Rules and Regulations

MACCS System လုပ်ငန်းဆောင်ရွက်မှုအဆင့်များ ဖြေလျော့ခြင်းကိစ္စ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ကြေညာ

COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေမှုကြောင့် သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်ချောမွေ့စေရန်အတွက်

လုပ်ငန်းဆောင်ရွက်မှုအဆင့်များ ဖြေလျော့ခြင်းကိစ္စနှင့် စပ်လျဉ်း၍  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနအကောက်ခွန်ဦးစီးဌာန (ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲ)မှ ကြေညာချက်အမှတ် ( ၅ /၂၀၂၀) ကို ထုတ်ပြန်ကြေညာထားပါသည်။ 

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ လက်ရှိကာလ၌ ကမ္ဘာ့နိုင်ငံအနှံ့အပြား တွင်  Coronavirus Disease - 2019 (COVID-19) ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေလျက်ရှိပြီး အကောက်ခွန်ဦးစီးဌာနတွင် သွင်းကုန်/ထုတ်ကုန်လုပ်ငန်းများဆောင်ရွက်ရာ၌ MACCS System အသုံးပြု၍ Online ဖြင့်ဆောင်ရွက်လျက်ရှိသော်လည်း အချို့သောကိစ္စများအား Manual လာရောက်လုပ်ဆောင်နေရသည့်အတွက်  အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပါသည်။ 

 

၂။ သို့ဖြစ်ပါ၍ အကောက်ခွန်ဦးစီးဌာနအနေဖြင့် သွင်းကုန် / ထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်ချောမွေ့စေရန်အတွက် သွင်းကုန်လုပ်ငန်းဆောင်ရွက်မှု အဆင့် များအား အောက်ပါအတိုင်း ဖြေလျှော့ဆောင်ရွက်သွားမည်ဖြစ်ပါသည်

(က) သွင်းကုန်လိုင်စင်ပါရှိပြီး ထောက်ခံချက်လိုအပ်သည့် ပစ္စည်းများတင်သွင်းခြင်း၊အတွက်ထောက်ခံချက်ပေါ်တွင်Appraiser မှလက်မှတ်ရေးထိုးခြင်းအားဖြေလျော့ ဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာကုမ္ပဏီ / Agency မှ Shipment တစ်ခု ချင်းစီအလိုက် မင်အပြာရောင်ဖြင့် Assess ပြုလုပ် ပြီး ၎င်းAssess ပြုလုပ်ထား သောထောက်ခံချက်အား စနစ်အတွင်းတွင် ကြည်လင်ပြတ်သားစွာ Attach တွဲ ပေးရန်လိုအပ်ပါသည်။ 

(ခ) COW Service ပြုလုပ်ရာတွင် ယခင် သက်ဆိုင်ရာ Group တာဝန်ခံမှတစ်ဆင့်တာဝန်ခံ (ရုံး/ရာ)၊ တာဝန်ခံ(ရုံး/ရာ) မှတဆင့် ဒု/ညွှန်မှူး (ထ/သ) ၏ ခွင့်ပြုချက် ရရှိမှသာချိတ်စည်းပယ်ဖျက်ခွင့်ရရှိမည်ဖြစ်သော်လည်းယခုအခါ Group တာဝန်ခံမှ ချိတ်စည်းပယ်ဖျက်ခွင့်အား ခွင့်ပြုဆောင်ရွက်သွားမည်။ 

(ဂ) MACCS System ဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသော  Manual ID များ (ဥပမာ- Item 200 ကျော်သည့်ကိစ္စ၊ Transit Trade ဖိုင်၊ နယ်စပ်ဖိုင် စသည့်ဖြင့်)၊ Appraiser မှ Manual Assess ပြုလုပ်ရန် မဖြစ်မနေလိုအပ်သည့်ID များ (ဥပမာDealership ဈေးနှုန်းဖြင့်စည်းကြပ်ရမည့်ဖိုင်များ၊ လိုင်စင်မပါသည့် Invoice ဖြင့် ထောက်ခံချက်ထုတ်ပေးထားသည့်ဖိုင်များ စသည်ဖြင့်) မှအပ ကျန် ID များကို လူကိုယ်တိုင်လာရောက်ရန်မလိုဘဲ သက်ဆိုင်ရာ Group အလိုက် Appraiser များမှ MACCS System ဖြင့်သာ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 (ဃ) Importer များအနေဖြင့်  MACCS System ID တင်သွင်းကြေညာရာတွင် လိုအပ်သည့် စာရွက်စာတမ်းများ ပြည့်စုံမှန်ကန်စွာနှင့် ကြည်လင်ပြတ်သားစွာ ပူးတွဲတင်ပြရန် လိုအပ်ပါသည်။ ပြည့်စုံမှန်ကန်မှုမရှိသည့် ID များအတွက် System မှတစ်ဆင့်  MSN/MSB Service & Message ပေးပို့ခြင်း/သက်ဆိုင်ရာ  Agency သို့ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားခြင်းတို့အား ဆောင်ရွက်သွားမည်

ဖြစ်ပါသည်။ 

 

၃။ ထုတ်ကုန်လုပ်ငန်းဆောင်ရွက်မှုအဆင့်များအားအောက်ပါအတိုင်း ဖြေလျှော့ဆောင်ရွက် သွားမည်ဖြစ်ပါသည်

(က) Export Declaration များတွင် ပူးတွဲတင်ပြရန်လိုအပ်သည့် အောက်ပါ စာရွက်စာတမ်းများအား System အတွင်း ပြည့်စုံမှန်ကန်ပြီး ကြည်လင်ပြတ်သားစွာ ပူးတွဲတင်ပြရမည်

(၁) အရောင်းအဝယ်စာချုပ် (Sale Contract) 

(၂) ကုန်တန်ဖိုးစာရင်း (Invoice) 

(၃) ကုန်ထုပ်ပိုးစာရင်း (Packing List) 

(၄) Shipping Instruction 

(၅) Booking Note 

(၆) Repair and Return နှင့် Re- Export များအတွက် တင်သွင်းစဉ်က သွင်းကုန်ကြေညာလွှာ 

(ခ) Non-License စနစ်/ License စနစ်ဖြစ်ပြီး ထောက်ခံချက်လိုအပ်သည့် ကိစ္စများအတွက် ထောက်ချက်များတွင် သက်ဆိုင်ရာကုမ္ပဏီ / Agency မှ Shipment တစ်ခုချင်းစီအလိုက် မင်အပြာရောင်ဖြင့် Assess ပြုလုပ်ပြီး ၎င်း Assess ပြုလုပ်ထားသောထောက်ခံချက်အား စနစ်အတွင်းတွင် ကြည်လင်ပြတ်သားစွာ Attach တွဲပေးရန်လိုအပ်ပါသည်။ ပြည့်စုံမှန်ကန်မှုမရှိသည့် ED များအတွက် System မှတဆင့် MSA/MSB Service ဖြင့် Message ပေးပို့ခြင်း/ သက်ဆိုင်ရာ Agency သို့ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားခြင်းတို့အားဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 

(ဂ) Personal Effect, Re-export, Repair and Return နှင့် အခြားအတည်ပြုချက်ရယူရန်ကိစ္စများအတွက် သတ်မှတ်စာရွက်စာတမ်းများ ၊ ပူးတွဲတင်ပြရန် လိုအပ်သည့် စာရွက်စာတမ်းများအား ပြည့်စုံစွာတင်ပြရန်နှင့်ယခင်လုပ်ငန်းစဉ်

အတိုင်းသာဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

 

 ၄။ သက်ဆိုင်ရာGroup အလိုက် အောက်ပါဖုန်းနံပါတ်များအား မေးမြန်းစုံစမ်းနိုင်ပါသည်

Group (1) - 09-5071811

Group(2) - 09-796934968 

Group(3A) - 09-5095570 

Group(3B) - 09-095400630 

Export - 09-5069976 

၅။ ဤကြေညာချက်သည် (၁၅-၉-၂၀၂၀) ရက်နေ့မှ (၃၁-၁၀-၂၀၂၀) ရက်နေ့အထိ အကျိုး ၊ သက်ရောက်စေရမည်။

နေလင်းအောင် ၊

ညွှန်ကြားရေးမှူး(ထုတ်/သွင်း)

Read times
Rate this item
(0 votes)