Rules and Regulations

COW Service ဆောင်ရွက်မှသာ တင်သွင်းမှုလုပ်ငန်းစဉ် ပြီးစီးမည်

COW Service ဆောင်ရွက်မှသာ တင်သွင်းမှုလုပ်ငန်းစဉ် ပြီးစီးမည်


အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲမှ သွင်းကုန်ကြေညာလွှာတင်သွင်းသူများသိရှိနိုင်ပါရန် ကြေညာချက်အမှတ် ( ၁ / ၂၀၂၂ )ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်ကို ဖော်ပြအပ်သည်။

 ကုန်ပစ္စည်းတင်သွင်းသူများအနေဖြင့် After Release Order Pattern ကို အသုံး ပြု၍ ကုန်ပစ္စည်းရှင်းလင်းထုတ်ယူသွားပြီးနောက် OGA Approval လျှောက်ထားရန် ကျန်ရှိနေသောကုမ္ပဏီများသည် သက်ဆိုင်ရာဌာနများသို့ OGA Approval (IOA service) အား .. အမြန်ဆုံးလျှောက်ထားရမည်ဖြစ်ပြီး အကောက်ခွန်ဦးစီးဌာနသို့ ပြန်လည်တင်ပြ၍ သွင်းကုန်ကြေညာလွှာ၏ Suspension အခြေအနေအား COW Service ဆောင်ရွက်မှသာ တင်သွင်းမှုလုပ်ငန်းစဉ် ပြီးစီးမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲ၏ ကြေညာချက်အမှတ် (၁၃/၂၀၂၁) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ကြေညာချက်ကို အောက်တွင် ဖော်ပြပေးထားပါသည်။

260634482_1382673565462833_2824117853358979260_n.jpg


 MACCS စနစ်အတွင်း လုပ်ငန်းကြွေးကျန်များဖြစ်ပေါ်နေမှု မရှိစေရေးနှင့် ကုန် ပစ္စည်းတင်သွင်းမှုလုပ်ငန်းစဉ်အား အပြီးသတ်ဆောင်ရွက်နိုင်ရေးအတွက် www.maccs .gov.mm Website ရှိ COW Service ဆောင်ရွက်ရန်ကျန်ရှိသော ကြွေးကျန်ကြေညာလွှာ များစာရင်းတွင် ဝင်ရောက်ကြည့်ရှု၍ အဆိုပါစာရင်းတွင်ပါရှိသော ကုမ္ပဏီများသည် ခွင့်ပြုချက်ရရှိပြီးသော OGA Approval များအား ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲ၊ စည်းကြပ်အရာရှိထံသို့ ပြန်လည်တင်ပြရမည်ဖြစ်ပါသည်။

 

 

COW Service ဆောင်ရွက်ရန်ကျန်ရှိနေသော ကြွေးကျန်ကြေညာလွှာများစာရင်း

272039293_1417652361964953_5794280523573238995_n.jpg

Read times
Rate this item
(0 votes)