စားအုန်းဆီ ပါလာသဖြင့် ဖမ်းဆီးထားသည့်သင်္ဘော ပြန်လွှတ်ပေးရန် ပိုင်ရှင်တောင်းဆို
အင်ဒိုနီးရှား အစိုးရက ပြည်ပတင်ပို့ခွင့် ပိတ်ပင်ထားသော စားအုန်းဆီများ ထည့်ထားသည့် ကွန်တိန်နာများ သင်္ဘောပေါ် သယ်ဆောင်လာသဖြင့် အင်ဒိုနီးရှား ရေတပ် လှည့်ကင်းက ဖမ်းဆီးထားသည့် ကွန်တိန်နာသင်္ဘော MATHU BHUM ကို ပြန်လွှတ်ပေးရန် သင်္ဘောပိုင်ရှင်က တောင်းဆိုထားသည်။
ကွန်တိန်နာသင်္ဘော MATHU BHUM သည် မေလ ၄ ရက်တွင် မလေးရှားနိုင်ငံ ပေါ့ကလန်း ကွန်တိန်နာဆိပ်ကမ်းသို့ သွားရန် အင်ဒိုနီးရှားနိုင်ငံ မြောက်ဆုမတြာရှိ ဘာလာဝမ်ဆိပ်ကမ်းမှ ထွက်ခွာခဲ့ပြီး များမကြာခင်မှာ အင်ဒိုနီးရှား ရေတပ်လှည့်ကင်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ကွန်တိန်နာ သင်္ဘော MATHU BHUM ကို ဘာလာဝမ် ဆိပ်ကမ်းသို့ ပြန်လည်ခေါ်ဆောင်ထားသည်။ မေလ ၁၁ အထိ ဆိပ်ခံတွင် ရှိနေဆဲ ဖြစ်သည်။
ကွန်တိန်နာ သင်္ဘော MATHU BHUM ပေါ်တွင် စားအုန်းဆီသန့် refined, bleached and deodorized (RBD) palm oil ထည့်ထားသည့် ကွန်တိန်နာ ၃၄ လုံး တင်ဆောင်ထားသည်။
ကွန်တိန်နာ သင်္ဘော MATHU BHUM ၏ ပိုင်ရှင် ထိုင်းနိုင်ငံအခြေစိုက် ကွန်တိန်နာသင်္ဘောလိုင်း RCL က မိမိသည် ပို့ဆောင်ပေးသူ ဖြစ်သည်။ ကုန်စည်တင်ပေးသည့် freight forwarder မဟုတ်သဖြင့် ကွန်တိန်နာထဲ ဘာပါသည်ကို မသိနိုင်သဖြင့် သင်္ဘောကို အပြစ်မရှိဘဲ ဖမ်းဆီးထားရာ ရောက်နေသဖြင့် ပြန်လွှတ်ပေးရန် ကုမ္ပဏီ၏ ရှေ့နေများက တောင်းဆိုထားသည်။
ယခင်ဖော်ပြချက်
မလေးရှားသို့ သွားသည့် သင်္ဘောတွင် စားအုန်းဆီ တင်ဆောင်ထားသဖြင့် အင်ဒိုနီးရှား ရေတပ်က ဖမ်းဆီး