂ ပါ ေရယာဥ္မ်ားသည္ ၂၀၂၀ ခုႏွစ္၊ မတ္လ ၃၁ ရက္ေန႔တြင္လည္းေကာင္း၊ အပိုဒ္ ၃ ပါ ေရယာဥ္မ်ားသည္ ၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၃၁ ရက္ေန႔တြင္လည္းေကာင္း၊ အပိုဒ္ ၄ ႏွင့္ ၅ ပါ ေရယာဥ္မ်ားသည္ ၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလ ၃၁ ရက္ေန႔တြင္လည္းေကာင္း ေနာက္ဆုံးထား၍ အၿပီးတပ္ဆင္ရမည္။

 

၇။ ျမန္မာ့ေရျပင္ႏွင့္ ဆိပ္ကမ္းမ်ားသို႔ ဝင္ထြက္သြားလာမည့္ ႏိုင္ငံျခားအလံ လႊင့္ထူထားသည့္ ေရယာဥ္မ်ားအားလုံးသည္ ၂၀၂၀ ခုႏွစ္၊ မတ္လ ၃၁ ရက္ေန႔မွစ၍ AIS စနစ္ တပ္ဆင္ထားရွိၿပီး ျဖစ္ရမည္။

 

၈။ ျမန္မာ့ကမ္း႐ိုးတန္းႏွင့္ပင္လယ္ျပင္သြားေရယာဥ္မ်ားတြင္ ေရေၾကာင္းအႏၲရာယ္ ကင္းရွင္းေရးႏွင့္ ပင္လယ္ျပင္ရွာေဖြကယ္ဆယ္ေရးအတြက္ အေရးေပၚအေျခအေန က်ေရာက္ပါက အကူအညီ ေတာင္းခံ ႏိုင္သည့္ အခ်က္ျပစနစ္ (Distress Alert/ Panic Button) တပ္ဆင္ ထားရွိရမည္။အဆိုပါ စနစ္အား AIS တြင္ ပူးတြဲတပ္ဆင္ထားရွိႏိုင္သည္။

 

၉။ AIS တင္သြင္းေရာင္းခ်ျခင္း၊ တပ္ဆင္ေပးျခင္းျပဳလုပ္လိုသူ (Service Provider) မ်ားသည္ အျပည္ျပည္ဆိုင္ရာေရေၾကာင္းအဖြဲ႕ခ်ဳပ္ (IMO) က ထုတ္ျပန္ထားေသာ သက္ဆိုင္ရာ AIS စနစ္ လိုအပ္ခ်က္မ်ားႏွင့္ကိုက္ညီမႈရွိၿပီး ဦးစီးဌာနမွ ထုတ္ျပန္ထားသည့္ စံႏႈန္းသတ္မွတ္ခ်က္မ်ား (Performance Standard and Technical Specifications) ႏွင့္ ကိုက္ညီမႈရွိသည့္ ပစၥည္းမ်ားကိုသာ တင္သြင္းေရာင္းခ်ျခင္းႏွင့္ တပ္ဆင္ျခင္းမ်ားကို ျပဳလုပ္ရမည္။

 

၁၀။ AIS တပ္ဆင္အသုံးျပဳမည့္ ေရယာဥ္မ်ားအားလုံးသည္ AIS တြင္ IMO Number ၊ MMSI Number ႏွင့္ DMA Registration ID တို႔ကို ထည့္သြင္းမွတ္ပုံတင္ထားရွိရမည္ျဖစ္ၿပီး ဦးစီးဌာနမွ စစ္ေဆးခြင့္ျပဳခ်က္ (Test Approval Certificate) ရရွိၿပီးျဖစ္ရမည္။

 

၁၁။ AIS တပ္ဆင္ထားေသာ ေရယာဥ္အသီးသီးအတြက္ မွတ္ပုံတင္ထားရွိသည့္ အခ်က္အလက္ မ်ားအား ဦးစီးဌာန၏ ခြင့္ျပဳခ်က္ျဖင့္သာ ေျပာင္းလဲျပင္ဆင္ျခင္း ျပဳရမည္။ AIS စနစ္ကိုျဖစ္ေစ၊ ေရယာဥ္တစ္စီးမွ အျခားတစ္စီးသို႔ျဖစ္ေစ ခြင့္ျပဳခ်က္မဲ့ ေျပာင္းလဲျပင္ဆင္ျခင္း မျပဳရ။ ထိုသို႔
ေျပာင္းလဲတပ္ဆင္ျခင္း၊ ျပင္ဆင္ျခင္း မျပဳႏိုင္ရန္ လုံၿခဳံေရးစနစ္ ထည့္သြင္းထားရွိရမည္။

 

၁၂။ AIS တပ္ဆင္ထားေသာ ေရယာဥ္အားလုံးသည္ မလႊဲမေရွာင္သာသည့္ ျဖစ္စဥ္ႏွင့္ ကိစၥရပ္မွ လြဲ၍ AIS စနစ္အား ၂၄ နာရီပတ္လုံး ဖြင့္လွစ္ထားရွိရမည္။

 

၁၃။ ဦးစီးဌာနသည္ ဤအမိန႔္ေၾကာ္ျငာစာပါ ေရယာဥ္တစ္စီးခ်င္းအလိုက္ လိုအပ္သည့္ သတ္မွတ္ခ်က္မ်ားအတိုင္း AIS စနစ္ တပ္ဆင္ထားရွိမႈႏွင့္ အသုံးျပဳမႈမ်ားကို ေစာင့္ၾကပ္ၾကည့္ရႈ၍ ၾကပ္မတ္စစ္ေဆးၿပီး လိုအပ္သလို အေရးယူေဆာင္႐ြက္ျခင္းျပဳရမည္။

 

Transportation Services သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေပါင္း ၇၉၀ ကိုရွာရန္ႏိွပ္ပါ

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)