ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကာလတွင် ရန်ကုန်မှ မြိတ်သို့ လေကြောင်း ခရီးစဉ်ဖြင့်
မေလ (၂)ရက် နေ့မှစ၍ လာရောက်သူများအားလုံး Quarantine စခန်းနေရာများတွင် မိမိအစီအစဉ်ဖြင့် (၂၁)ရက် ဝင်ရောက်ကြရမည်ဖြစ်ပြီး နေအိမ်တွင်(၇)ရက် Quarantine နေထိုင်ကြရမည် ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ရန်ကုန်မှ မြိတ်သို့ လေကြောင်းခရီးဖြင့် ရောက်လာသူများအားလုံးကို Quarantine စခန်းနေရာများတွင် ကျန်းမာရေး စောင့်ရှောက်မှု နှင့် ရေ၊ မီး Facility ဆောင်ရွက်ပေးမည်ဖြစ်ပြီး စားစရိတ်နှင့် အသုံးအဆောင်များ (အိပ်ယာခင်း၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး )ကို မိမိအစီအစဉ်ဖြင့် အသုံးပြုကြရန်နှင့် အလှူရှင်ရှိသည့်နေ့တွင် ကျွေးမွေးသွားရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်နိုင်ရေးအတွက် မတ်လစတုတ္ထအပတ်မှ စတင်ကာ မြို့နယ်အတွင်း Quarantine စခန်း(၂၉)ခုဖွင့်လှစ်၍ ပြည်ပမှနေရပ်ပြန်(၅၀၀)ဦးခန့်နှင့် ပြည်တွင်းနေရပ်ပြန် (၂၅၀)ဦးကျော်ကို Facility Quarantine ထားရှိကာ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြပြီး စခန်းမှပြန်လည်စေလွှတ်သူ (၆၄၀)ကျော်ရှိခဲ့ပြီး ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် Quarantine စခန်း(၆)ခု၌ နေရပ်ပြန်(၁၀၉)ဦးအား Facility Quarantine ထားရှိ၍ ကျန်းမာရေးစောင့် ရှောက်ပေးလျက်ရှိသည်။
မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလတွင် မြိတ်မြို့သို့ ဆိုက်ရောက်ထွက်ခွာ လျက်ရှိကြသော (တိုင်းဒေသကြီး အတွင်း/အပြင်) ခရီးသည်တင်ယာဉ်လိုင်းများ အားလုံးကို မေလ(၁၅)ရက်အထိ ခေတ္တရပ်နားထားရှိပြီး လေကြောင်းခရီးစဉ်အနေဖြင့် KBZ လေကြောင်းလိုင်းမှ ဧပြီလ(၁၉)ရက်မှ စတင်ကာ ပြန်လည်ပြေး ဆွဲလျက်ရှိကာ မေလ(၂)ရက်နေ့မှ စတင်ကာ မြန်မာ အမျိုးသားလေကြောင်းလိုင်းနှင့် KBZ လေကြောင်းလိုင်းတို့မှ ခရီးစဉ်များ ပျံသန်းပြေးဆွဲကြ မည်ဖြစ်သည်။
မြိတ်မြို့နယ်အနေဖြင့် နေရပ်ပြန်များအတွက် Quarantine စခန်း ဖွင့်လှစ်ရန်နေရာ(၃၅)ခုနှင့် စခန်းများ တွင် ဝင်ဆံ့သည့်ဦးရေ (၁၁၄၆) ဦး လျာထားကာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရေ၊ မီး၊ မိလ္လာ ပြည့်စုံမှုရှိစေရန် Quarantine စခန်းများတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှ သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )
ၿမိတ္သို႔ ေလေၾကာင္း ခရီးစဥ္ျဖင့္ သြားမယ္ဆိုရင္ သိထားရမယ့္အခ်က္မ်ား
ကိုဗစ္-၁၉ ကာကြယ္ထိန္းခ်ဳပ္ေရး ကာလတြင္ ရန္ကုန္မွ ၿမိတ္သို႔ ေလေၾကာင္း ခရီးစဥ္ျဖင့္ ေမလ (၂)ရက္ ေန႔မွစ၍ လာေရာက္သူမ်ားအားလုံး Quarantine စခန္းေနရာမ်ားတြင္ မိမိအစီအစဥ္ျဖင့္ (၂၁)ရက္ ဝင္ေရာက္ၾကရမည္ျဖစ္ၿပီး ေနအိမ္တြင္(၇)ရက္ Quarantine ေနထိုင္ၾကရမည္ ျဖစ္ေၾကာင္း ၿမိဳ႕နယ္ ကိုဗစ္-၁၉ ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီမွ သိရသည္။
ရန္ကုန္မွ ၿမိတ္သို႔ ေလေၾကာင္းခရီးျဖင့္ ေရာက္လာသူမ်ားအားလုံးကို Quarantine စခန္းေနရာမ်ားတြင္ က်န္းမာေရး ေစာင့္ေရွာက္မႈ ႏွင့္ ေရ၊ မီး Facility ေဆာင္႐ြက္ေပးမည္ျဖစ္ၿပီး စားစရိတ္ႏွင့္ အသုံးအေဆာင္မ်ား (အိပ္ယာခင္း၊ ေစာင္၊ ျခင္ေထာင္၊ ေခါင္းအုံး )ကို မိမိအစီအစဥ္ျဖင့္ အသုံးျပဳၾကရန္ႏွင့္ အလႉရွင္ရွိသည့္ေန႔တြင္ ေကြၽးေမြးသြားရန္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ၿမိဳ႕နယ္ ကိုဗစ္-၁၉ ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုန႔္ျပန္ေရး ေကာ္မတီမွ ယေန႔နံနက္(၁၀)နာရီက ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန႐ုံး အစည္းအေဝး ခန္းမတြင္ ေဆြးေႏြးဆုံးျဖတ္ခဲ့ၾကသည္။
ၿမိတ္ၿမိဳ႕တြင္ ကိုဗစ္-၁၉ ကာကြယ္ႏိုင္ေရးအတြက္ မတ္လစတုတၳအပတ္မွ စတင္ကာ ၿမိဳ႕နယ္အတြင္း Quarantine စခန္း(၂၉)ခုဖြင့္လွစ္၍ ျပည္ပမွေနရပ္ျပန္(၅၀၀)ဦးခန႔္ႏွင့္ ျပည္တြင္းေနရပ္ျပန္ (၂၅၀)ဦးေက်ာ္ကို Facility Quarantine ထားရွိကာ က်န္းမာေရး ေစာင့္ေရွာက္မႈ ေဆာင္႐ြက္ေပးခဲ့ၾကၿပီး စခန္းမွျပန္လည္ေစလႊတ္သူ (၆၄၀)ေက်ာ္ရွိခဲ့ၿပီး ျဖစ္ေၾကာင္း၊ လက္ရွိ အခ်ိန္တြင္ Quarantine စခန္း(၆)ခု၌ ေနရပ္ျပန္(၁၀၉)ဦးအား Facility Quarantine ထားရွိ၍ က်န္းမာေရးေစာင့္ ေရွာက္ေပးလ်က္ရွိသည္။
ၿမိတ္ၿမိဳ႕တြင္ ကိုဗစ္-၁၉ ကာကြယ္ထိန္းခ်ဳပ္ေရးကာလတြင္ ၿမိတ္ၿမိဳ႕သို႔ ဆိုက္ေရာက္ထြက္ခြာ လ်က္ရွိၾကေသာ (တိုင္းေဒသႀကီး အတြင္း/အျပင္) ခရီးသည္တင္ယာဥ္လိုင္းမ်ား အားလုံးကို ေမလ(၁၅)ရက္အထိ ေခတၱရပ္နားထားရွိၿပီး ေလေၾကာင္းခရီးစဥ္အေနျဖင့္ KBZ ေလေၾကာင္းလိုင္းမွ ဧၿပီလ(၁၉)ရက္မွ စတင္ကာ ျပန္လည္ေျပး ဆြဲလ်က္ရွိကာ ေမလ(၂)ရက္ေန႔မွ စတင္ကာ ျမန္မာ အမ်ိဳးသားေလေၾကာင္းလိုင္းႏွင့္ KBZ ေလေၾကာင္းလိုင္းတို႔မွ ခရီးစဥ္မ်ား ပ်ံသန္းေျပးဆြဲၾက မည္ျဖစ္သည္။
ၿမိတ္ၿမိဳ႕နယ္အေနျဖင့္ ေနရပ္ျပန္မ်ားအတြက္ Quarantine စခန္း ဖြင့္လွစ္ရန္ေနရာ(၃၅)ခုႏွင့္ စခန္းမ်ား တြင္ ဝင္ဆံ့သည့္ဦးေရ (၁၁၄၆) ဦး လ်ာထားကာ က်န္းမာေရးေစာင့္ေရွာက္မႈႏွင့္ ေရ၊ မီး၊ မိလႅာ ျပည့္စုံမႈရွိေစရန္ Quarantine စခန္းမ်ားတြင္ ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္ထားရွိေၾကာင္း ၿမိဳ႕နယ္ ကိုဗစ္-၁၉ ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီ မွ သိရသည္။
ခိုင္ထူး ( ၿမိတ္ ျပန္/ဆက္ )