Rules and Regulations

ခရီးသည်များ၏ လုံခြုံရေးအတွက် လေကြောင်းလိုင်းများ အထူးဂရုပြုဆောင်ရွက်ရေး လေကြောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ သတိပေး

ကပ်ရောဂါကာလအတွင်း အချိန် ကြာမြင့်စွာရပ်နားထားခဲ့သည့်လေကြောင်းလိုင်များ အနေဖြင့်ပြန်လည်ပြေးဆွဲချိန်တွင်ခရီးသည်များ၏လုံခြုံရေးအတွက်အထူးဂရုပြုကာအချိန်ပေးပြင်ဆင်ဆောင်ရွက် ထားရန်လိုကြောင်း လေကြောင်းစည်း ကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် အာမခံကုမ္ပဏီများကသတိပေးခဲ့သည်။

ကပ်ရောဂါကာလအတွင်း လေကြောင်းလိုင်းများရပ်နားထားမှု နှင့်အတူလေယာဉ်မှူးများ ပုံမှန် အလေ့အကျင့်ရရှိမှုနည်းပါးခြင်းအပါအဝင်ဖြစ်လေ့ဖြစ်ထရှိသည့်ပြုပြင်ထိန်းသိမ်းရေးပိုင်းဆိုင်ရာအမှားအယွင်းများနှင့်ဆင်ဆာစနစ်လွဲချော် မှုတို့အားလုံးကို အသေအချာစိစစ် ပြင်ဆင်ကာအသင့်အနေအထားဖြစ် အောင် ဆောင်ရွက်ထားရန်လိုကြောင်း သတိပေးခဲ့သည်။

 

၂၀၂၀ပြည့်နှစ် မတ်လနှောင်းပိုင်း ကတည်းကကမ္ဘာတစ်ဝန်းရှိလေကြောင်းလိုင်းများ၏ သုံးပုံနှစ်ပုံမှာလုံးဝ ရပ်နားခဲ့ရပြီးနောက် ယခုလအကုန်တွင် လေကြောင်းလိုင်းအချို့ပြန်လည်ပြေးဆွဲတော့မည်ဖြစ်သည်။Aon ကုမ္ပဏီ၏ အာရှလေကြောင်းအာမခံဌာနအကြီးအကဲဖြစ်သူမစ္စတာ မိုရန်းက လေကြောင်းလိုင်းများ အနေဖြင့် လေယာဉ်မှူးများအတွက် လေ့ကျင့်ချိန် အလုံအလောက်ပေးခဲ့သည်လားဆိုသည်နှင့် စပ်လျဉ်း၍ မိမိတို့ အထူးစိုးရိမ်မိကြောင်းဆိုသည်။၎င်းက “ အာမခံလုပ်ငန်းတွေအားလုံးအနေနဲ့ လေယာဉ်မှူးတွေရဲ့လေ့ကျင့်ရေးအခြေအနေဘယ်လောက်အတိုင်း အတာအထိရှိလဲဆိုတာသိချင်ကြ ပါတယ်” ဟု ပြောကြားသည်။

 

လေယာဉ်တစ်စင်း၏ မတော်တဆ မှုတစ်ခုကပင်လျှင် လူ့အသက် ပေါင်းများစွာဆုံးရှုံးနိုင်သဖြင့်လေယာဉ်ဝန်ထမ်းများအားလုံး အနေဖြင့် လုံလောက်သည့် လေ့ကျင့်မှု ရရှိထားရန် အရေးကြီးနေခြင်းဖြစ် သည်။လေယာဉ်ဆင်းသက်ရာတွင် တည်ငြိမ်မှုနည်းပါးသည့် ချဉ်းကပ်မှု သည် လေယာဉ်မတော်တဆမှု၌ အများ ဆုံးဖြစ်လေ့ရှိသည့် ကိစ္စရပ်ဖြစ်သည်။ ပြီးခဲ့သည့်မေလအတွင်း ပါကစ္စတန် အမျိုးသားလေကြောင်းလိုင်းမှ လေယာဉ် မတော်တဆမှု၌ ၉၇ ဦး သေဆုံးခဲ့ရပြီးဩဂုတ်လအတွင်းဖြစ်ပွားခဲ့သည့်အဲအေးရှားလေကြောင်းမှ လေယာဉ် မတော် တဆမှုကြောင့် ၁၈ ဦး သေဆုံးခဲ့ရသည်။

 

The Mirror News 

 

Myanmar Logistic Guide 

Read times
Rate this item
(0 votes)