Rules and Regulations

Online e-Visa လျှောက်ထားမှုများအား ပြန်လည်ခွင့်ပြုဆောင်ရွက်သွားမည်

Online e-Visa လျှောက်ထားမှုများအား ပြန်လည်ခွင့်ပြုဆောင်ရွက်သွားမည်

Online e-Visa လျှောက်ထားမှုများအား ပြန်လည်ခွင့်ပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက်ကို ဖော်ပြအပ်ပါသည်။

၁။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် Online e-Visa လျှောက်ထားရယူမှုများအား ၂၀၁၄ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့မှစတင်၍ လွှင့်တင် ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ဆိုင်ရာ ကူးစက်ရောဂါ ပြန့်ပွားမှုနှုန်းမြင့်မားလာသည့်အတွက် မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်မှုဆောင်ရွက်သည့် ကန့်သတ်ချက်များနှင့်အညီ (၂၀-၃-၂၀၂၀) ရက်နေ့ မြန်မာစံတော်ချိန် (GMT +6:30)(၂၃:၅၉) အချိန်မှစတင်၍ ယာယီရပ်ဆိုင်းထားခဲ့ပါသည်။

၂။ ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း လျှော့နည်း ကျဆင်းလာသည့်အပြင် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင် ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ရာ Online e-Visa စနစ်အား ပြန်လည် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်၍ Business Visa (လုပ်ငန်းဗီဇာ) လျှောက်ထားမှုများအား ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

၃။ Online e-Visa (Business) လျှောက်ထားရန်လိုအပ်သည့် သတ်မှတ်ချက်များအား မိမိဝန်ကြီးဌာန၏ website လိပ်စာ https://evisa.moip.gov.mm တွင် ဝင်ရောက်ကြည့်ရှု လေ့လာ၍ လျှောက်ထားနိုင်ပြီဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

Read times
Rate this item
(0 votes)