Rules and Regulations

အင်ဒိုနီးရှားအစိုးရက ကျောက်မီးသွေး ပြည်ပတင်ပို့မှု ပိတ်ပင်သဖြင့် သင်္ဘော ၁၀၀ ကျော် ကုန်မရဖြစ်နေ

အင်ဒိုနီးရှားအစိုးရက ကျောက်မီးသွေး ပြည်ပတင်ပို့မှု ပိတ်ပင်သဖြင့် သင်္ဘော ၁၀၀ ကျော် ကုန်မရဖြစ်နေ

၂၀၂၁ ဒီဇင်ဘာလ ၃၁ ရက်မှာ အင်ဒိုနီးရှား အစိုးရက ၂၀၂၂ ဇန်နဝါရီလအတွက်ကျောက်မီးသွေး ပြည်ပသို့ တင်ပို့မှုကို ပိတ်ပင်ကြောင်း၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား စက်ရုံများအတွက် မီးထိုးကျောက်မီးသွေး လက်ကျန် နည်းပါးနေလို့ ပြည်တွင်း သုံးစွဲမှုကို ပေးသွင်းနိုင်ကြဖို့အတွက် ပိတ်ပင်တာလို့ ဆိုပါတယ်။

အခုလို ပိတ်ပင်လိုက်တာကို။ ကျောက်မီးသွေးတွင်း လုပ်ငန်းတွေက ကန့်ကွက်ကြတယ်။ အင်ဒိုနီးရှား ကျောက်မီးသွေး တင်သွင်းတဲ့ ဂျပန်နိုင်ငံကလည်း ပြည်ပတင်ပို့မှု ချက်ချင်းပြန်ခွင့်ပြုဖို့ ပန်ကြားပါတယ်။ ဆိပ်ကမ်းမှာ ဂျပန်ကုိ ပို့မယ့်ကျောက်မီးသွေး တင်ပြီးသား သင်္ဘော ၄ စီးက်ုလည်း ထွက်ခွာခွင့် ပေးဖို့ တောင်းဆိုပါတယ်။

ကျောက်မီးသွေး ပြည်ပတင်ပို့မှု ရှည်ကြာနေရင် တင်ပို့သူများ၊ တင်သွင်းသူများသာမက သင်္ဘောလိုင်းတွေပါ ထိခိုက်ပါလိမ့်မယ်။

မီးထိုးကျောက်မီးသွေး အများဆုံးတင်ပို့တဲ့ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားက ၂၀၂၀ ခုနှစ်မှာ တန်ချိန် သန်း ၄၀၀ ဝန်းကျင် တင်ပို့ခဲ့ပါတယ်။ ယခုလို ပိတ်ပင်လိုက်တာကြောင့် ဩစတေးလျနဲ့ တရုတ်တို့မှာ ‌မီးထိုးကျောက်မီးသွေး ဈေးခုန်တက်သွားတယ်။
လစဉ် ကျောက်မီးသွေး တန်ချိန် သန်း ၃၀~ ၄၀ တင်ပို့နေတာ ရုတ်တရက် ရပ်လိုက်တဲ့အတွက် ကုန်တင်သင်္ဘောတွေ ကုန်တန်ချိန် သန်း ၃၀~ ၄၀ မရနိုင်တော့ဘဲ ဆုံးရှုံးသွားပါတယ်။

အင်ဒိုနီးရှားမှ ကျောက်မီးသွေးတင်တဲ့ ဆိပ်ကမ်းများမှာ ကျောက်မီးသွေးတင်ပို့မှု ပိတ်ပင်လိုက်ချိန်မှစ၍ အဆိုပါဆိပ်ကမ်းများမှ ထွက်ခွာတဲ့ သင်္ဘောအရေအတွက် ထိုးကျသွားပါတယ်။

daily-bulker-departures-from-indonesian-coal-ports.png

 

အဆိုပါဆိပ်ကမ်းများမှ ပြည်တွင်းအခြားဆိပ်ကမ်းများသီု့ ကျောက်မီးသွေး ပို့ဆောင်ပေးတဲ့ သင်္ဘောတွေ များပြားသွားပါတယ်။

 

bulker-departures-from-indonesian-coal-ports.png

 


ပြည်ပတင်ပို့ရန် စီစဉ်ထားတဲ့ ကျောက်မီးသွေးများကို ပြည်ပဈေးကွက်များမှ ပြည်တွင်းဈေးကွက်သို့ ဦးလှည့်လိုက်တဲ့အခါ ပြည်ပဈေးကွက်များအတွက် သုံးစွဲတဲ့ သင်္ဘောတွေ ကုန်လက်မဲ့ ဖြစ်သွားပါတယ်။

အင်ဒိုနီးရှားမှ အဓိကကျတဲ့ ကျောက်မီးသွေးတွင်း လုပ်ငန်းများအနေဖြင့် ပြည်ပတင်ပို့ရန် သင်္ဘောများ စီစဉ်ထားပြီး ဖြစ်တဲ့အတွက်ကျောက်မီးသွေး မတင်နိုင်ရင် လျော်ကြေးများနဲ့ ဒဏ်ကြေးများ ပေးဆောင်ရမယ့်အရေး ပေါ်ပေါက်နေပါတယ်။

အင်ဒိုနီးရှား ကျောက်မီးသွေး တင်ပို့မှု တန်ချိန် ၅.၉ သန်းကို တင်ဖို့ ရောက်ရှိနေတဲ့ သင်္ဘော ၁၀၀ ကျော်တို့ အင်ဒိုနီးရှားရဲ့ ကျောက်မီးသွေး အဓိက တင်ပို့တဲ့ ဆိပ်ကမ်းဖြစ်တဲ့ ကာလီမန်တန်မှာစောင့်ဆိုင်းနေကြတယ်။


အင်ဒိုနီးရှားမှ အကြီးမားဆုံး ကျောက်မီးသွေးတွင်းလုပ်ငန်း Bumi Resources က သင်္ဘောတွေကို ကျောက်မီးသွေး အချိန်မီ တင်မပေးနိုင်တာအတွက် ကြန့်ကြာကြေး demurrage နဲ့ ဒဏ်ကြေးတွေ ဘယ်လောက်ထိခိုက်မလဲဆိုတာ ဆန်းစစ်နေဆဲလို့ ဆိုပါတယ်။

Read times
Rate this item
(0 votes)