ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာန (ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲ)မှ
COMID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေမှုကြောင့် CMP (သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ ) ဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်ချောမွေ့စေရန်အတွက် လုပ်ငန်းဆောင်ရွက်မှုအဆင့်များ ဖြေလျော့ခြင်းကိစ္စနှင့် စပ်လျဉ်း၍ ကြေညာချက်အမှတ်၊ ( ၆၆ / ၂၀၂၀) ထုတ်ပြန်ကြေညာထားပါသည်။
၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ လက်ရှိကာလ၌ ဖြစ်ပွားလျက်ရှိသော covID-19 ကမ္ဘာကပ်ရောဂါကြောင့် CMP (သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ) ဆောင်ရွက်ရာ တွင် MACCS System အသုံးပြု၍ Online ဖြင့်ဆောင်ရွက်လျက်ရှိသော်လည်း အချို့သောကိစ္စ များအတွက် Manual လာရောက်လုပ်ဆောင်နေရသည့်အတွက် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိ ပါသည်။ ၂။ သို့ဖြစ်ပါ၍ အကောက်ခွန်ဦးစီးဌာနအနေဖြင့် CMP (သွင်းကုန်ထုတ်ကုန်လုပ်ငန်း များ) ဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်ချောမွေ့စေရန်အတွက် လုပ်ငန်းဆောင်ရွက်မှုအဆင့်များ အား အောက်ပါအတိုင်း လျှော့ဆောင်ရွက်သွားရန် ကြေညာလိုက်သည်
(က) CMP သွင်းကုန်ဆိုင်ရာထောက်ခံချက်များအပေါ်တွင် ယခင်ကဲ့သို့ Appraiser(စည်းကြပ်အရာရှိ) မှ Assess ပြုလုပ်၍ လက်မှတ်ရေးထိုးပေးမည် မဟုတ်ဘဲ Agent မှ Assess ပြုလုပ်ပြီး System တွင် Attach တွဲပေးရမည်ဖြစ်သည်။ Appraiser (စည်းကြပ်အရာရှိ) မှ စစ်ဆေး၍မှန်ကန်ပါက System ၏ Note အကွက်တွင် အတည်ပြုချက်ရေးသားပေးမည်ဖြစ် သည်။
(ခ) CMP ထုတ်ကုန်များနှင့်စပ်လျဉ်း၍ Re-export, Repair and Return ကိစ္စရပ်များတွင် သက်ဆိုင်ရာအသင်းမှ ကုမ္ပဏီသို့ E-mail ဖြင့် ပေးပို့ ထားသည့် ထောက်ခံချက်များအား အခြားစာရွက်စာတမ်းများ ( Import Declaration / Export Declaration, Invoice, Packing List, e-mail, Sale Contract) နှင့်အတူ System တွင် Attach တွဲပေးရမည်။
Import Declaration/ Export Declaration ပေါ်တွင် Agent မှ Assessပြုလုပ်ရမည်ဖြစ်ပြီး Appraiser (စည်းကြပ်အရာရှိ) မှ စစ်ဆေး၍မှန်ကန်ပါက System ၏ Note အကွက်တွင် အတည်ပြုချက်ရေးသားပေးမည် ဖြစ်သည်။
(ဂ) Agent မှ Assess ပြုလုပ်ရာတွင် မင်အပြာရောင်ကိုသာ အသုံးပြုရမည်ဖြစ်ပြီး မင်အနီရောင်အား (လုံးဝ) မသုံးစွဲရပါ။
(ဃ) CMP နယ်စပ် Import Declaration/ Export Declaration များနှင့်သင်္ဘောပြောင်းကိစ္စရပ်များအား ယခင် Manual စနစ်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
၃။ ဤကြေညာချက်သည် (၁၅ - ၉ - ၂၀၂၀) ရက်နေ့မှ (၃၁ - ၁၀ -၂၀၂၀) ရက်နေ့အထိ အကျိုးသက်ရောက်စေရမည်။
နေလင်းအောင်
ညွှန်ကြားရေးမှူး(ထုတ်/သွင်း)