Rules and Regulations

အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းများ သက်တမ်းတိုးဆောင်ရွက်ပေးမည့် သတ်မှတ်ကာလ အသိပေးကြေညာ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ (စုံစမ်းစစ်ဆေးရေးနှင့်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဌာနခွဲ) ကြေညာချက် ( ၁ /၂၀၂၁) ကို ဖော်ပြအပ်ပါသည်။


အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းများ သက်တမ်းတိုးဆောင်ရွက်ပေးမည့်ကာလသတ်မှတ်ခြင်း

 

စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၏ ၁၀-၇-၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၇၄/၂၀၂၀) ဖြင့် အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများအား ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ ၂၀၂၀ ပြည့်နှစ်အောက်တိုဘာလ (၁) ရက်နေ့မှစ၍ အကျိုးသက်ရောက်ခဲ့ပြီး ဖြစ်ပါသည်


ယခုအခါ အဆိုပါအမိန့်ကြော်ငြာစာအမှတ် (၇၄/၂၀၂၀)ပါ လုပ်ထုံးလုပ်နည်းများနှင့် အညီ ရန်ကုန်နယ်မြေအတွင်းရှိ အကောက်ခွန်ဝန်ဆောင်မှုကုမ္ပဏီများ အသစ်ဖွဲ့စည်းခြင်း၊ သက်တမ်းတိုးခြင်းလုပ်ငန်းများအား ၂၀၂၂ ခုနှစ်မတ်လ (၁) ရက်နေ့မှ ၂၀၂၂ ခုနှစ်ဇွန်လ (၃၀) ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်


သို့ဖြစ်ပါ၍ အကောက်ခွန်ဝန်ဆောင်မှုကုမ္ပဏီ ဖွဲ့စည်းထားခြင်းမရှိသေးသော ရန်ကုန် နယ်မြေအတွင်းရှိ အကောက်ခွန်ဝန်ဆောင်မှုအေဂျင်စီများသည် အကောက်ခွန်ဝန်ဆောင်မှု ကုမ္ပဏီ ဖွဲ့စည်းခြင်းအား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အပြီး ကြိုတင်၍ ပြောင်းလဲဖွဲ့စည်းထား နိုင်ပါရန်၊ သတ်မှတ်ကာလအတွင်း လာရောက်ဆောင်ရွက်ခြင်းမရှိသော အကောက်ခွန်ဝန်ဆောင်မှု အေဂျင်စီများအား အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခွင့် ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း နှင့် သက်တမ်းတိုးထပ်မံဆောင်ရွက်ပေးမည်မဟုတ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

 

cutom_broker.jpg

Read times
Rate this item
(0 votes)