Rules and Regulations

အမြန်လမ်းမကြီးတွင် သတ်မှတ်အမြန်နှုန်း ကျော်လွန်မောင်းနှင်မှု အရေးယူနိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်

အမြန်လမ်းမကြီးတစ်လျှောက် ယာဉ်မောင်းနှင်ရာတွင် ယာဉ်အလိုက် သတ်မှတ်ထားသည့် အမြန်နှုန်းအတိုင်းသာ

မောင်းနှင်ကြရန် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက သတိပေးချက်ယနေ့ထုတ်ပြန်သည်။

 

COVID -19 ကူးစက်ရောဂါ ကာကွယ် တားဆီးထိန်းချုပ်ရေး အစီအမံများကြောင့် အမြန်လမ်းမကြီး တစ်လျှောက် ယာဥ်များ သွားလာမှုအရေအတွက် အဆမတန် လျော့နည်းသွားခဲ့ရာမှ ယခုအချိန်တွင် ခရီးသွားယာဥ်များ သွားလာမှု ပုံမှန်အနေအထား သို့ ရောက်ရှိလာပြီဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး Guard rails တန်းများ တိုက်မိကာ လူထိခိုက်ဒဏ်ရာရ သေကြေသည့် ဖြစ်စဉ်များ ဖြစ်ပွားလျက် ရှိပါသည်။


သို့ဖြစ်ရာ သတ်မှတ် အမြန်နှုန်း ကျော်လွန် မောင်းနှင်မှု ရှိမရှိ တိုင်းတာ စိစစ်ပြီး တရားရုံး မှလိုအပ်သလိုပြစ်ဒဏ်စီရင်နိုင်ရေး လုပ်ငန်းများကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှအရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ခရီးသွားပြည်သူများ တရားရုံးတွင် ပြစ်ဒဏ် စီရင်မှု မခံရစေရေးနှင့် ခရီးသွားနေစဉ် အန္တရာယ်ကင်း၍ မလိုလားအပ်သော စိတ် အနှောင့် အ ယှက်မဖြစ်စေရေး အတွက် အမြန်လမ်းမ ကြီးတလျောက် ယာဉ်မောင်းနှင်ရာတွင် ယာဉ်အလိုက် ခွင့်ပြုသတ်မှတ်ပေးထားသည့် သတ်မှတ် အမြန်နှုန်း အတိုင်းသာ မောင်းနှင်ကြခြင်းဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင် များတာဝန်ထမ်းဆောင် နေခြင်းကိုပူးပေါင်းပါဝင် ကူညီကြပါရန် ကြိုတင် အသိပေးပန်ကြားအပ်ပါသည်ဟူ၍ ဖေါ်ပြပါရှိသည်။

 

/ZAWGYI

အျမန္လမ္းမႀကီးတြင္ သတ္မွတ္ အျမန္ႏႈန္း ေက်ာ္လြန္ ေမာင္းႏွင္မႈ အေရးယူႏိုင္ရန္ အရွိန္အဟုန္ျမႇင့္ ေဆာင္႐ြက္သြားမည္

အျမန္လမ္းမႀကီးတစ္ေလွ်ာက္ ယာဥ္ေမာင္းႏွင္ရာတြင္ ယာဥ္အလိုက္ သတ္မွတ္ထားသည့္ အျမန္ႏႈန္းအတိုင္းသာ ေမာင္းႏွင္ၾကရန္ အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕မႉး႐ုံးက သတိေပးခ်က္ယေန႔ထုတ္ျပန္သည္။


COVID -19 ကူးစက္ေရာဂါ ကာကြယ္ တားဆီးထိန္းခ်ဳပ္ေရး အစီအမံမ်ားေၾကာင့္ အျမန္လမ္းမႀကီး တစ္ေလွ်ာက္ ယာဥ္မ်ား သြားလာမႈအေရအတြက္ အဆမတန္ ေလ်ာ့နည္းသြားခဲ့ရာမွ ယခုအခ်ိန္တြင္ ခရီးသြားယာဥ္မ်ား သြားလာမႈ ပုံမွန္အေနအထား သို႔ ေရာက္ရွိလာၿပီျဖစ္ၿပီး အရွိန္မထိန္းႏိုင္ဘဲ လမ္းေဘး Guard rails တန္းမ်ား တိုက္မိကာ လူထိခိုက္ဒဏ္ရာရ ေသေၾကသည့္ ျဖစ္စဥ္မ်ား ျဖစ္ပြားလ်က္ ရွိပါသည္။


သို႔ျဖစ္ရာ သတ္မွတ္ အျမန္ႏႈန္း ေက်ာ္လြန္ ေမာင္းႏွင္မႈ ရွိမရွိ တိုင္းတာ စိစစ္ၿပီး တရား႐ုံး မွလိုအပ္သလိုျပစ္ဒဏ္စီရင္ႏိုင္ေရး လုပ္ငန္းမ်ားကို အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕မွအရွိန္အဟုန္ျမႇင့္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းႏွင့္ ခရီးသြားျပည္သူမ်ား တရား႐ုံးတြင္ ျပစ္ဒဏ္ စီရင္မႈ မခံရေစေရးႏွင့္ ခရီးသြားေနစဥ္ အႏၲရာယ္ကင္း၍ မလိုလားအပ္ေသာ စိတ္ အေႏွာင့္ အ ယွက္မျဖစ္ေစေရး အတြက္ အျမန္လမ္းမ ႀကီးတေလ်ာက္ ယာဥ္ေမာင္းႏွင္ရာတြင္ ယာဥ္အလိုက္ ခြင့္ျပဳသတ္မွတ္ေပးထားသည့္ သတ္မွတ္ အျမန္ႏႈန္း အတိုင္းသာ ေမာင္းႏွင္ၾကျခင္းျဖင့္ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕ဝင္ မ်ားတာဝန္ထမ္းေဆာင္ ေနျခင္းကိုပူးေပါင္းပါဝင္ ကူညီၾကပါရန္ ႀကိဳတင္ အသိေပးပန္ၾကားအပ္ပါသည္ဟူ၍ ေဖၚျပပါရွိသည္။

Read times
Rate this item
(0 votes)