Rules and Regulations

ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 စနစ်အသုံးပြုမှုသင်တန်း(၂/၂၀၂၂) အား Virtual Online စနစ်ဖြင့် ဖွင့်လှစ်မည်

ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 စနစ်အသုံးပြုမှုသင်တန်း(၂/၂၀၂၂) အား Virtual Online စနစ်ဖြင့်  ဖွင့်လှစ်မည်

ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 စနစ်အသုံးပြုသင်တန်း (၂/၂ဝ၂၂) သင်တန်းသားခေါ်ယူခြင်း


Virtual Online စနစ်အသုံးပြု၍ “ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 စနစ် အသုံးပြု သင်တန်း (၂/၂၀၂၂)” အား သင်တန်းသားဦးရေ (၅၀၀-ဦး) ဖြင့် အောက်ပါအစီအစဉ်အတိုင်း ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ပါသည် -

သင်တန်း နေ့ရက်/အချိန်/နေရာနှင့် ဘာသာရပ်များ

(၁) သင်တန်းနေ့ရက်
(၂၆-၂-၂၀၂၂မှ (၂၇-၂-၂၀၂၂)

(၂) သင်တန်းအချိန်
(၁၀ : ၀၀) မှ (၁၅ : ၃၀) နာရီအထိ

(၃) သင်တန်းနေရာ
Virtual Online

(၄) ပို့ချမည့်ဘာသာရပ်များ
“Tradenet 2.0 Brief, Tradenet Member လျှောက်ထားခြင်း
*ပသကနှင့်ဆက်စပ်ကတ်များ (မူဝါဒပိုင်း၊ စနစ်အသုံးပြုပုံ)
*ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်များ (မူဝါဒပိုင်း၊ စနစ်အသုံးပြုပုံ)
*ကုန်သွယ်မှုဆိုင်ရာငွေပေးသွင်းမှု (e-Commerce Pay)
* ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Online Co) *H.S Code ဆိုင်ရာသိကောင်းစရာများ

လျှောက်လွှာလက်ခံမည့်နေ့ရက်နှင့် သင်တန်းကြေး

(၁) အများသိရှိနိုင်ရန်ကြော်ငြာမည့်ရက်
(၉-၂-၂၀၂၂)

(၂) သင်တန်း Form လက်ခံခြင်း
(၁၄-၂-၂၀၂၂) မှ (၁၇-၂-၂၀၂၂)

(၃) သင်တန်းဝင်ခွင့်ရရှိသည့် သင်တန်းသားအားထုတ်ပြန်အကြောင်းကြားခြင်း
(၁၈-၂-၂၀၂၂)

(၄) သင်တန်းကြေးပေးသွင်းရမည့်ရက်
(၂၁-၂-၂၀၂၂) နှင့် (၂၂-၂-၂၀၂၂)

(၅) Webinar Register ပြုလုပ်ရမည့်ရက်
(၂၃-၂-၂၀၂၂) နှင့် (၂၄-၂-၂၀၂၂)

(၆) သင်တန်းကြေး
၃၀,၀၀၀ ကျပ်


လျှောက်ထားခြင်း/ငွေသွင်းခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်

၁) လျှောက်လွှာနှင့် This email address is being protected from spambots. You need JavaScript enabled to view it. သို့ သတ်မှတ်ရက်ထက်မကျော်လွန်ဘဲ ပေးပို့ လျှောက်ထားရန်။ (လျှောက်လွှာနှင့်ကုမ္ပဏီထောက်ခံချက်ပုံစံ www.myanmartradenet.com တွင် Download ရယူရန်)
(၁၈-၂-၂၀၂၂) တွင်တက်ရောက်ခွင့်ရရှိမှုအား လျှောက်လွှာပါ e-mail သို့ အကြောင်းပြန်ကြားမည်ဖြစ်ပြီး Commerce Website, Tradenet Website, Commercial New Facebook Page နှင့် Tradenet 2.0 Facebook Page တို့တွင် ကြော်ငြာပေးသွားမည်။

(၂) သင်တန်းတက်ရောက်ခွင့် e-mail ရရှိပါက KBZ Quick Pay ဖြင့် သင်တန်းကြေးပေးသွင်းရန်။ (Quick Pay ပေးသွင်းရန် Title - Department of Trade/Tradenet Training Fees) (သင်တန်းတက် ရောက်ခွင့်ရရှိသူများသာ ငွေပေးသွင်းရန်)

(၃) သင်တန်းကြေးပေးသွင်းပြီး Screen Short အား လျှောက်လွှာပေးပို့ခဲ့သည့် e-mail ဖြင့် Reply mail ပေးပို့ရမည်

(၄) ငွေပေးသွင်းမှုစိစစ်ပြီးပါက (၂၃-၂-၂၀၂၂) ရက်နေ့တွင် လျှောက်လွှာပါ e-mail သို့ Webinar Register ပြုလုပ်ရန်အတွက် Link ပေးပို့မည်ဖြစ်ပြီး (၂၅-၂-၂၀၂၂) ရက်နေ့တွင် သင်ခန်းစာများအား ပေးပို့ သွားမည်။

စည်းကမ်းချက်များ


(၁) သတ်မှတ်ရက်ကျော်လွန်လျှောက်ထားလာသည့်လျှောက်လွှာများ လက်ခံခြင်းမပြုပါ

(၂) လျှောက်လွှာတွင်ပါရှိသော အချက်များအားပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းရန်လိုအပ်ပါသည်။ လက်ရေး ဖြင့် ဖြည့်သွင်းပါက ရှင်းလင်းပီသစွာ ရေးသွင်းရမည်ဖြစ်ပြီး တက်ရောက်ခွင့်ရရှိပါက Quick Pay တွင် ပါရှိသည့်အချက်များအား သေချာစွာဖြည့်သွင်းရမည်။

(၃) လျှောက်လွှာပါ e-mail သို့ Register Link ပေးပို့မည်ဖြစ်၍ သင်တန်းသား (၁) ဦးလျှင် e-mail (၁) ခု ပေးပို့မှသာ Register Link နှင့် သင်ခန်းစာများ တစ်ဦးချင်းစီသို့ သီးခြားပေးပို့နိုင်မည်ဖြစ်သည်။

(၄) သင်တန်းသားဦးရေကျော်လွန်ပါက နောက်ဖွင့်လှစ်မည့်သင်တန်းတွင်သာတက်ရောက်ခွင့်ရရှိမည်။

(၅) သင်တန်းအား အချိန်ပြည့်ပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။

(၆) သင်တန်းဆင်းလက်မှတ် e-Certificate အား တစ်ပတ်အတွင်း လျှောက်လွှာပါ email သို့ ပေးပို့သွား မည်ဖြစ်သည်။

မှတ်ချက်။ ။ အခက်အခဲရှိပါက ၀၆၇-၄၀၈၄၁၂၀၆၇-၄၀၈၂၄၁၀၆၇-၄၀၈၆၇၁, ၀၆၇-၄၀၈၄၈၅

ကုန်သွယ်ရေးဦးစီးဌာန

Read times
Rate this item
(0 votes)