Rules and Regulations

ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 စနစ်အသုံးပြုမှုသင်တန်း(၁/၂၀၂၂) အား Virtual Online စနစ်ဖြင့် ဖွင့်လှစ်မည်

ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 စနစ်အသုံးပြုမှုသင်တန်း(၁/၂၀၂၂) အား Virtual Online စနစ်ဖြင့်  ဖွင့်လှစ်မည်

ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 စနစ်အသုံးပြုမှုသင်တန်း(၁/၂၀၂၂) အား Virtual Online စနစ်ဖြင့်  ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် သင်တန်းသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်နိုင်ပါသည်။

လက်ခံမည့်  သင်တန်းသားဦးရေမှာ ၅၀၀-ဦး ဖြစ်ပါသည်။

သင်တန်းနေ့ရက်

၂၉ နှင့် ၃၀ ဇန်နဝါရီလ ၂၀၂၂

သင်တန်းအချိန်

(၁၀ : ၀၀) မှ (၁၅ : ၀၀)နာရီအထိ

သင်တန်းနေရာ

Virtual Online

ပို့ချမည့်ဘာသာရပ်များ

Tradenet2.0 Brief,

Tradenet Memberလျှောက်ထားခြင်း

ပသကနှင့်ဆက်စပ်ကတ်များ(မူဝါဒပိုင်း၊ စနစ်အသုံးပြုပုံ)

ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်များ(မူဝါဒပိုင်းစနစ်အသုံးပြုပုံ)

ကုန်သွယ်မှုဆိုင်ရာငွေပေးသွင်းမှု(e-Commerce Pay)

လျှောက်လွှာလက်ခံမည့်နေ့ရက်နှင့် သင်တန်းကြေး

(၁) သင်တန်း Formဘလက်ခံခြင်း

၂၀ မှ ၂၃ ဇန်နဝါရီလ ၂၀၂၂

(၂) သင်တန်းဝင်ခွင့်ရရှိသည့် သင်တန်းသားအားထုတ်ပြန်  အကြောင်းကြားခြင်း

၂၄ ဇန်နဝါရီလ ၂၀၂၂

(၃) သင်တန်းကြေးပေးသွင်းရမည့်ရက်

၂၅ နှင့် ၂၆ ဇန်နဝါရီလ ၂၀၂၂

(၄) သင်တန်းတက်ရောက်ရန်အကြောင်းပြန်ကြားမည့်ရက်

၂၈ ဇန်နဝါရီလ ၂၀၂၂

(၅) သင်တန်းကြေး

ကျပ် ၃၀,၀၀၀

လျှောက်ထားခြင်း/ငွေသွင်းခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်

(၁) လျှောက်လွှာနှင့်ကုမ္ပဏီထောက်ခံချက်အား This email address is being protected from spambots. You need JavaScript enabled to view it. သို့ သတ်မှတ်ရက်ထက် မကျော်လွန်ဘဲ ပေးပို့လျှောက်ထားရန်

(လျှောက်လွှာနှင့် ကုမ္ပဏီထောက်ခံချက်ပုံစံ www.myanmartradenet.com တွင် Download ရယူရန်)

(၂) (၂၅-၁-၂၀၂၂)တွင် တက်ရောက်ခွင့်ရရှိမှုအား လျှောက်လွှာပါ e-mail သို့ အကြောင်းပြန်ကြားမည်။

(၃) သင်တန်းတက်ရောက်ခွင့် e-mail ရရှိပါက KBZ Quick Pay ဖြင့်ပေးသွင်းသင်တန်းကြေးပေးသွင်းရန်။ (Quick Pay ပေးသွင်းရန် Title - Department of Trade/Tradenet Training Fees) (သင်တန်းတက် ရောက်ခွင့်ရရှိသူများသာ ငွေပေးသွင်းရန်)

(၄) သင်တန်းကြေးပေးသွင်းပြီး Screen Short အား လျှောက်လွှာပေးပို့ခဲ့သည့် e-mail ဖြင့် Reply mail ဖြင့် ပေးပို့ရမည်။

(၅) ငွေပေးသွင်းမှုစိစစ်ပြီးပါက Zoom ID နှင့် သင်ခန်းစာများအား (၂၈-၁-၂၀၂၂)ရက်နေ့တွင် e-mailသို့ ပေးပို့မည်။

စည်းကမ်းချက်များ

(၁) သတ်မှတ်ရက်ကျော်လွန်လျှောက်ထားလာသည့် လျှောက်လွှာများလက်ခံခြင်းမပြုပါ။

(၂) လျှောက်လွှာတွင်ပါရှိသော အချက်အလက်များအား ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းရမည်ဖြစ်ပြီး တက်ရောက်ခွင့်ရရှိပါက Quick Pay တွင် ပါရှိသည့် အချက်(၆)ချက်ကိုလည်း သေချာစွာဖြည့်သွင်းရမည်။

(၃) သင်တန်းသားဦးရေကျော်လွန်ပါက နောက်ဖွင့်လှစ်မည့်သင်တန်းတွင်သာတက်ရောက်ခွင့်ရရှိမည်။

(၄) သင်တန်းအားအချိန်ပြည့်ပြီးဆုံးအောင်တက်ရောက်နိုင်သူဖြစ်ရမည်။

(၅) သင်တန်းဆင်းလက်မှတ် e-Certificate အား တစ်ပတ်အတွင်း လျှောက်လွှာပါ email သို့ ပေးပို့သွားမည်ဖြစ်သည်။

အခက်အခဲရှိပါက ဆက်သွယ်ရန် ဖုန်းနံပါတ်

၀၆၇-၄၀၈၄၁၂,

၀၆၇-၄၀၈၂၄၁,

၀၆၇-၄၀၈၆၇၁,

၀၆၇-၄၀၈၄၈၅

ကုန်သွယ်ရေးဦးစီးဌာန

Read times
Rate this item
(0 votes)