Rules and Regulations

Hyundai က Daewoo ကို ဝယ်ယူခြင်းအပေါ် အီးယူက သဘောမတူ

Hyundai က Daewoo ကို ဝယ်ယူခြင်းအပေါ် အီးယူက သဘောမတူ


ဉရောပသမဂ္ဂ အီးယူမှ လက်ဝါးကြီးအုပ်ခြင်း ဆန့်ကျင်ထိန်းကျောင်းတဲ့ အဖွဲ့အစည်းက တောင်ကိုရီးယားမှ သင်္ဘောကျင်း လုပ်ကိုင်တဲ့ Hyundai Heavy Industries Group က သူ့ထက် အရွယ်ငယ်တဲ့ ပြိုက်ဘက် Daewoo Shipbuilding Marine Engineering Co. ကို ဝယ်ယူရန် ကမ်းလှမ်းခြင်းအပေါ် လက်ဝါးကြီးအုပ်မယ့် အရေးကိစ္စများ ဖြစ်ပေါ်လာနိုင်တာကြောင့် ကန့်ကွက်ထားပါတယ်။

ယခုလို ဝယ်ယူပေါင်းစည်းခြင်းကြောင့် သဘာဝ ဓာတ်ငွေ့ရည် liquefied natural gas (LNG) သာ်ဆောင်တဲ့ သင်္ဘောတည်ဆောက်ရေး ဈေးကွက်ကို ကြီးစိုးလွှမ်းမိုးပြီး လက်ဝါးကြီးအုပ်ထားခြင်း ဖြစ်ပေါ်မယ့်အရေး ရှိနေတယ်လို့ အီးယူက သုံးသပ်ပါတယ်။
LNG သင်္ဘောအကြီးစားတွေ တည်ဆောက်တဲ့ ကမ္ဘာ့ဈေးကွက်မှာ ကုမ္ပဏီ ၂ ခု ပေါင်းစည်းလိုက်တဲ့အတွက် အပြိုင်အဆိုင် လျော့ကျသွားပြီး ဈေးကွက်ကို ကြီးစိုးထားနိုင်တဲ့ အနေအထားကို ရရှိသွားလိမ့်မယ်လို့ ရှုမြင်ကြောင်း အီးယူကော်မရှင်က ကြေညာချက်မှာ ပြောကြားထားပါတယ်။
သင်္ဘောတည်ဆောက်ရေး လုပ်ငန်း နှစ်ရပ်ပေါင်းအနေဖြင့် LNG သင်္ဘောတည်ဆောက်ရေး ဈေးကွက်မှာ ဈေးကွက်ဝေစု အနည်းဆုံး ၆၀% ကို ရရှိမယ်လို့ အီးယူကော်မရှင်က ဆိုပါတယ်။

Hyundai Heavy Industries Holdings Co. (HHIH) က ကော်မရှင် ချတဲ့ ကောက်ချက်က ကျိုးကြောင်းမဆီလျော်ကြောင်း၊ စိတ်ပျက်မိကြောင်း ပြောကြားပါတယ်။

HHIH မှ ထုတ်ပြန်တဲ့ ကြေညာချက်မှာ စျေးကွက်ဝေစုကို အကဲဖြတ်ဖို့ တိုင်းတာချက်တစ်ခုအဖြစ် ကော်မရှင်က အသုံးပြုထားတယ်။ ဈေးကွက်ဝေစုက သင်္ဘောတည်ဆောက်ရေး လုပ်ငန်းနယ်ပယ်မှာ ဈေးကွက်အပေါ် ဩဇာညောင်းတာကို ပြသတဲ့ ညွှန်ပြချက် မဟုတ်ဘူး၊ းကွက်ဝေစုက ဘာမှ အရေးမပါဘူးလို့ ရှင်းပြထားပါတယ်။
အီးယူအနေဖြင့် ကြီးစိုးလွှမ်းမိုးမယ့်အရေးကို LNG သင်္ဘောကဏ္ဍကိုသာ ရှုမြင်ကြောင်း HHIH က ပြောကြားပါတယ်။
HHIH အနေဖြင့် စင်ကာပူ၊ တရုတ်၊ ကာဇက်စတန်တို့နည်းတူ အီးယူထံမှ ခြွင်းချက်မရှိ ကင်းရှင်းခွင့်ပြုချက် ရရှိဖို့ မျှော်လင့်ထားပါတယ်။

စင်ကာပူမှ ပြောကြားသည်မှာ သင်္ဘောတည်ဆောက်ရေး ဈေးကွက်က တင်ဒါများ အပေါ်မှာသာ အကြီးအကျယ် မူတည်နေပြီး လေလံ‌ပြိုင်ကြရတဲ့ ဈေးကွက် ဖြစ်ပါတယ်။ လေလံပြိုင်ကြရတဲ့ ဈေးကွက်မှာ ဈေးကွက်ဝေစု ကြီးမားတာကြောင့် ဈေးကွက်အပေါ် ဩဇာမညောင်းနိုင်ကြောင်း၊ တင်ဒါရှုံးရင် ဈေးကွက်ဝေစုလည်း ဆုံးရှုံးကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

HHIH အနေဖြင့် မကွာခြားလှတဲ့ ပြိုင်ဘက်များအဖြစ် Samsung Heavy Industries Co., Hudong Zhonghua Shipbuilding Co., Mitsubishi Heavy Industries, Ltd အစရှိတဲ့ လုပ်ငန်းများ ဈေးကွက်ထဲမှာ ရှိနေကြောင်းလည်း စင်ကာပူရဲ့ ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။

တောင်ကိုရီးယားမှာ ကမ္ဘာ့အကြီးဆုံး သင်္ဘောတည်ဆောက်ရေး လုပ်ငန်း ၃ ခု ရှိပါတယ်။
Hyundai Heavy,
Samsung Heavy Industries Co. ,
Daewoo Shipbuilding
တို့ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)