တရုတ်နိုင်ငံ ရွှေလီမြို့မှာရှိသော အကောက်ခွန်ဂိတ်ကို ယနေ့စက်တင်ဘာလ ၂၂ရက်နေ့တွင်
ပုံမှန်အတိုင်း ပြန်လည်ဖွင့်လိုက်ပြီဟုသိရှိရသည်။
"ယနေ့နံနက်က ရွှေလီဂိတ်ကို ပုံမှန်အတိုင်းပြန်ဖွင့်လိုက်ပါပြီ၊သတ်မှတ်ချက်တွေတော့မရှိပါဘူး၊ ရွှေလီဘက်က ကုန်တင်ယာဉ်တွေလည်း ဝင်ရောက်လာတယ်၊ မြန်မာဖက်ကလည်းသွားလို့ရပါပြီ''ဟု မူဆယ်နယ်စပ်အသင်းဥက္ကဌ ဦးစိုင်းနွံက ပြောပါသည်။
ရွှေလီမြို့မှာ ကိုဗစ်ကူးစက်ခံရသူ ၃ ယောက် တွေ့ရှိပြီးသည့်နောက်တွင် စက်တင်ဘာလ ၁၄ ရက်နေ့ကစတင်ပြီး ဆေးရုံနှင့့် ဈေးဝယ်စင်တာမှလွဲ၍ ဝင်ထွက်သွားလာခွင့် ရပ်ဆိုင်းထားပါသည်။
တရုတ်နိုင်ငံအစိုးရက ရွှေလီမှာ နေထိုင်သူများအားလုံး တတ်နိုင်သမျှ အိမ်မှာပဲနေကြဖို့ ညွှန်ကြားထားပြီး စက်တင်ဘာလ ၁၄ရက် ညပိုင်းကစလို့ မြို့ရဲ့ဆက်သွယ်ရေး လမ်းကြောင်းတွေအားလုံးကို အဝင်အထွက် ပိတ်ဆို့ထားခြင်းဖြစ်ပြီး ၈ ရက်အကြာ
ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးထားခြင်းဖြစ်သည်။
By Myanmar Logistics Guide
ကုန်သည်စက်မှုအသင်းချုပ်