တရုတ်ကုန်တင်ယာဉ်များပေါ်သို့ ပြန်လည်တင်ဆောင်ရန် မလိုအပ်ဘဲ တိုက်ရိုက်ဝင်ရောက်နိုင်ပြီ ဖြစ်ကြောင်း ထုတ်ပြန်
မြန်မာ-တရုတ်နှစ်နိုင်ငံ သက်ဆိုင်ရာဌာနတို့ ညှိနှိုင်းဆွေးနွေးပြီးနောက် ပြီးခဲ့သည့်သီတင်းပတ်မှစတင်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့သည့် ကုန်တင်ယာဉ်များသည် တရုတ်ကုန်တင်ယာဉ်များပေါ်သို့ ပြန်လည်တင်ဆောင်ရန် မလိုအပ်ဘဲ မူဆယ် ကျင်စန်းကျော့နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်နိုင်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ မေ ၂၀ ရက် သောကြာနေ့တွင်ထုတ်ပြန်သည်ကို ဖော်ပြအပ်ပါသည်၊
မြန်မာ-တရုတ်နှစ်နိုင်ငံ သက်ဆိုင်ရာဌာနတို့ ညှိနှိုင်းဆွေးနွေးပြီးနောက် ပြီးခဲ့သည့်သတင်းပတ်မှစတင်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့သည့် ကုန်တင်ယာဉ်များသည် တရုတ်ကုန်တင်ယာဉ်များပေါ်သို့ ပြန်လည်တင်ဆောင်ရန် မလိုအပ်ဘဲ မူဆယ် ကျင်စန်းကျော့နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်နိုင်ပြီ ဖြစ်သည်။ သို့ဖြစ်ရာ ကုန်ပစ္စည်းများ ဆုံးရှုံးမှုကို လျော့နည်းစေပြီး သယ်ယူပို့ဆောင်ရေးစရိတ်များ များစွာ လျှော့ချနိုင်ကာ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး မြန်ဆန်နှုန်းကိုလည်း မြင့်မားလာစေပါသည်။
ကျင်စန်းကျော့နယ်စပ်ဂိတ်သည် ယခင်က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်သည် နယ်စပ်ကပ်ရောဂါပူးတွဲကာကွယ်ထိန်းချုပ်ရေးနှင့် နယ်စပ်ကုန်သွယ်မှု ပြန်လည်ဆောင်ရွက်နိုင်ရေး တို့အတွက် လုပ်ငန်းများစွာ ဆောင်ရွက်ခဲ့ပါသည်။
ဥပမာအားဖြင့် ကပ်ရောဂါကာကွယ်ရေးဂိတ်များ ရှေ့တိုးခြင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ Vaccine များ လှူဒါန်းခြင်း၊ မူဆယ်၌ ကိုဗစ်-၁၉ ကုသရေးစင်တာ ကူညီတည်ဆောက်ပေးခြင်း၊ နယ်စပ်ဂိတ်ရှိ ဂိတ်ဖြတ်သန်းရေးစက်ပစ္စည်းများ အဆင့်မြှင့်တင် ပြုပြင်တည်ဆောက်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပါသည်။ နှစ်နိုင်ငံ သက်ဆိုင်ရာဌာနများ၏ အတူတကွကြိုးပမ်းမှုဖြင့် ကျင်စန်းကျော့နယ်စပ်ဂိတ် ကုန်ပစ္စည်းပို့ဆောင်ရေးသည် တည်ငြိမ်စွာ ပြန်လည်ကောင်းမွန်လာခဲ့ပါသည်။
ယခင်အခြေအနေ ဖော်ပြချက် ဖတ်ရှုရန် အပြာရောင်စာသားကို ထိပါ
မူဆယ် ၁ဝ၅ မိုင် တရုတ်မြန်မာနယ်စပ် ကျင်စန်းကျော့ - ဝမ်တိန်ဂိတ်ပြန်ဖွင့်