ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ် Auto Cancel (၁၀)ရက်အစား (၇)ရက်ဟု ပြောင်းလဲသတ်မှတ်
ကုန်သွယ်ရေးဦးစီးဌာနက ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ သတင်းလွှာ (၄ / ၂၀၂၂) ရက်စွဲ၊ ၂ဝ၂၂ ခုနှစ်၊ မတ်လ ၂၄ ရက် ဖြင့် ထုတ်ပြန်ကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။
Tradenet 2.0 စနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ် လျှောက်ထားမှုများနှင့် စပ်လျဉ်း၍ လိုက်နာရမည့်သတ်မှတ်ချက်များအား ပြင်ဆင်ထုတ်ပြန်ခြင်း
၁။
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် Tradenet 2.0 စနစ်တွင် လိုင်စင်နှင့်ပါမစ်များ လျှောက်ထားမှုနှင့်စပ်လျဉ်း၍ အောက်ပါလုပ်ငန်းစဉ်များအလိုက် သတ်မှတ်ထားသောကာလအတွင်း လိုက်နာဆောင်ရွက်နိုင်ရေး အသိပေးထုတ်ပြန်လိုက်သည်။
(က)
သတင်းလွှာအမှတ် (၁၆/၂၀၂၁)ဖြင့် ထုတ်ပြန်ထားသော “အသစ်လျှောက် ထားသည့်လိုင်စင်နှင့် ပါမစ်များအား ဌာနမှခွင့်ပြုကြောင်း Approved ပေးပြီးသည့်နေ့မှ (၁၀)ရက်အတွင်း လုပ်ငန်းရှင်မှ အဆိုပါ လိုင်စင်/ ပါမစ်များအတွက် သတ်မှတ်လိုင်စင်ကြေး ပေးသွင်းခြင်းမပြုပါက စနစ်မှ Auto Cancel ပြုလုပ်မည့်ကိစ္စ"တွင် ယခင်သတ်မှတ်ချက် (၁၀)ရက်အစား (၇)ရက်ဟု ပြောင်းလဲ ပြင်ဆင်သွားမည်ဖြစ်သည်။
(ခ)
လုပ်ငန်းရှင်များ၏ လိုင်စင်/ပါမစ်လျှောက်ထားမှုအပေါ် ဌာနမှစစ်ဆေးချက် အရ ပြင်ဆင်ရန်လိုအပ်ချက်ရှိခြင်း၊ စာရွက်စာတမ်းပြည့်စုံမှုမရှိခြင်းကြောင့် ပြင်ဆင်ဖြည့်စွက်ရန်လိုအပ်ချက်များကို Message ပေးပို့သည့်နေ့မှ (၇)ရက် အတွင်း လုပ်ငန်းရှင်ကပြင်ဆင်၍ ပြည့်စုံစွာပြန်လည်တင်ပြရန်နှင့် (၇)ရက် အတွင်း ပြန်လည်တင်ပြခြင်းမရှိပါက အဆိုပါလိုင်စင်/ပါမစ်များကို စနစ်မှ Auto Cancel ပြုလုပ်သွားမည်ဖြစ်သည်။
၂။
သို့ပါ၍ လုပ်ငန်းစဉ်များအလိုက် သတ်မှတ်ကာလ (၇)ရက်အတွင်း လုပ်ငန်းရှင်များမှ သတ်မှတ်လိုင်စင်ကြေးပေးသွင်းမှု သို့မဟုတ် လိုအပ်ချက်များအား ပြည့်စုံစွာ ပြင်ဆင်ဖြည့်စွက်မှုမရှိ သည့် သွင်းကုန်၊ ပို့ကုန်လိုင်စင်လျှောက်ထားမှုများအား Tradenet 2.0 စနစ်တွင် Auto Cancel ပြု လုပ်သည့်လုပ်ငန်းစဉ်ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာလိုက်သည်။
ကုန်သွယ်ရေးဦးစီးဌာန