Rules and Regulations

မဟာသင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်ရှည် အကောက်ခွန်ဦးစီးဌာနနှင့် ဆိပ်ကမ်းအာဏာပိုင်တို့၏ ဝန်ဆောင်မှု အစီအစဉ်များ

မဟာသင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်ရှည် အကောက်ခွန်ဦးစီးဌာနနှင့် ဆိပ်ကမ်းအာဏာပိုင်တို့၏ ဝန်ဆောင်မှု အစီအစဉ်များ

 

မဟာသင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်ရှည် ဆိပ်ကမ်းဝန်ဆောင်မှု ပိတ်ရက်မရှိ

 


နှစ်သစ်ကူး ရုံးပိတ်ရက်ရှည်ကာလ (၉ - ၁၇ ဧပြီ)အတွင်း ရန်ကုန် ဆိပ်ကမ်းရှိ ဆိပ်ကမ်းတံတားများအားလုံးသည် ဆိပ်ကမ်းဝန်ဆောင်မှုများကို ပိတ်ရက်မရှိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေးကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။

 


နှစ်သစ်ကူး ရုံးပိတ်ရက်ရှည်ကာလ (၉ - ၁၇ ဧပြီ)အတွင်း ဆိပ်ကမ်းဝန်ဆောင်မှု ပေးသွားမည့် အစီအစဉ်များ အသိပေးကြေညာခြင်း


နှစ်သစ်ကူး ရုံးပိတ်ရက်ရှည်ကာလ (၉ - ၁၇ ဧပြီ)အတွင်း ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ ပုံမှန်အတိုင်း လည်ပတ်နိုင်စေရေးအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ရန်ကုန် ဆိပ်ကမ်းရှိ ဆိပ်ကမ်းတံတားများအားလုံးသည် ဆိပ်ကမ်းဝန်ဆောင်မှုများကို ပိတ်ရက်မရှိ ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေကြောင်းဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ် သင်္ဘောကြီးများကို ပိတ်ရက်မရှိ နေ့/ည(၂၄/၇) အန္တရာယ်ကင်းစွာဖြင့် ဝင်/ထွက်ပေးသွားမည် ဖြစ်ပါသည်။ အဆိုပါကာလအတွင်း ရေယာဉ်ကြီးများ အရေးပေါ်ဝင်/ထွက်/ရွှေ့ပြောင်းရန်လိုအပ်ပါက

ရေကြောင်းဌာနမှူးချုပ်၊
ဖုံး - ၀၉၅၀၀၁၆၂၁

မှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကိုယ်စားလှယ်လုပ်ငန်းဌာနသည်လည်း ရုံးပိတ်ရက်အတွင်း ဧပြီလ ၁၁၊ ၁၃နှင့် ၁၅ ရက်နေ့များတွင် ရုံးချိန်အတွင်း Delivery Order (DO)များကို ထုတ်ပေး သွားမည်ဖြစ်ပြီး၊ သွင်းကုန်ပစ္စည်းများ အမြန်ထုတ်ယူနိုင်ရေးနှင့် ပို့ကုန်ပစ္စည်းများ အဆင်ပြေချောမွေ့ စွာတင်ပို့နိုင်ရေးအတွက် အလေးထား ဆောင်ရွက်ပေးသွားမည်ဖြစ်၍ လိုအပ်ပါက ကိုယ်စားလှယ် လုပ်ငန်းဌာနမှ အောက်ဖော်ပြပါဖုံးနံပါတ်များသို့ အချိန်မရွေး ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးအပ်ပါသည်

ဒုတိယအထွေထွေမန်နေဂျာ
- ၀၉၅၁၁၇၁၀၂

မန်နေဂျာ၊ ဌာနခွဲ(၁)
- ၀၉၂၅၀၂၇၈၇၆၃

မန်နေဂျာ၊ ဌာနခွဲ(၂)
- ၀၉၉၇၅၂၃၂၉၉၉

မန်နေဂျာ၊ ဌာနခွဲ(၃)
- ၀၉၄၄၈၀၁၇၄၃၇

 

ကုန်သေတ္တာ တင်ပို့/ထုတ်ယူခြင်းလုပ်ငန်းများအတွက် ကုန်သေတ္တာဆိပ်ကမ်းတံတားအလိုက် အောက်ဖော်ပြပါ ဖုံးနံပါတ်များသို့ ဆက်သွယ်ဆောင်ရွက်သွားကြရန် ဖြစ်ပါသည်

အေးရှားဝေါလ်/ထီးတန်းဆိပ်ကမ်းတံတား (AWPT/HPT)
- ၀၉၂၅၄၀၂၁၆၆၀
- ၀၉၄၂၁၀၂၉၃၂၅
- ၀၉၅၄၂၀၁၁၁

မြန်မာ့စက်မှုဆိပ်ကမ်းတံတား (MIP)
၀၉၄၂၁၀၁၄၀၃၅

- မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတံတား သီလဝါ (MITT)
၀၉၉၇၇၂၄၆၈၀၈/၀၉၉၇၇၂၄၆၆၈၀

 

ဧပြီလ ၉ ၊ ၁၁ နှင့် ၁၂ ရက်နေ့တို့တွင် အချိန်ပိုခွင့်ပြုဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၏ အသိပေးကြေငြာချက်ကို ဖော်ပြအပ်ပါသည်။

အသိပေးကြေငြာချက်

၁။ အကောက်ခွန်ဦးစီးဌာနသည် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း အကောက်ခွန်လုပ်ငန်းများ လွယ်ကူလျှင်မြန်စေရေး အလေးထား ဆောင်ရွက်လျက်ရှိပါသည်။

၂။ ရေကြောင်း/လေကြောင်းမှတစ်ဆင့် တင်သွင်း/တင်ပို့မည့် ကုန်ပစ္စည်းများအား မဟာသင်္ကြန်ရုံးပိတ်ရက်ကာလဖြစ်သော (၉.၄.၂၀၂၂)၊ (၁၁.၄.၂၀၂၂) နှင့် (၁၂.၄.၂၀၂၂) ရက်နေ့တို့တွင် Overtime ခွင့်ပြုဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ ထို့အပြင် အရေးပေါ် COVID ဆေးနှင့် ကုန်ပစ္စည်းများ ထုတ်ယူနိုင်ရေးအတွက် ကြိုတင်လျှောက်ထားပါက ရုံးချုပ်တွင် အသင့်စုဖွဲ့ထားသောအဖွဲ့ဖြင့် သင်္ကြန်အကြိုနေ့ (၁၃.၄.၂၀၂၂) ရက်နေ့မှ သင်္ကြန်အကြတ်နေ့ (၁၅.၄.၂၀၂၂)ရက်နေ့အထိ ကုန်ပစ္စည်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

၃။ အချိန်ပိုလုပ်ငန်းဆောင်ရွက်လိုသည့် ကုမ္ပဏီများအနေဖြင့် ရှင်းလင်းထုတ်ယူလိုသော ကုန်ပစ္စည်းများနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနတွင် ကျသင့်ခွန်များ ပေးဆောင်ရန်အတွက် Deposit ငွေ လုံလုံလောက်လောက်ထားရှိသွားရန်နှင့် အချိန်ပိုလုပ်ငန်းဆောင်ရွက်မှုအား (၈.၄.၂၀၂၂)ရက်နေ့ (၁၄:၀၀)အချိန်ထက် နောက်မကျဘဲ ညွှန်ကြားရေးမှူး(ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲ)နှင့် ညွှန်ကြားရေးမှူး(ကာကွယ်ရေးဌာနခွဲ)တို့ထံ လျှောက်ထားရမည် ဖြစ်ပါသည်။

၄။ ကုန်ပစ္စည်းများထုတ်ယူရာတွင် အခက်အခဲများရှိပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်

(က) ညွှန်ကြားရေးမှူး(ထုတ်/သွင်း)
၀၉၅၀၇၅၆၅၈

(ခ) ညွှန်ကြားရေးမှူး(ကာကွယ်ရေး)
၀၉၅၀၆၆၅၆၉

(ဂ) ဒုတိယညွှန်ကြားရေးမှူး(ထုတ်/သွင်း)
၀၉၇၈၅၀၅၅၄၅၆

(ဃ) ဒုတိယညွှန်ကြားရေးမှူး(ကာကွယ်ရေး)
၀၉၂၅၀၀၆၃၂၀၃

(င) ဒုတိယညွှန်ကြားရေးမှူး(လေဆိပ်)
၀၉၂၀၃၁၆၇၁

အကောက်ခွန်ဦးစီးဌာန

နယ်စပ်ကုန်သွယ်ရေးနှင့် စပ်လျဉ်း၍ Deposit ငွေလုံလုံလောက် လောက် ထည့်သွင်းထားရန် အကောက်ခွန်ဦးစီးဌာနမှ အသိပေးကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။

 

အသိပေးကြေညာခြင်း

မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ကုန်သွယ်မှုနှင့်ကုန်စည် စီးဆင်းမှု လျင်မြန်ချောမွေ့စေရေးအတွက် နယ်စပ်ဒေသတင်သွင်းတင်ပို့ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဒေသ OSS စခန်းများ၊ မြို့နယ် အကောက်ခွန် ဦးစီးဌာနမှူးရုံးများအနေဖြင့် တင်သွင်းတင်ပို့ခြင်းဆိုင်ရာ အကောက်ခွန်လုပ်ငန်း စဉ်များအား ပိတ်ရက်မရှိ ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။

မဟာသင်္ကြန်ရုံး ပိတ်ရက်ကာလအတွင်း မြဝတီ(OSS) ၊ မူဆယ်(OSS) နှင့်ချင်းရွှေဟော်(OSS)စခန်း များမှ MACCS စနစ်ဖြင့် တင်သွင်းတင်ပို့ ဆောင်ရွက်မည့် ကုမ္ပဏီများအနေဖြင့် ရှင်းလင်းထုတ်ယူလိုသော ကုန်ပစ္စည်းများနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီး ဌာနတွင် ကျသင့်ခွန်များပေးဆောင်ရန်အတွက် Deposit ငွေလုံလုံလောက် လောက် ထည့်သွင်းထားရန်နှင့် ကျန် Manual စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် OSS စခန်းများအနေဖြင့် ပုံမှန် လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။


အကောက်ခွန်ဦးစီးဌာန

 

သင်္ကြန်ကာလအတွက် MACCS
Help desk section ဖုန်းနံပါတ်


၁။ အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲHelp Desk section သည် MACCS User များ၏ သိရှိလိုသည်များကို ရုံးဖွင့်ရက်များတွင် နံနက်(၀၉း၃၀)နာရီ မှ ညနေ(၁၆း၃၀)နာရီထိ Hot line no, ၀၁-၃၇၉၄၂၉ မှတဆင့် ဖြေကြားပေးလျက်ရှိပါသည်။

၂။ မဟာသင်္ကြန်ရုံးပိတ်ရက်များအတွင်း MACCS User များမေးမြန်းစုံစမ်းရန်ရှိပါက အခက်အခဲမရှိစေရေးအတွက်

Help Desk section လက်ကိုင်ဖုန်းနံပါတ် ၀၉-၇၅၇၇၅၅၂၁၁

သို့ဆက်သွယ်မေးမြန်းနိုင်ပါကြောင်းနှင့် ပုံမှန်ရုံးဖွင့်ရက်များတွင် ၀၁-၃၇၉၄၂၉ သို့ပြန်လည် ခေါ်ဆိုနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

အကောက်ခွန်ဦးစီးဌာန

Read times
Rate this item
(0 votes)