Rules and Regulations
ကိုဗစ်ကာလ စင်ကာပူမှာ သင်္ဘောသား အတက်အဆင်း လုပ်ငန်းစဉ်
COVID 19 တားမြစ်ကာလအတွင်း စင်ကာပူနိုင်ငံတွင် Crew လဲလှယ်ခြင်း ပြုလုပ်ရာ၌
ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ။
၁။ ဆရာ၀န် တစ်ဦးမှ သင်္ဘောပေါ်သို့ လာရောက်၍ COVID 19 ကင်းစင်ကြောင်း စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ကာ လိုအပ်သည့် ဆေးဘက်ဆိုင်ရာ ထောက်ခံချက် လက်မှတ်များအား ထုတ်ပေးမည်ဖြစ်သည်။
၂။ အကယ်၍ ဆရာ၀န် မှ စစ်ဆေးစမ်းသပ်ပြီးနောက် မြေပြင်ပေါ်တွင် ထပ်မံ စမ်းသပ်စစ်ဆေးရန် လိုအပ်ပါက သင်္ဘော ကပ္ပတိန် (သို့မဟုတ်) အေးဂျင့် မှ ထပ်မံလုပ်ဆောင်ရမည့် စစ်ဆေးအတည်ပြုချက်များရယူရန်အတွက် အာဏာပိုင်တို့အား ၎င်း နာမကျန်းသော သင်္ဘောသား ကုန်းမြေပေါ်သို့ ဆင်းသက်ရန် ခွင့်ပြုချက် မရမီအချိန်တွင် သတင်းပေးပို့ရမည်ဖြစ်သည်။
၃။ ထိုလုပ်ငန်းစဉ်သည် ဖြစ်စဉ်အခြေခံအချက်အလက်များပေါ် မူတည်၍ MPA & ICA ထောက်ခံချက် နှင့် ကုန်းမြေပေါ်သို့ ဆင်းသက်ရန် ရောဂါပိုးကင်းရှင်းကြောင်း ထောက်ခံချက်များ မရရှိမီ ၂၄ နာရီ (သို့မဟုတ်) ၂၄ နာရီ ထက်ပိုသော အချိန် ကြာမြင့်မည်ဖြစ်ပြီး ၎င်းသည် ကျွန်ုပ်တို့၏ ထိန်းချုပ်မှုအောက်တွင် မရှိပါ။ နောက်ဆုံးတွင် ခွင့်ပြုမိန့် ရမည် ၊ မရမည် ဆိုသည်ကိုလည်း အာမခံပေးနိုင်ခြင်း မရှိပါ။
၄။ သတိပြုရန်မှာ လုပ်ငန်းစဉ်များအားလုံး လုပ်ဆောင်နိုင်ရန် ကြာမြင့်ချိန်သည် ခန့်မှန်းနိုင်ခြင်း မရှိသည့်အလျောက် သင်္ဘော၏ လုပ်ငန်း အစီအစဉ် များအား နှောင့်နှေးကြန့်ကြာစေနိုင်ပါသည်။
______________။______________
MPA Singapore မှ အကြံပြုထားသည့် အောက်ဖော်ပြပါ အကြံပြုချက်များအားလည်း မှတ်သားထားစေလိုပါသည်။
မြေပြင်ပေါ်တွင် ထပ်မံ၍ ဆေးဘက်ဆိုင်ရာ စစ်ဆေးကုသမှုများ ခံယူရန်လိုအပ်သည့် သင်္ဘောသားများ နှင့် အာဏာပိုင် အဖွဲ့အစည်းအားလုံးတို့မှ ခွင့်ပြုချက်ရရှိထားပြီး ဖြစ်သော သင်္ဘောသားများ၏ -
(၁) ဆေးရုံမှ ရောဂါပိုးကင်းရှင်းကြောင်း အတည်ပြုချက်ရယူထားသော ထောက်ခံစာ။ (၎င်းသည် ဆေးရုံ၏ အရေးပေါ်ဖြစ်သော လုပ်ငန်းတာ၀န်များအပေါ်မူတည်၍ ကြာမြင့်ချိန် ကွဲပြားခြားနားနိုင်သည်။)
(သို့မဟုတ်)
(၂) ရောဂါပိုးကင်းရှင်းကြောင်း သင်္ဘောပေါ်သို့ ပြန်ကြားလာသည့်ထောက်ခံစာ။
များ မရရှိမီတွင် သင်္ဘော နှင့် သင်္ဘောပေါ်ရှိ သက်ဆိုင်ရာ သင်္ဘောသားများ အားလုံးသည် စင်္ကာပူနိုင်ငံတွင် ရှိနေရမည်ဖြစ်ပါသည်။
zawgyi
လုပ်ငန်းစဉ်များ။
______________။______________
(သို့မဟုတ်)
------------------------------------------------------------------------
Crew sign off process during COVID-19 restriction in Singapore;
1. A Doctor will board the vessel to perform clinical Covid-19 clearance, assess and treat on board, issue all needful Medical Certificate.
2. If further shore treatment and investigations is needed after Doctor’s initial assessment onboard, the Master or Agent will then submit to the Authorities for further clearance before the sick crew can be allowed ashore.
3. This process typically takes up to 24 hours or more, before the crew member is totally cleared by both MPA & ICA and allowed ashore, depending on case to case basis, and is not within our control. Final permission to land is not guaranteed.
4. Please note that the total processing time is unpredictable, and may delay the vessel’s schedule.
Please note the following as advised by MPA Singapore :
“Any crew member who requires further medical treatment ashore, and has successfully obtained approval from all authorities, and allowed ashore, the vessel will have to remain in Singapore till that specific crewmember is either:
(1) confirmed admitted to a hospital (timing depends on urgency and work load in the hospital), or
(2) cleared and returned on board vessel, before the vessel is allowed to sail off.”
Crd: #SanWin
Fighting Together For Your Rights, Stand With
#IFOMS.
Read times
Rate this item
(0 votes)