တာယာလုပ်ငန်းက ဒေါ်လာ ၁ သန်း လျော်ကြေးရရန် Evergreen ကို တိုင်တန်း
အမေရိကန်နိုင်ငံ နယူးဂျာစီ အခြေစိုက် Foreign Tire Sales က Federal Maritime Commission (FMC) ထံမှာ တိုင်ဝမ်မှ Evergreen Group ကို ၎င်းရဲ့ ဖောက်သည်များအပေါ် အမြတ်ထုတ်ပြီး ဈေးနှုန်းများနှင့် အမြတ်များ တိုးမြှင့်ရန် စျေးကွက်ကို အသုံးချခဲ့တဲ့အတွက် တိုင်တန်းထားသည်။
ပြည်ပမှ တာယာသွင်းကုန်လုပ်ငန်း Foreign Tire Sales က ၂၀၂၁ မေလ ၁ ရက်မှ ၂၀၂၂ ဧပြီလ ၃၀ ရက်အထိ ကာလအတွင်း ကွန်တိန်နာများ ပို့ဆောင်ရန် ဝန်ဆောင်မှု ကန်ထရိုက် စာချုပ် ချုပ်ဆိုထားသည်။ ကန်ထရိုက်စာချုပ်အရ Evergreen က အနည်းဆုံးအနေဖြင့် ပေ ၄၀ ကွန်တိန်နာ လုံးရေ ၁၀၀ စာအတွက် နေရာကို မဖြစ်မနေ ပေးအပ်ရမည် ဖြစ်သည်။
Foreign Tire Sales က ပြောကြားသည်မှာ ဇန်နဝါရီလကုန်အထိ Evergreen က ၁၇ လုံးစာအတွက်သာ နေရာပေးအပ်ခဲ့သည်။ သဘောတူထားသည်၏ ၂၀% ထက်ပင်လျှင် နည်းနေသည်။
Foreign Tire Sales က ကုန်စည်များ ပို့ဆောက်နိုင်ရန် ပြီးခဲ့သည့်နှစ်တွင် လက်ငင်းဈေးကွက်ထဲတွင် အမေရိကန်ဒေါ်လာ ၁ သန်း ထပ်မံသုံးစွဲပြီး ကွန်တိန်နာများ ပို့ဆောင်ဖို့ စီစဉ်ဆောင်ရွက်ကာ ၎င်း၏ ကုန်စည်များ။ဈေးကွက်သို့ ရောက်ရှိစေခဲ့ရသည်။
Evergreen နှင့် အခြား ကွန်တိန်နာလိုင်းများသည် ၎င်းတို့၏ သင်္ဘောများအပေါ်တွင် ကွန်တိန်နာအတွက် နေရာမကျန်ဟု ထင်မြင်ရအောင် လုပ်ဆောင်ထားကြသည်ဟု Foreign Tire Sales က အခိုင်အမာ ပြောဆိုသည်။
Foreign Tire Sales က လက်ငင်းဈေးကွက်ထဲတွင် လုပ်ဆောင်ခဲ့ရသည့်အတွက် ထပ်မံကုန်ကျခဲ့ရသော အမေရိကန်ဒေါ်လာ ၁ သန်းကို လျော်ပေးရန် တောင်းဆိုထားသည်။ ထို့ပြင် နစ်နာမှုများနှင့် တရားစွဲဆိုရသည့်အတွက် ကုန်ကျစရိတ်များကိုလည်း Evergreen က ပေးလျော်ရန် တောင်းဆိုထားပါသည်။
splash247.com