မြန်မာနိုင်ငံ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်နားခြင်း ကန့်သတ်ချက်ကို ဇွန်လ ၃၀ ရက် ၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီအထိ ထပ်မံ တိုးမြှင့်လိုက်ပြီဖြစ်ပါသည်။
Terminal 3 ရှိ ပြည်တွင်းလေကြောင်းခရီးစဉ်ပျံသန်းပြေးဆွဲမှုများကိုမူ ပုံမှန်အတိုင်း ဝန်ဆောင်မှုပေးလျှက်ရှိပြီး ခရီးသည်များအနေဖြင့် မိမိတို့ လေကြောင်းခရီးစဉ်အား စီစဉ် ၊ ပြောင်းလဲမှုများအတွက် သက်ဆိုင်ရာလေကြောင်းလိုင်းများ၊ ခရီးသွားအေဂျင်စီများကို ဆက်သွယ်မေးမြန်းနိုင်ပါရန် အကြံပြုအပ်ပါသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလကို ထပ်မံတိုးမြှင့်