စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်သွင်းကုန်လိုင်စင်ကြေးနှုန်းထားဖြင့် ကောက်ခံရန်ကာလ တိုးမြှင့်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
အမိန့်ကြော်ငြာစာအမှတ်၊ / ၂၀၂၀ ၁၃၈၂ ခုနှစ်၊
ဝါခေါင်လပြည့်ကျော် ၁ ရက်
(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက် )
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန် လိုက်သည်။
သတ်မှတ်သွင်းကုန်လိုင်စင်ကြေးနှုန်းထားဖြင့် ကောက်ခံရန်ကာလ တိုးမြှင့်ခြင်း
၁။ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူ များ၏ စိတ်ဓာတ်ရေးရာမြှင့်တင်ပေးသည့်အနေဖြင့် နိုင်ငံတော်မှ ဖြေလျှော့ပေးထားသည့် ဘဏ္ဍာရေး ဆိုင်ရာကိစ္စရပ်များ၊ အခွန်အခများနှင့် ငွေကြေးထောက်ပံ့မှုများကို စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကုန်အထိ ကာလတိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ အမိန့်ကြော်ငြာစာအမှတ်၊ ၂၃/၂၀၂၀ ဖြင့် သွင်းကုန်လိုင်စင် (၁) စောင်လျှင် ကျပ် ၃၀၀၀၀ (ကျပ် သုံးသောင်း) နှုန်းဖြင့် ကောက်ခံခဲ့ခြင်းအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကုန် အထိ ကာလတိုးမြှင့် သတ်မှတ်လိုက်သည်။
ဒေါက်တာသန်းမြင့်
ပြည်ထောင်စုဝန်ကြီး